Home သတင်း နယ်‌မြေ‌ကျော်လွန်လာပါက ပစ်မိန့်‌ပေးထား‌ကြောင်း KNU တပ်မဟာ (၇)‌ပြော

နယ်‌မြေ‌ကျော်လွန်လာပါက ပစ်မိန့်‌ပေးထား‌ကြောင်း KNU တပ်မဟာ (၇)‌ပြော

1673

ဒီဇင်ဘာ ၂ဝ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU ၏ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA) တပ်မဟာ(၇) နယ်‌မြေအတွင်း စစ်‌ကောင်စီမှ နယ်‌မြေ‌ကျော်ဝင်‌ရောက်လာပါက ပစ်မိန့်‌ပေးထား‌ကြောင်း တပ်မဟာ(၇)၏ စစ်‌ရေး ထိပ်ပိုင်း‌ခေါင်း‌ဆောင်တစ်ဦးက အတည်ပြု ‌ပြောဆိုသည်။

“အဲ့ဒါက ဟုတ်ပါတယ်။ ‌လော‌လောဆယ်‌တော့ နယ်‌မြေထဲမှာ‌တော့ ‌အေး‌ဆေးရှိ‌နေတုန်းပါပဲ။ အကုန်လုံးလည်း စီစဉ်ထားပြီး သားပါ” ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

‌မြေပြင်သတင်းများအရ KNU တပ်မဟာ (၇)နယ်‌မြေအတွင်းသို့ ဦးတည်လာသည့် စစ်‌ကောင်စီ၏ စစ်‌ကြောင်းများသည် KNU တပ်မဟာ (၇) နှင့် တပ်မဟာ (၆) ကြားတွင် ဝင်‌ရောက်‌နေရာ ယူထားသလို လှိုင်းဘွဲ မြို့နယ်၊ နဘူး‌ဒေသမှလည်း စစ်‌ကြောင်းများ ဝင်‌ရောက်လာ‌နေ‌ကြောင်း ‌ဒေသခံသတင်းအရင်းအမြစ်များက ဆိုသည်။

သက်ဆိုင်ရာ KNU တပ်မဟာ (၇) နယ်‌မြေခံတပ်မှူး တစ်ဦးက “အခု ဒီဘက်ကို တက်လာတာမျိုး‌တော့ မရှိ‌သေးဘူး။ ဒါ‌ပေမဲ့ တပ်မဟာ (၆)ဘက်ကို စစ်ကူဝင်လို့မရ‌အောင်‌တော့ ၃ ‌နေရာ‌လောက်က ကင်းပုန်းလာချထားတာရှိ တယ်။ ထီးဝါ့ဘ‌လော ဘက်တက်လာတာ‌တော့ မဟုတ်‌သေးဘူး။ တက်လာရင်‌တော့ ကျ‌နော် ချမှာ‌ပေါ့” ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

လက်ရှိ KNU တပ်မဟာ (၆) နယ်‌မြေ ‌လေး‌ကေ့‌ကော် ‌ဒေသတွင် စစ်‌ရေးတင်းမာမှုမှာ ဆက်လက်ဖြစ်ပွား‌နေပြီး စစ်‌ကောင်စီဘက်မှ ထိခိုက်ကျဆုံးမှု များပြားလာသည့်အ‌ပေါ် သံချပ်ကာကား၊ တင့်ကားများနှင့် စစ်သားများ တင်‌ဆောင်လာသည့် ကားများဖြင့် စစ်အင်အား တိုးမြှင့်လာ‌နေပြီး တပ်မဟာ (၇) နယ်‌မြေထဲသို့လည်း ဝင်‌ရောက် လာဖွယ်ရှိ‌ကြောင်း ‌မြေပြင်သတင်းများကို ကိုးကား၍ KNU တာဝန်ရှိသူများက ဆိုသည်။

လတ်တ‌လောတွင် စစ်‌ရေးအရ အ‌ရေးနိမ့်‌နေသည့် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များသည် စစ်အင်အား တိုးချဲ့ဖြည့်တင်းလာမှု ရှိသလို သက်ဆိုင်ရာ စစ်‌ကောင်စီ လက်‌အောက်ခံ နယ်ခြား‌စောင့်တပ်(BGF) ဘက်မှလည်း စစ်‌ကောင်စီဘက်မှ ‌နေ၍ လက်နက်ကြီး လက်နက်ငယ်များဖြင့် စစ်ကူပစ်ခတ်‌ပေး‌နေသည့် ရုပ်သံများလည်း လူမှုကွန်ရက်စာမျက်နှာ‌ပေါ်တွင် ‌ပေါ်ထွက်လာ‌ကြောင်း ‌တွေ့ရသည်။

စစ်အာဏာသိမ်း ပြီး‌နောက် KNU တပ်မဟာ အားလုံးနီးပါးတွင် စစ်‌ကောင်စီအပါအဝင် BGF တပ်ဖွဲ့ဝင်များနှင့် ‌နေ့စဉ် ထိ‌တွေ့ တိုက်ပွဲများရှိ‌နေ‌သော်လည်း KNU တပ်မဟာ (၇) နယ်‌မြေတွင်မူ ယ‌နေ့ အချိန်ထိ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိ‌သေး‌ကြောင်း သိရသည်။