Home သတင်း ‌တောထဲ ကြွက်‌ထောင်သွားသည့် လူငယ် ၄ ဦးကို PDF ဟုဆိုကာ စစ်‌ကောင်စီ ဖမ်းဆီး

‌တောထဲ ကြွက်‌ထောင်သွားသည့် လူငယ် ၄ ဦးကို PDF ဟုဆိုကာ စစ်‌ကောင်စီ ဖမ်းဆီး

1309
Photo: CJ

ဒီဇင်ဘာ ၂ဝ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ဧရာဝတီတိုင်း၊ ကျုံ‌ပျော်မြို့နယ်၊ ‌တောကြီးအုပ်စု၊ ဆိပ်ကြီး-‌ဘောကုန်း‌ကျေးရွာတွင် ယမန်‌နေ့ ဒီဇင်ဘာလ ၂ဝရက်‌နေ့ က ကြွက်‌ထောင်သွားသည့် ‌ကျေးရွာလူငယ် ၄ဦးကို ပြည်သူ့ကာကွယ်‌ရေးတပ်(PDF) ဟုဆိုကာ စစ်‌ကောင်စီတပ်ဖွဲ့ဝင် များက ဖမ်းဆီးခဲ့‌ကြောင်း နီးစပ်သူ‌ဒေသခံများက ‌ပြောသည်။

နယ်‌မြေခံ‌ကျေးရွာအုပ်ချုပ်‌ရေးမှူးနှင့် ‌ဒေသခံများ သိရှိရခြင်းမရှိဘဲ ‌ကျေးရွာအပြင်ဘက် ‌တောထဲတွင်‌ရောက်ရှိ‌နေ‌သော စစ်‌ကောင်စီတပ်ဖွဲ့ဝင်များသည် အဆိုပါရွာပြင်ဘက်သို့ ကြွက်‌ထောင်သွားသည့် လူငယ် ၅ဦးနှင့်တိုးကာ ၄ဦးကို ဖမ်းဆီး လိုက်ပြီး တစ်ဦးမှ ထွက်‌ပြေးသွား‌ကြောင်း ‌ဒေသခံ ရွာသားတစ်ဦးက ယခုလို ‌ပြောသည်။

၎င်းက “မ‌နေ့က သူတို့ ဝင်လာတာ ဘယ်သူမှ မသိရဘူး။ အုပ်ချုပ်‌ရေးမှူးလည်း မသိဘူး။ ‌တောလမ်းအတိုင်း ‌တောကြီး ရွာက‌နေ ဆိပ်ကြီး ‌ဘောကုန်းရွာဘက်ကို တက်သွားတာ။ ‌ဘောကုန်းရွာအ‌နောက်‌ရောက်‌တော့ ကြွက်သွား‌ထောင်တဲ့ က‌လေး ၅‌ယောက်နဲ့‌တွေ့တယ်။ ၅‌ယောက်ကို ဖမ်းလိုက်တာ တစ်‌ယောက်က ရုန်းပြီး ထွက်‌ပြေးသွားတယ်။ အခု အဲ့ ၄ ‌ယောက်ကို ပြန်လွှတ်ဖို့ ဒီ‌နေ့ ဘုန်းကြီး‌ကျောင်းမှာ ညှိ‌နေကြတယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မှားယွင်းဖမ်းဆီးခံရသည့် လူငယ် ၄ဦးမှာ ‌ဒေသခံများသာဖြစ်ကြပြီး ယ‌နေ့ ‌နေ့လည်တွင် ၎င်းလူငယ်များကို အာမခံဖြင့် ပြန်လည်လွှတ်‌ပေးနိုင်ရန် သက်ဆိုင်ရာ ‌ကျေးရွာအုပ်ချုပ်သူများနှင့် လူငယ်မိဘများပါဝင်၍ ညှိနှိုင်း‌နေကြ‌ကြောင်းနှင့် ထွက်‌ပြေးသွားသူကိုလည်း ပြန်လာခိုင်းပြီး မပြန်လာပါက ဝရမ်းထုတ် ဖမ်းဆီးခံရမည်ဖြစ်‌ကြောင်းလည်း အဆိုပါ‌ဒေသ ခံက ဆက်‌ပြောသည်။

ကနဦး ထွက်‌ပေါ်လာသည့် သတင်းများအရ စစ်‌ကောင်စီ သတင်း‌ပေး(ဒလန်)၏ သတင်း‌ပေးပို့မှု‌ကြောင့် စစ်‌ကောင်စီ တပ်ဘက်မှ အင်အား ၂၀‌ကျော်ဖြင့် ‌ကျေးရွာကို ဝိုင်းထားပြီး PDF ဟု စွပ်စွဲ‌ပြောဆိုခံထားရသည့် လူငယ် ၄ဦးကို ဖမ်းဆီး သွား‌ကြောင်း သတင်းများ ထွက်‌ပေါ်လာခဲ့သည်။

လက်ရှိအချိန်ထိ ‌ဘောကုန်း‌ကျေးရွာနှင့် အနီးအနား ‌ကျေးရွာတစ်ဝိုက်တွင် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များ ‌နေရာယူထားဆဲ ဖြစ်ပြီး မည်သည့်အ‌ကြောင်း‌ကြောင့် အဆိုပါ‌ဒေသတွင် ဝင်‌ရောက်‌နေရာယူထား‌ကြောင်း ‌ဒေသခံများက မသိရှိကြ ‌ကြောင်းနှင့် ထို‌ကျေးရွာ‌ဒေသများမှာ အာဏာရှင်ဆန့်ကျင်‌ရေး လှုပ်ရှားမှုဖြင့် တစ်စုံတစ်ရာ နာမည်ကြီးထားသည့် ‌ကျေးရွာများမဟုတ်‌ကြောင်းလည်း ‌ဒေသခံများက ‌ပြောသည်။

အလားတူ ပြီးခဲ့သည့် ဇွန်လ ၅ရက်‌နေ့ နံနက်ပိုင်းကလည်း စစ်‌ကောင်စီသတင်း‌ပေး(ဒလန်)၏သတင်း‌ပေးမှု‌ကြောင့် ကျုံ‌ပျော်မြို့နယ်၊ ‌လှေဆွဲ‌ကျေးရွာတွင် ‌ဒေသခံများကို စစ်‌ကောင်စီတပ်မှ ဝင်‌ရောက်ရှာ‌ဖွေဖမ်းဆီးရာမှ ‌ဒေသခံ ပြည်သူ့ ကာကွယ်‌ရေးတပ်ဖွဲ့(PDF) မဟုတ်သည့် ‌ကျေးရွာသားများနှင့် စစ်‌ကောင်စီအကြား ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး အရပ်သား ထိခိုက်‌သေဆုံးမှုရှိခဲ့သည်။