Home ဆောင်းပါး သင်နဲ့သင့်အဖွဲ့အစည်းဟာ စစ်အုပ်စုကို ထွက်‌ပေါက်‌ပေးသူ မဖြစ်ပါ‌စေနဲ့

သင်နဲ့သင့်အဖွဲ့အစည်းဟာ စစ်အုပ်စုကို ထွက်‌ပေါက်‌ပေးသူ မဖြစ်ပါ‌စေနဲ့

1608

သင်နဲ့သင့်အဖွဲ့အစည်းဟာ စစ်အုပ်စုကို ထွက်‌ပေါက်‌ပေးသူ မဖြစ်ပါ‌စေနဲ့

‌မောင်‌ကျော်စွာ

(၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၈ရက်)

‌လေး‌ကေ‌ကော်‌ဒေသတဝိုက်က ထိ‌တွေ့မှုနဲ့ တိုက်ပွဲများ တဖြည်းဖြည်း ကျဲသွားလိမ့်မယ်လို့ ထင်ရပါတယ်။ တစ်ပြည်လုံးအနှံ့ ဖြစ်ပွား‌နေ‌သော တိုက်ပွဲများက‌တော့ ပို၍အရှိန်‌ကောင်း‌ကောင်းနဲ့ ဆက်လက်ဖြစ်ပွား‌နေလိမ့်အုံးမယ် လို့ တွက်ဆမိပါတယ်။

ထိ‌တွေ့မှုနဲ့ တိုက်ပွဲ‌တွေ ခပ်စိပ်စိပ်ဖြစ်လာတယ် သို့မဟုတ် ထိ‌တွေ့မှုနဲ့တိုက်ပွဲ‌တွေ ကြဲသွားတယ်၊ နည်းသွား တယ်ဆိုတာက အကြမ်းဖက် (စကစ)စစ်အုပ်စုအ‌ပေါ်မှာပဲ လုံးဝ မှီတည်‌နေပါတယ်။ အပစ်အခတ်ရပ်စဲထားတယ်ဆို ပြီး စိတ်ချထားလို့ လုံးဝ မဖြစ်ပါဘူး။ အချိန်မ‌ရွေး ထိ‌တွေ့မှုနဲ့တိုက်ပွဲ‌တွေ ဖြစ်လာနိုင်ပါတယ်။ လက်နက်ကြီးနဲ့ ရမ်း သမ်းပစ်ခတ်လာနိုင်သလို ‌လေယာဉ်၊ ရဟတ်ယာဉ်များနဲ့လည်း တိုက်ခိုက်ဗုံးကြဲလာနိုင်ပါတယ်။ အလစ်အငိုက်ယူကာ ‌ကျေးရွာ‌တွေထဲကို စစ်‌ကြောင်း‌တွေ ထိုးဝင်လာပြီး ‌နေအိမ်‌တွေကို မီးတင်ရှို့တာ‌တွေလည်း လုပ်နိုင်ပါတယ်။

စစ်အုပ်စုရှိ‌နေသမျှ၊ စစ်အာဏာရှင်စနစ် တည်ရှိ‌နေသမျှ၊ စစ်ဗြူရိုက‌ရေစီယန္တရားကြီး လည်ပတ်ခုတ်‌မောင်း‌နေ သမျှ ဘယ်လိုလက်မှတ်‌ရေးထိုးပြီးသ‌ဘောတူထားတဲ့ အပစ်အခတ်ရပ်စဲ‌ရေးမျှ စိတ်မချရပါ။ အချိန်မ‌ရွေး ပျက်ပြားသွား နိုင်ပါတယ်။ ပြည်သူတစ်ရပ်လုံးက ဆန္ဒမဲ‌ပေးခဲ့‌သော ဘယ်လို‌ရွေး‌ကောက်ပွဲရလဒ်မဆို အဓိပ္ပာယ်ကင်းမဲ့‌သော အ‌ကြောင်းပြချက်မျိုးစုံဖြင့် ဖျက်သိမ်းခြင်းခံသွားရနိုင်ပါတယ်။ ဒီ‌နေ့ နိုင်ငံ‌တော်သမ္မတဟာ မနက်ဖန်မနက်မှာ လုပ်ကြံ စွပ်စွဲချက်များနဲ့ ဖမ်းဆီးခံရ‌သော အကျဉ်းသားဖြစ်သွားနိုင်ပါတယ်။ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ စာအုပ်တစ်အုပ် လုံး သို့မဟုတ် ပုဒ်မတစ်ခုချင်း သို့မဟုတ် ပုဒ်မများကိုလည်း ထင်သလိုဖျက်သိမ်းပစ်နိုင်သလို လိုသလိုလည်း ‌ပြောင်းလဲ ပစ်နိုင်ပါတယ်။ အဲဒီလိုဖြစ်ရပ်မျိုး‌တွေကို ၁၉၆၂ခုနှစ်က‌နေ ဒီက‌နေ့အထိ ဖြတ်သန်းလာခဲ့‌သော နှစ်‌ပေါင်း ၆ဝ သမိုင်း ဖြတ်သန်းမှုလက်‌တွေ့ထဲမှာ ကြိမ်ဖန်များစွာ အထင်အရှား ‌တွေ့နိုင်၊ မြင်နိုင် သိရှိနိုင်ပါတယ်။

ထိုသို့‌သော နှစ်‌ပေါင်း ၆ဝ သမိုင်းလက်‌တွေ့က ကျ‌နော်တို့အားလုံးကို ‌လေး‌လေးနက်နက် သင်ကြားပြသ‌နေတဲ့ အချက်မှာ “စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်၊ စစ်ဗြူရိုက‌ရေစီယန္တရား တည်ရှိ‌နေသမျှကာလပတ်လုံး အပစ်အခတ်ရပ်စဲ ‌ရေး၊ ‌ရွေး‌ကောက်ပွဲရလဒ်၊ ‌ရွေး‌ကောက်ခံအစိုးရ၊ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ စသဖြင့် ဘယ်အရာမှ စိတ်ချလက်ချ တည်တံ့ ခိုင်မြဲ‌နေလိမ့်မည် မဟုတ်ပါ” ဟူ‌သောအချက်ပဲဖြစ်ပါတယ်။ ကျ‌နော်တို့ဟာ ကျ‌နော်တို့ရဲ့ ကိုယ်ပိုင်အ‌တွေ့အကြုံနဲ့ သင် ခန်းစာများကို ‌လေးစား၊ တန်ဖိုးထားဖို့ လိုအပ်ပါတယ်။

သမိုင်းဖြတ်သန်းမှု အချိုးအ‌ကွေ့တိုင်းမှာ ကျ‌နော်တို့ရရှိခဲ့‌သော ကိုယ်ပိုင်အ‌တွေ့အကြုံနဲ့သင်ခန်းစာများမှာ ပြည်သူများ၊ ‌တော်လှန်‌ရေး‌ခေါင်း‌ဆောင်များ၊ ‌တော်လှန်‌ရေးရဲ‌ဘော်များရဲ့ အသက်များ၊ ‌သွေးများ၊ ‌ချွေးများနဲ့ ရင်းနှီး‌ပေး ဆပ်ပြီး ရရှိလာခဲ့ကြတာ မဟုတ်ပါလား။

(KNU)ကရင်အမျိုးသားအစည်းအရုံးရဲ့ ကိုယ်ပိုင်အ‌တွေ့အကြုံနဲ့သင်ခန်းစာကိုပဲ ‌ဖော်ပြရမယ်ဆိုလျှင် ကရင် နှစ် ၂၇၆၁ခုနှစ်၊ ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့ အခမ်းအနားသို့‌ပေးပို့‌သော KNU-ကရင်အမျိုးသားအစည်းအရုံး၊ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုးရဲ့ သဝဏ်လွှာပါ အချက်အချို့ကို (မူရင်းအတိုင်း) ထုတ်နုတ် ကိုးကားပါရ‌စေ။

“နိုင်ငံ‌ရေးနည်းလမ်းအရ အ‌ဖြေရှာနိုင်ရန်အတွက်လည်း ‌ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံးအ‌နေဖြင့် ‌ခေတ်အဆက်ဆက် ‌တောင်းဆိုလာခဲ့ပါသည်၊ သို့ရာတွင် ‌ခေတ်အဆက်ဆက်‌သော အုပ်ချုပ်သူများအ‌နေဖြင့် နိုင်ငံ‌ရေး ဆန္ဒနှင့် ‌ကောင်းမွန်သည့် နိုင်ငံ‌ရေးအ‌တွေးအမြင်များ မရှိခဲ့ကြပါ။”

“သို့ရာတွင် စစ်တပ်မှ အသစ်တဖန်အာဏာသိမ်းယူခဲ့‌သော‌ကြောင့် ‌ကေအဲန်ယူ – ကရင်အမျိုးသားအစည်းအရုံး ၏ ကြိုးပမ်းအားထုတ်ခဲ့မှုများလည်း အလဟသ ဖြစ်‌ပေါ်ခဲ့ရပါသည်။”

“ထို့‌ကြောင့် စစ်အာဏာရှင်များမှ နိုင်ငံ‌ရေးပြဿနများကို နိုင်ငံ‌ရေးနည်းနှင့် မှန်ကန်‌သောစိတ်‌စေတနာဖြင့် ‌ဖြေရှင်းလိုစိတ်များ ကင်း‌ဝေး‌နေသမျှ ကာလပတ်လုံး နိုင်ငံ‌ရေးအရ စစ်မှန်‌သော ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေးနှင့် ပြည်တွင်းငြိမ်း ချမ်းမှုတည်‌ဆောက်‌ရေး ကြိုးပမ်းမှုများသည်လည်း မည်သို့မျှ ဖြစ်‌ပေါ်လာနိုင်မည်မဟုတ်‌ပေ။”
“နိုင်ငံအဝှမ်းရှိပြည်သူလူထုများ အထူးသဖြင့် မျိုးဆက်သစ်လူငယ်လူရွယ်များအ‌နေဖြင့်လည်း ဤကဲ့သို့‌သော ပကတိအ‌ခြေအ‌နေနှင့်အဖြစ်မှန်များကို နားလည်သ‌ဘော‌ပေါက်လာကြပြီး လက်နက်ကိုင်ခုခံတိုက်ပွဲဝင်‌နေကြသည်မှာ မျက်ဝါးထင်ထင် ‌တွေ့ရှိ‌နေရကြရပါပြီ။”

အထက်မှာ‌ဖော်ပြခဲ့တဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုးရဲ့ သဝဏ်လွှာထဲက ကိုးကားချက်‌တွေကို ဖတ် ကြည့်လိုက်ပါ။ ဒီအချက်အလက်‌တွေဟာ မိုး‌ပေါ်က သူ့အလိုလို ကျဆင်းလာ‌သော သို့တည်းမဟုတ် ‌မြေကြီးထဲက သူ့အလိုလို ထွက်‌ပေါ်လာ‌သော သို့တည်းမဟုတ် လုပ်ကြံလီဆယ်ထား‌သော အချက်အလက်များ လုံးဝမဟုတ်ဘဲ ‌ချွေး များ၊ ‌သွေးများ၊ အသက်များရင်း၍ ဖြတ်သန်းခဲ့ကြရ‌သော/ ဖြတ်သန်း‌နေဆဲဖြစ်‌သော ကရင့်လက်‌တွေ့ထဲက ရရှိလာ ‌သော အ‌တွေ့အကြုံနဲ့ သင်ခန်းစာများဖြစ်ပါတယ်။ ဒီလိုသမိုင်း လက်‌တွေ့အ‌တွေ့အကြုံနဲ့ ဖြတ်သန်းမှုများကို ‌လေးစား တန်ဖိုးထားဖို့ မုချလိုအပ်ပါတယ်။

အထူးသဖြင့် အကြမ်းဖက်သမား မင်း‌အောင်လှိုင်က ‌ဆွေး‌နွေးကြရ‌အောင် လာကြပါလို့ အူယားဖားယား ‌ခေါ် ‌နေတဲ့ အခုလိုအချိန်ကာလမျိုးမှာ မိမိကိုယ်ပိုင်သမိုင်းလက်‌တွေ့‌တွေကို ကျယ်ဝန်း‌သောနိုင်ငံ‌ရေးအ‌မြော်အမြင်၊ ‌လျော် ကန်‌သော ဆင်ခြင်တုံတရားတို့ဖြင့် အ‌လေးအနက် ချိန်ဆပြီး စဉ်းစားကြဖို့ ပိုပြီး လိုအပ်ပါတယ်။

၁၉၄၈ခုနှစ်ကပဲစ‌ပြော‌ပြော၊ ၁၉၆၂ခုနှစ်ကပဲစပြီး ‌ရေတွက်‌ရေတွက် ကရင်လက်‌တွေ့၊ မွန်လက်‌တွေ့၊ ရှမ်း လက်‌တွေ့၊ ကချင်လက်‌တွေ့၊ ကယား(ကရင်နီ)လက်‌တွေ့၊ ရခိုင်လက်‌တွေ့ စသဖြင့် ဘယ်လူမျိုးရဲ့လက်‌တွေ့ပဲဖြစ်ဖြစ် အဖိနှိပ်ခံလူမျိုး‌ပေါင်းစုံ ပြည်သူများအ‌ပေါ် အုပ်စိုးသူအဆက်ဆက်ရဲ့ အကြမ်းဖက် ဖိနှိပ်မှုနဲ့ လိမ်ညာလှည့်ဖြားမှု‌တွေ ဟာ ဆတူပဲဖြစ်ပါတယ်။

အဲဒီလို ပကတိသမိုင်း လက်‌တွေ့ဖြစ်ရပ်မှန်‌တွေကို အစွဲအလန်းတစ်ခုခုက ဖုံးကွယ်‌နေလို့ “ဖိနှိပ်မှု မတူဘူး၊ ငါတို့လူမျိုးကို ပိုပြီး အ‌ရေး‌ပေးတယ်၊ အ‌လေးထားတယ်၊ ‌မြှောက်စားတယ်”လို့ ထင်လာမြင်‌နေတယ်ဆိုရင်‌တော့ သက် ဆိုင်ရာ လူမျိုးထဲမှာ ရန်သူရဲ့ ရန်တိုက်‌သွေးခွဲလှည့်စားမှုဟာ ကြီးကြီးမားမား အမြစ်တွယ်လှိုက်စား‌နေလို့ပဲ ဖြစ်ပါလိမ့် မယ်။

အကြမ်းဖက် (စကစ) စစ်အုပ်စု ရန်သူဟာ (KNU)ရဲ့ တပ်မဟာ ၇ခုအနက် “တပ်မဟာ ၅”ကို ပိုပြီး ဖိတိုက်‌နေ တာ ‌တွေ့ရတယ်။ တပ်မဟာတစ်ခုချင်းအလိုက် ဖြစ်ပွားခဲ့‌သော ထိ‌တွေ့/ တိုက်ခိုက်မှုများနဲ့ ပတ်သက်ပြီး ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၇ရက်‌နေ့က ထုတ်ပြန်‌သော (KNU) ရဲ့ “တိုက်ပွဲနှစ်ချုပ်အစီရင်ခံစာ” ထဲမှာ အခုလို ‌ဖော်ပြထားပါတယ်။

တပ်မဟာ ၆ခု၌ ဖြစ်‌ပေါ်ခဲ့‌သော ထိ‌တွေ့/တိုက်ပွဲများ
တပ်မဟာ-၁ (ဒူးသထူခရိုင်) ထိန်းချုပ်နယ်‌မြေတွင် (၂၄၉)ကြိမ်၊
တပ်မဟာ-၂ ( ‌တောင်ငူခရိုင်) ထိန်းချုပ်နယ်‌မြေတွင် (၅၀)ကြိမ်၊
တပ်မဟာ-၃ (‌ညောင်‌လေးပင်ခရိုင်) ထိန်းချုပ်နယ်‌မြေတွင် (၁၀၀)ကြိမ်၊
တပ်မဟာ-၄ (ဘိတ်ထားဝယ်ခရိုင်) ထိန်းချုပ်နယ်‌မြေတွင် (၉)ကြိမ်၊
တပ်မဟာ-၅ (မူ‌တြော်ခရိုင်) ထိန်းချုပ်နယ်‌မြေတွင် (၂,၆၉၆)ကြိမ်
တပ်မဟာ -၆ (ဒူးပလာယာခရိုင်) ထိန်းချုပ်နယ်‌မြေတွင် (၅၂)ကြိမ်

ဒီအချက်အလက်‌တွေက‌နေ မြင်နိုင်တာက‌တော့ (KNU)က ထိန်းချုပ်ထားတဲ့ ဘယ်‌ဒေသ ဘယ်တပ်မဟာမှာမ ဆို ‌အေး‌အေးချမ်းချမ်းမရှိဘူး ထိ‌တွေ့/တိုက်ပွဲ‌တွေ ဖြစ်‌နေတယ်ဆိုတဲ့အချက်ပဲ ဖြစ်ပါတယ်။ ထိ‌တွေ့/တိုက်ပွဲအကြိမ် အ‌ရေအတွက် နည်းတာနဲ့များတာပဲ ကွဲပြားပါတယ်။ ကျန်တဲ့ နိုင်ငံနဲ့အဝန်း‌ဒေသ‌တွေမှာ တိုက်ပွဲ‌တွေက ‌နေ့စဉ်နဲ့အမျှ တခြိမ့်ခြိမ့်ဖြစ်‌နေတာ မဟုတ်ပါလား။ အကြမ်းဖက် (စကစ)ခါးပိုက်‌ဆောင်တပ်‌တွေက ‌နေအိမ်‌တွေ၊ ‌ကျေးရွာ‌တွေကို မီးတင်ရှို့၊ လက်နက်ကြီးနဲ့ပစ်၊ ‌လေယာဉ်/ရဟတ်ယာဉ်‌တွေနဲ့ ဗုံးကြဲ‌နေတာပဲ မဟုတ်ပါလား။

အကြမ်းဖက်(စကစ)စစ်အုပ်စုဟာ တစ်ဖက်မှာ ဒီလို ဖိပြီးတိုက်ခိုက်‌နေသလို အခြားတစ်ဖက်မှာလည်း ‌ဆွေး ‌နွေးပွဲ ‌ခေါ်‌နေပါတယ်။

(NCA)စာချုပ် လက်မှတ်‌ရေးထိုးထားတဲ့ အဖွဲ့အစည်း ၁ဝဖွဲ့နဲ့ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် ဦး‌ဆောင်အဖွဲ့(PPST)က ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ ၅ရက်နဲ့ ၆ရက်မှာ ‌တွေ့ဆုံကြပြီး (၆-၁-၂၀၂၂) ရက်စွဲနဲ့ အချက် ၅ချက် ပါ‌သော ဘုံသ‌ဘောထားရပ်တည်ချက်များကို ထုတ်ပြန်လာပါတယ်။ ဇန်နဝါရီလ ၅/၆ရက်မှာ ကျင်းပခဲ့တဲ့ (PPST) အစည်းအ‌ဝေးမှာ (KNU)ကိုယ်စားလှယ်အဖွဲ့ ပါဝင်တက်‌ရောက်ခြင်းမရှိဘူးလို့ (KIC)သတင်းတစ်ပုဒ်မှာ ဖတ်ရပါတယ်။

အုပ်စိုးသူ ရန်သူဟာ ဘယ်အချိန်မှာ ဘာလိုလုပ်တတ်သလဲဆိုတာကို အင်အားစုအားလုံးအ‌နေနဲ့ သမိုင်းဖြတ် သန်းမှုကိုယ်စီ လက်‌တွေ့ထဲမှာ အကြိမ်ကြိမ်အခါခါ မြည်းစမ်းကြည့်ခဲ့ကြဖူးပြီးသား ဖြစ်ပါတယ်။ အကြမ်းဖက် ထိုးစစ် ဆင်မှုကို‌ရော ‌ချော့မြှူ‌သွေးခွဲသပ်လျှိုမှုကို‌ရော အကြိမ်ကြိမ် ကြုံဖူးကြပြီးသား ဖြစ်ပါတယ်။

မင်း‌အောင်လှိုင် – စိုးဝင်း အကြမ်းဖက် (စကစ) စစ်အုပ်စုဟာ ဘယ်‌ခေတ်ကာလနဲ့မှ မတူတဲ့ ပြည်တွင်းပြည်ပ အကျပ်တည်းမျိုးစုံ ပတ်လည်ဝိုင်း‌နေတာပါ။ ဒါ‌ကြောင့် မင်း‌အောင်လှိုင်က “ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးရ‌အောင် – ‌ရွေး ‌ကောက်ပွဲအသစ်ပြန်လုပ်ပြီး အနိုင်ရပါတီကို အာဏာလွှဲ‌ပြောင်း‌ပေးမယ်”လို့ မြှူဆွယ်‌နေတာပါ။ ထွက်‌ပေါက်ရှာ‌နေ တာပါ။

ဒါ‌ကြောင့် မည်သူမဆို၊ မည်သည့်အဖွဲ့အစည်းမဆို မိမိရဲ့သ‌ဘောထားရပ်တည်ချက်နဲ့ လက်‌တွေ့လုပ်‌ဆောင် ချက်‌တွေဟာ တစ်နည်းနည်းနဲ့ စစ်အုပ်စု၊ စစ်အာဏာရှင်စနစ်၊ စစ်ဗြူရိုက‌ရေစီယန္တရား သက်ဆိုးရှည်‌စေဖို့အတွက် အသက်ရှူ‌ပေါက်‌ပေးတဲ့ – ထွက်‌ပေါက်‌ပေးတဲ့ – အကူအညီ‌ပေးတဲ့ သမိုင်းတရားခံမဖြစ်‌စေဖို့ ‌လေး‌လေးနက်နက် သတိ ‌ပေးလိုက်ပါရ‌စေ။