Home သတင်း ‌လေး‌ကေ‌ကော် မြို့သစ်အိမ်ယာများအား စစ်‌ကြောင်း ၄ ‌နေရာဖြန့်ကာ ရှာ‌ဖွေ စစ်‌ဆေး ဖမ်းဆီးမှုများ လုပ်‌ဆောင်‌နေ

‌လေး‌ကေ‌ကော် မြို့သစ်အိမ်ယာများအား စစ်‌ကြောင်း ၄ ‌နေရာဖြန့်ကာ ရှာ‌ဖွေ စစ်‌ဆေး ဖမ်းဆီးမှုများ လုပ်‌ဆောင်‌နေ

1905

ဒီဇင်ဘာ ၁၄ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၆ ထိန်းချုပ်နယ်‌မြေ ဖြစ်‌သော ငြိမ်းချမ်း‌ရေး ‌ကျေးရွာသစ်‌လေး‌ကေ‌ကော် ဧရိယာအတွင်းသို့ ဒီဇင်ဘာ ၁၄ရက် နံနက်ပိုင်း ၈ နာရီခန့်မှ စတင်၍ စစ်‌ကောင်စီ လက်‌အောက်ခံတပ်များက စစ်‌ကြောင်း ၄ ‌ကြောင်းဖြင့် ဝင်‌ရောက်စစ်‌ဆေးမှုများလုပ်‌ဆောင်‌နေသည်ဟု သိရသည်။

စစ်‌ကောင်စီတပ် အမှတ် ၅၆ဝ ‌ခြေမြန်တပ်ရင်းမှ စစ်‌ကြောင်း ၄ ‌ကြောင်း အင်အား၂၀ဝ ခန်ဖြင့် ဖြန့်ကြက်စစ်‌ကြောင်း တိုက်ကင်း ပုံစံ ဖြင့် ရပ်ကွက်‌နေအိမ်များအတွင်း PDF များ၊ နိုင်ငံ‌ရေးတက်ကြွလှုပ်ရှားသူများ အား ရှာ‌ဖွေ ဖမ်းဆီးရန် ‌လေး‌ကေ‌ကော် ရပ်ကွက်များအတွင်း ပိတ်ဆို့ စစ်‌ဆေးဝင်‌ရောက် ရှာ‌ဖွေ မှုများ လုပ်‌ဆောင်‌နေ‌သော‌ကြောင့် လူ ၁ဝဦး ထက်မနည်း ရှာ‌ဖွေဖမ်းဆီး ခံထားရ‌ကြောင်း /ဖုန်းလိုင်းအင်တာနက် လိုင်းများ လည်း ဆက်သွယ် မရဖြစ်‌နေ‌ကြောင်း ရပ်ကွက်များအတွင်း ‌နေထိုင် ‌နေသူများ ‌ပြော စကားအရ ကနဦးစုံစမ်း သိရသည်။

အမည်မ‌ဖော်လိုသူ ရပ်ကွက်‌နေ ပြည်သူတစ်ဦးက ” လူကြီး‌တွေ ခွင့်ပြုလိုက် တာလားမသိဘူး။ ဒီမနက်‌စော‌စောမှာ ရပ်ကွက် ၆ ဘက်ကို သူတို့ ဝင်စစ်တယ်။ ရပ်ကွက် ၂ ကြားအထိလည်း သူတို့‌ရောက်လာတယ်။ အခုထိ သူတို့ပတ်‌နေတုန်းပဲ။ ဘယ်လို‌တွေ စစ်‌ဆေး‌နေလဲ‌တော့ မသိဘူး။ လူ‌တွေကို အပြင်‌ခေါ်ထုတ်ပြီး‌တော့ ‌မေးတယ်လို့ ကြားတယ်။ ပစ္စည်း‌တွေ မိတယ်လို့‌တော့‌ပြောတယ်။ သတင်းက အတိအကျ မဟုတ်‌သေးဘူး။ “ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။