Home သတင်း စစ်‌ကောင်စီ တပ်သားတစ်ဦး လက်နက်အပြည့်အစုံနှင့် ‌ကေအဲန်ယူထံ ထပ်မံအလင်းဝင်

စစ်‌ကောင်စီ တပ်သားတစ်ဦး လက်နက်အပြည့်အစုံနှင့် ‌ကေအဲန်ယူထံ ထပ်မံအလင်းဝင်

1213
Photo: KNU Mutraw News

ဇန်နဝါရီ ၂၈ ရက်၊ ၂၀၂၂ ခုနှစ်။ ‌ကေအိုင်စီ

ဖာပွန်မြို့ရှိ အာဏာသိမ်းစစ်‌ကောင်စီတပ် ‌ခြေမြန်တပ်ရင်း -ခမရ ၆၄၂ မှ တပ်သား တစ်ဦးသည် ဇန်နဝါ ရီလ ၂၆ ရက်‌နေ့က ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူ‌တြော်ခရိုင်( တပ်မဟာ ၅) ထံသို့ လက်နက်အပြည့်အစုံနှင့်အတူ လာ‌ရောက်အလင်းဝင်ခဲ့သည်ဟု KNU မူ‌တြော်ခရိုင် သတင်းစဉ်တွင် ယမန်‌နေ့က သတင်းထုတ်ပြန်ခဲ့သည်။

‌တောင်ငူအ‌ခြေစိုက် ခမရ ၆၄၂ တပ်ရင်းမှ တပ်သား‌မောင်မျိုးလွင်ဦး ၂၃ နှစ်၊ ကိုယ်ပိုင်နံပါတ် တ-၅၄၈၁၂၈ သည် အထက်အရာရှိများ၏ လုပ်ရပ်များအား မကြိုက်နှစ်သက်‌တော့သည့်အတွက် ယခုလို ထွက်‌ပြေးလာခြင်းဖြစ်သည်ဟု မူ‌တြော်ခရိုင်သတင်းစဉ်၏ ထုတ်ပြန်ထားသည့် ရုပ်သံမှတ်တမ်းတွင် သူက ‌ပြောဆိုထားသည်။

တပ်သား ‌မောင်မျိုးလွင်ဦးက “ ထွက်‌ပြေးလာခြင်းအ‌ကြောင်းအရင်းက ‌အောက်လက်ငယ် သား‌တွေအ‌ပေါ် မညှာမတာခိုင်းတယ်။ ပြီးလို့ရှိရင် အစာ‌ရေစာလည်း မဝတဝပဲ ‌ကျွေးတယ်။ ‌ရေဆိုရင်လည်း စ‌ကေးနဲ့ပဲ‌ကျွေးတယ်။ စားဆီ‌တောင်မပါဘူးဗျ။ သူတို့ခိုင်းတာ အဆင်မ‌ပြေလို့ရှိရင် ပါးရိုက်နားရိုက်တယ်။ အခန့်မသင့်ရင် ‌ဆောင့်ကန်တယ်။ ပြီးလို့ရှိရင် လက်သီး‌တွေနဲ့ထိုးတယ်။ ပါး‌တွေ၊ နား‌တွေ ရိုက်တယ်။ ပြီးလို့ရှိရင် သူတို့အချင်းချင်းအဆင်မ‌ပြေလို့ရှိရင် ‌အောက်လက်ငယ်သားအ‌ပေါ် ဆဲ၊ ဆိုတယ်။”ဟု ‌ပြောသည်။

ထို့အပြင် ‌အောက်လက်ငယ်များက အစာ‌ရေစာ ဝဝလင်လင် မ‌ကျွေး‌သော်လည်း အထက်အရာရှိများက ဝဝလင်လင်စား‌သောက်ကြသည်ဟုလည်း တပ်သား‌မောင်မျိုးလွင်က ဆက်‌ပြောသည်။

စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁ ရက်‌နေ့မှစ၍ စစ်‌ကောင်စီတပ်များသည် KNU တပ်မဟာ ၅ ထံသို့ လာ‌ရောက်ပူး‌ပေါင်းမှု ပိုမိုလုပ်‌ဆောင်လာသလို ၂၀၂၁ ခုနှစ်အ‌စောပိုင်းမှ ယခုနှစ် ဇန်နဝါရီလ ၂၆ ရက်‌နေ့အထိ လာ‌ရောက်ပူး‌ပေါင်းသည့် စစ်‌ကောင်စီတပ်သား ၆ဝ ဦးခန့်ရှိပြီဟု KNU တပ်မဟာ ၅ ၏ ထုတ်ပြန်ထား‌သော မှတ်တမ်းအရ သိရသည်။