Home သတင်း စစ်‌ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းအပြည့်အစုံနှင့်အတူ KNU ထံ ထပ်မံပူး‌ပေါင်း

စစ်‌ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး လက်နက်ခဲယမ်းအပြည့်အစုံနှင့်အတူ KNU ထံ ထပ်မံပူး‌ပေါင်း

761
Photo: KNU Mutraw News

ဇန်နဝါရီ ၇ ရက်၊ ၂၀၂၂ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ -ကရင်အမျိုးသားအစည်းအရုံး မူ‌တြော်ခရိုင်တွင် ယမန်‌နေ့ ဇန်နဝါရီလ ၆ရက်‌နေ့က စစ်‌ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး KNU တပ်မဟာ ၅ ထံသို့ လက်နက်ခဲယမ်းအပြည့်အစုံနှင့်အတူ လာ‌ရောက်ပူး‌ပေါင်းခဲ့သည်ဟု KNU မူ‌တြော်ခရိုင် သတင်းစဉ်က သတင်းထုတ်ပြန်ထားသည်။

လူ‌သောမြို့နယ် ၊ ‌စောမူပ‌လောအ‌ခြေစိုက် စစ်‌ကောင်စီတပ် ‌ခြေမြန်တပ်ရင်း ခမရ -၄၃၉ မှ ‌အောင်မင်းခိုင် ၂၉ နှစ်၊ မင်းသိန်းသန်း ၂၂ နှစ်နှင့် သန်း‌ထွေး ၂၁ နှစ်တို့သည် နယ်‌မြေခံ KNU တပ်မဟာ ၅ နှင့်ချိတ်ဆက်ကာ လာ‌ရောက်ပူး‌ပေါင်းခဲ့ခြင်းဖြစ်သည်ဟု KNU မူ‌တြော်ခရိုင် သတင်းစဉ်က ထုတ်ပြန်ထားချက်အရ သိရသည်။

“သူတို့စခန်းထဲမှာ စားနပ်ရိက္ခာ‌တွေလည်း လုံ‌လောက်မှု‌တွေ မရှိ‌တော့တဲ့အ‌ပေါ် ရိက္ခာပို့ဖို့လည်း မလွယ်ကူတဲ့အ‌နေအထားမှာ စခန်းထဲက ‌ခေါင်း‌ဆောင်‌တွေလည်း သူတို့ကို ဖိနှိပ်အနိုင်ကျင့်မှု ‌တွေလုပ်တာကို မခံမရပ်နိုင်တဲ့အဆုံး လက်နက်‌တွေနဲ့ အတူ လာပြီးပူး‌ပေါင်း တာဖြစ်ပါတယ်။ “ဟု KNLA တပ်မဟာ ၅ မှ တာဝန်ရှိသူက မူ‌တြော်သတင်းစဉ်ကို ‌ပြောဆိုထားသည်။

Photo: KNU Mutraw News

မူ‌တြော်ခရိုင်သတင်းစဉ်ထုတ်ပြန်ထားသည့် ရုပ်သံမှတ်တမ်းအရ အဆိုပါ စစ်‌ကောင်စီတပ်သား ၃ ဦးနှင့်အတူ ‌သေနတ် ၃ လက်၊ ကျည်အိမ် ၁၂ ခု၊ မိုဘိုင်းဖုန်း ၂ လုံး၊ လက်ပစ်ဗုံးတစ်လုံး၊ ကျည်ဆံအများအပြားနှင့် အခြားဆက်စပ်ပစ္စည်းများကို ခင်းကျင်းပြသထားသည်ကို ‌တွေ့ရှိရသည်။

ဆက်လက်၍ ၎င်း KNU တပ်မဟာ ၅ တာဝန်ရှိသူက ” သူတို့ရဲ့ အဓိက ရည်ရွယ်ချက်က‌တော့ မိသားစု‌တွေနဲ့ ပြန်လည်‌တွေ့ဆုံနိုင်ဖို့အတွက်ဖြစ်ပါတယ်။ ကျ‌နော်တို့ KNLA ဘက်ကလည်း အတတ်နိုင်ဆုံးကူညီ‌ပေးမယ်။ သူတို့ကို ‌ကောင်း‌ကောင်းမွန်မွန် ကြည့်ရှု‌စောင့်‌ရှောက်ထားတယ်‌ပေါ့‌နော်။ “ဟု မူ‌တြော်ခရိုင်သတင်းစဉ်တွင် ‌ပြောဆိုထားသည်။

KNU ထံ လာ‌ရောက်ပူး‌ပေါင်းသည့် စစ်‌ကောင်စီတပ်သား ၃ ဦးအနက် တစ်ဦးက ယခုလို ‌ကောင်းမွန်စွာထားပြီး ‌ကောင်း‌ကောင်းမွန်မွန် ဆက်ဆံသည့်အတွက် KNU ကို ‌ကျေးဇူးတင်‌ကြောင်း ရုပ်သံမှတ်တမ်းတွင် ‌ပြောဆိုထားသည်။

စစ်တပ်အာဏာသိမ်းသည့် ၂၀၂၁ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁ရက်‌နေ့မှ စ၍ စစ်‌ကောင်စီတပ်များသည် KNU တပ်မဟာ ၅ ထံသို့ လာ‌ရောက်ပူး‌ပေါင်းမှု ပိုမိုလုပ်‌ဆောင်လာသလို ၂၀၂၁ ခုနှစ်အ‌စောပိုင်းမှ ယခုနှစ် ဇန်နဝါရီလ ၆ ရက်‌နေ့အထိ လာ‌ရောက်ပူး‌ပေါင်းသည့် စစ်‌ကောင်စီတပ်သား ၅ဝ ဦးရှိပြီး အများစုမှာ စစ်ဆင်‌ရေးကွပ်ကဲမှုဌာနချုပ် -စကခ (၈) လက်‌အောက်ခံတပ်ရင်းမှ တပ်သားများဖြစ်ကြသည်ဟု KNU တပ်မဟာ ၅ ၏ ထုတ်ပြန်ထား‌သော မှတ်တမ်းအရ သိရသည်။