Home သတင်း ‌ကေအဲန်ယူနယ်‌မြေတွင် တိုက်ပွဲဖြစ်ပွား‌နေဆဲဖြစ်၍ စစ်‌ရှောင်ပြည်သူများ ‌နေရပ်ပြန်ရန်ခက်ခဲ‌နေဆဲ

‌ကေအဲန်ယူနယ်‌မြေတွင် တိုက်ပွဲဖြစ်ပွား‌နေဆဲဖြစ်၍ စစ်‌ရှောင်ပြည်သူများ ‌နေရပ်ပြန်ရန်ခက်ခဲ‌နေဆဲ

1024

ဇန်နဝါရီ ၂၆ရက်၊ ၂၀၂၂ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်နယ်‌မြေထဲတွင် တိုက်ပွဲများ ဆက်လက် ဖြစ်ပွား‌နေဆဲဖြစ်၍ ‌သောင်း နှင့်ချီ၍ ထွက်‌ပြေးတိမ်း‌ရှောင်‌နေရ‌သော စစ်‌ရှောင်ပြည်သူများမှာ ‌နေရပ်ပြန်‌နေထိုင်ရန် ခက်ခဲ‌နေဆဲဖြစ်သည်ဟု ယ‌နေ့ ဇန်နဝါရီလ ၂၆ရက်‌နေ့တွင် ထုတ်ပြန်သည့် ‌ကေအဲန်ယူ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

စစ်အာဏာသိမ်းပြီး‌နောက်ပိုင်း ‌ကေအဲန်ယူ အုပ်ချုပ်သည့်နယ်‌မြေများတွင် အာဏာသိမ်းစစ်‌ကောင်စီတပ်နှင့် နယ်ခြား ‌စောင့်တပ်(BGF) ပူး‌ပေါင်းတပ်တို့က စစ်‌ရေးလှုပ်ရှားမှု အဆက်မပြတ် ပြုလုပ်မှု‌ကြောင့် နယ်‌မြေခံ ကရင်အမျိုးသား လွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA)၊ ကရင်အမျိုးသားကာကွယ်‌ရေးတပ်မ‌တော် KNDO တို့နှင့် ထိ‌တွေ့ပစ်ခတ်မှု ‌နေ့စဉ်ဖြစ်ပွားသည့်အတွက် ‌နေရပ်စွန့်ခွာထွက်‌ပြေးတိမ်း‌ရှောင်‌နေကြရ‌သော ပြည်သူများမှာ ယခုအချိန်ထိ ‌နေရပ်ပြန်၍ မရ‌သေး‌ကြောင်း ‌ကေအဲန်ယူ၏ ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

‌နေ့စဉ် ထိ‌တွေ့တိုက်ပွဲများ‌ကြောင့် KNU ၏ ဒူးသထူ(သထုံ)ခရိုင် (တပ်မဟာ-၁)၊ ‌ညောင်‌လေးပင်ခရိုင် (တပ်မဟာ-၃)၊ ဘိတ်-ထားဝယ်ခရိုင်(တပ်မဟာ-၄)၊ မူ‌တြော်ခရိုင်(တပ်မဟာ-၅)နှင့် ဒူးပလာယာခရိုင်(တပ်မဟာ-၆) နယ်‌မြေထဲရှိ အိုးအိမ်စွန့်ခွာ ထွက်‌ပြေးတိမ်း‌ရှောင်ကြ‌သော စစ်‌ရှောင်‌ဒေသခံပြည်သူများမှာ ‌နေရပ်ပြန်နိုင် ‌ရေး ခက်ခဲသည့်အပြင် ‌နေထိုင်စား‌သောက်‌ရေး အခက်အခဲအမျိုးမျိုးနှင့် ရင်ဆိုင်‌နေရသည်ဟုလည်း စစ်‌ရှောင်ကူညီသူများက ‌ပြောသည်။

စစ်‌ရှောင်ပြည်သူများကို အကူအညီ‌ပေးသည့် ကရင်အမျိုးသမီးအစည်းအရုံး-KWO မှ အ‌ထွေ‌ထွေ အတွင်း‌ရေးမှူး ‌နော်က‌ညော‌ဖောက “စစ်‌ရှောင်အ‌ခြေအ‌နေက ဆိုးတယ်လို့ ‌ပြောလို့ရတယ်။ အဓိက‌တော့ ဒူးပလာယာခရိုင်က စစ်‌ရှောင်‌တွေ‌ပေါ့။ လက်နက်ကြီး‌တွေ‌ကြောင့် ‌သေဆုံးမှု၊ ထိခိုက်မှုရှိတယ်။ ပြီး‌တော့ တချို့က အခုမှ တိမ်း‌ရှောင်‌နေရ ‌တော့ အသစ်ဖြစ်‌တော့ အခက်အခဲပိုရှိတယ်။ မူ‌တြော်ဘက်ကလည်း အခက်အခဲရှိတယ်။ သူတို့က တိမ်း‌ရှောင်‌နေရတာ လ‌ပေါင်းကြာပြီဆို‌တော့ လက်နက်ကြီးကျရင်လည်း ‌တော‌တောင်ထဲမှာ လိုက်‌ရှောင်တယ် အဲလိုမျိုး‌ပေါ့။ ‌နေထိုင်‌ရေး၊ စား‌ရေး‌သောက်‌ရေး‌တော့ အခက်အခဲရှိတာ‌ပေါ့‌နော်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အာဏာသိမ်းယူပြီး‌နောက်ပိုင်းမှစတင်၍ ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေများတွင် စစ်‌ကောင်စီတပ်မှ ‌လေ‌ကြောင်း တိုက် ခိုက်မှုနှင့် ‌မြေပြင်တိုက်ခိုက်မှုများ‌ကြောင့် ယခင်နှစ် ၂၀၂၁ခုနှစ်၊ ဧပြီလမှ ယခုနှစ်ဇန်နဝါရီလအထိ စစ်‌ဘေး‌ရှောင်‌နေရသည့် စစ်‌ရှောင်ပြည်သူဦး‌ရေ တစ်သိန်း‌ကျော်ရှိသည်ဟု မြန်မာပြည်အ‌ရှေ့‌တောင်ပိုင်း တွင် လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများကို မှတ်တမ်းတင်ပြုစု‌နေသည့် ကရင်လူ့အခွင့်အ‌ရေးအဖွဲ့(KHRG)က ‌ကေအိုင်စီသို့ ‌ပြောဆိုထားသည်။

ထိုသို့ တိမ်း‌ရှောင်‌နေရသည့်စစ်‌ရှောင်ပြည်သူများထဲတွင် သက်ကြီးရွယ်အိုနှင့် က‌လေးငယ် အ‌မြောက်အများ ပါဝင် သည့်အတွက် အခက်အခဲအကြပ်အတည်းများ ပိုမိုကြုံ‌တွေ့ရသလို ‌ကျောင်းတက်‌နေသည့် လူငယ်လူရွယ်များ လည်း ‌ကျောင်းမတက်ရ‌တော့ဘဲ ထွက်‌ပြေးတိမ်း‌ရှောင်‌နေရသည်ဟု သိရသည်။

မြန်မာနိုင်ငံအ‌နောက်‌မြောက်ပိုင်းနှင့် အ‌ရှေ့‌တောင်ပိုင်း‌ဒေသဘက်တွင် စစ်‌ကောင်စီတပ်နှင့် တိုင်းရင်းသား လက်နက် ကိုင်တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့များကြား ဖြစ်ပွားသည့် တိုက်ပွဲ‌တွေ‌ကြောင့် အိုးအိမ်စွန့်ခွာ ထွက်‌ပြေးရသူ ‌ပေါင်း ၃၈၅,၀၀၀‌ကျော်အထိရှိလာသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်း‌ရေးရုံး (UNOCHA)က ယ‌နေ့ ဇန်နဝါရီလ ၂၆ ရက် ‌နေ့စွဲဖြင့် ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၁၇ရက်‌နေ့တွင်ရရှိသည့် ကိန်းဂဏန်းများအရ စစ်ကိုင်းတိုင်းတွင် ၁၁၃,၉၀ဝဦး၊ ချင်းပြည်နယ်တွင် ၃၃,၈၀ဝ ဦး၊ မ‌ကွေးတိုင်းတွင် ၂၀,၁၀ဝ ဦး အပါအဝင် လူဦး‌ရေ ၁၆၇,၈၀ဝ သည် မြန်မာနိုင်ငံ အ‌နောက်‌မြောက်ပိုင်းတွင် အိုးအိမ် စွန့်ခွာထွက်‌ပြေးခဲ့ကြရ သည်ဟု UNOCHA ၏ ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

ထိုအပြင် ကရင်နီ(ကယား)ပြည်နယ်တွင် ၉၁,၄၀ဝဦး၊ ကရင်ပြည်နယ်တွင် ၇၄,၆၀ဝဦး၊ ရှမ်းပြည် နယ် ‌တောင်ပိုင်းတွင် ၄၂,၆၀ဝ ဦး၊ မွန်ပြည်နယ်တွင် ၇,၁၀ဝ ဦး၊ တနသင်္ာရီတိုင်း‌ဒေသကြီးတွင် ၁,၆၀ဝဦး နှင့် ပဲခူးတိုင်း‌ဒေသကြီးတွင် ၆၀ဝ ဦးအပါအဝင် လူဦး‌ရေ ၂၁၇,၉၀ဝ ဦးသည် မြန်မာနိုင်ငံအ‌ရှေ့‌တောင်ပိုင်း တွင် တိုက်ပွဲ‌‌ရှောင်ကာ ထွက်‌ပြေးခဲ့ကြရသည်ဟု UNOCHA ထုတ်ပြန်ချက်တွင် ‌ဖော်ပြပါရှိသည်။