Home သတင်း ပစ်ခတ်မှုများဆက်ရှိ‌နေ၍ ‌နေရပ်ပြန်ရန် စစ်‌ကောင်စီ ပြန်‌ခေါ်မှု မဖြစ်နိုင်‌သေး‌ကြောင်း ‌လေး‌ကေ့‌ကော်‌ဒေသခံ အများစု ‌ပြောဆို

ပစ်ခတ်မှုများဆက်ရှိ‌နေ၍ ‌နေရပ်ပြန်ရန် စစ်‌ကောင်စီ ပြန်‌ခေါ်မှု မဖြစ်နိုင်‌သေး‌ကြောင်း ‌လေး‌ကေ့‌ကော်‌ဒေသခံ အများစု ‌ပြောဆို

1378

ဒီဇင်ဘာ ၃ဝ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်‌တောင်ပိုင်း၊ မြဝတီမြို့၏ ၉ မိုင်အကွာရှိ ‌လေး‌ကေ့‌ကော် မြို့သစ် ‌ဒေသတွင် ယ‌နေ့ ဒီဇင်ဘာလ ၃ဝရက်၊ နံနက်အချိန်ထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား‌နေသည့်အ‌ပေါ် ‌ဒေသခံစစ်‌ဘေး‌ရှောင် ပြည်သူ များအ‌နေဖြင့် ‌နေရပ်ပြန်လာရန် မဖြစ်နိုင်‌သေး‌ကြောင်း နယ်‌မြေခံ သတင်းအရင်းအမြစ်များက ‌ပြောဆိုသည်။

ယမန်‌နေ့ ဒီဇင်ဘာလ ၂၉ ရက်၊ ည‌နေပိုင်းနှင့် ယ‌နေ့ နံနက်ပိုင်းအချိန်အထိ ‌လေး‌ကေ့‌ကော် ‌ဒေသတွင် စစ် ‌ကောင်စီ၊ နယ်ခြား‌စောင့်တပ် (BGF) ပူး‌ပေါင်းတပ်ဖွဲ့နှင့် နယ်‌မြေခံ ကရင်အမျိုးသားလွတ် ‌မြောက်‌ရေးတပ် မ‌တော်(KNLA) ပူး‌ပေါင်းမဟာမိတ်တပ်ဖွဲ့တို့အကြား တိုက်ပွဲ ဆက်လက်ဖြစ်ပွား‌နေဆဲဖြစ်ပြီး စစ်‌ဘေး‌ရှောင် ပြန်သူများအ‌နေဖြင့် ပြန်လည် ဝင်‌ရောက်ရန် မဖြစ်နိုင်‌သေးဟု နယ်‌မြေခံ သတင်းအရင်းအမြစ်တစ်ဦးက ဆိုသည်။

၎င်းက “‌လေး‌ကေ‌ကော်ဘက်မှာ ဒီ‌နေ့ မနက် ၈ နာရီ‌လောက်က လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်သံ‌တွေ ကြား‌နေရတယ်။ မ‌နေ့က မွန်းလွဲ ၃ နာရီ ၄၅ မိစ်အချိန်ခန့်ကလည်း ပစ်ခတ်မှု‌တွေ ရှိခဲ့တယ်။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ တိုက်ပွဲများ ဆက်လက် ဖြစ်ပွား‌နေ‌သော်လည်း စစ်‌ကောင်စီဘက်မှ ‌လေး‌ကေ‌ကော်‌ဒေသကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီးဖြစ်‌ကြောင်းနှင့် စစ်‌ဘေး‌ရှောင် ပြည်သူများအ‌နေဖြင့် မိမိ‌နေရပ်သို့ ပြန်လည်ဝင်‌ရောက်နိုင်ပြီး ဖြစ်‌ကြောင်း လိုက်လံအသိ‌ပေး‌ကြေညာ‌နေသလို ၎င်းတို့၏ ဝါဒဖြန့်ချိ‌ရေး သတင်းဌာန(MRTV)မြန်မာ့အသံနှင့် ရုပ်မြင်သံကြား တဆင့်လည်း သတင်းဖြန့်‌ဝေခဲ့‌ကြောင်း ‌တွေ့ရသည်။

ဒီဇင်ဘာ ၂၈ ရက်‌နေ့မှစပြီး စစ်‌ကောင်စီဘက်က‌နေ မြဝတီ-‌ဝေါ်‌လေသွား ကားလမ်း‌ပေါ်ရှိ မဲ့‌ထော်သ‌လေး၊ မင်းလက်ပံ၊ အင်ကြင်းမြိုင်၊ ဖလူးကြီး၊ ဖလူး‌လေးနှင့် ‌လေး‌ကေ‌ကော်မြို့သစ်အနီး ပဟိက‌လော်နှင့် ထီးမဲ့ဝါးခီး ‌ကျေးရွာများတွင် စစ်‌ရေးအရနယ်‌မြေစိုးမှုများ ‌ဆောင်ရွက်နိုင်ပြီးဖြစ်၍ စစ်‌ဘေး‌ရှောင်‌နေသူများ ‌နေရပ်သို့ ပြန်လာ ‌နေထိုင်ကြရန် စစ်‌ကောင်စီထိန်းချုပ်မှု‌အောက်ရှိ (MRTV)မြန်မာ့အသံနှင့် ရုပ်မြင်သံကြား မှတဆင့်တိုက်တွန်း နှိုး‌ဆော်မှုများပြုလုပ်ခဲ့သည်။

ထိုသို့ စစ်‌ကောင်စီဘက်မှ လိုက်လံ‌ခေါ်ယူမှုများရှိသလို BGF တပ်နယ် (၄) တပ်နယ်မှူး ဗိုလ်မှူး‌စောမုတ်သုန် အပါအဝင် ဒီမိုက‌ရေစီ အကျိုးပြု ကရင်တပ်မ‌တော်(DKBA)မှ စစ်‌ရေး ‌ခေါင်း‌ဆောင်များမှ စစ်‌ရှောင် စခန်းအချို့သို့ သွား‌ရောက်၍ မိမိ‌နေရပ်ကို ပြန်လာရန် ‌ပြောဆိုမှုများရှိ‌သော်လည်း ‌ဒေသခံ စစ်‌ရှောင်အများစုမှာ အယုံ အကြည်မရှိ‌ကြောင်း ပြည်တွင်းဘက်ရှိ စစ်‌ရှောင်အမျိုးသမီးတစ်ဦးက ယခုလို‌ပြောသည်။

၎င်းက “မ‌နေ့က လာ‌ခေါ်‌တော့ ပြန်တဲ့သူတချို့‌တော့ ရှိတယ်။ ဒါ‌ပေမဲ့ သူတို့ စကားက ယုံလို့ မရဘူး‌လေ။ ‌ပြောရ မယ်ဆိုရင် အခု မင်းလက်ပံနဲ့ ဖလူးကြီးမှာ သူတို့(စစ်တပ်)‌တွေ အများကြီး တက်လာတယ်။ မနက်တုန်းကလည်း ‌လေး‌ကေ့‌ကော်ထဲကို လက်နက်ကြီးနဲ့ ပစ်‌နေတုန်းပဲ။ ကျမတို့က‌တော့ လုံးဝမပြန်‌သေးဘူး။ သူတို့ကို မယုံဘူး။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအပြင် ယ‌နေ့ အချိန်ထိ စစ်‌ကောင်စီဘက်မှ ‌လေး‌ကေ့‌ကော်ကို ပစ်မှတ်ထား တိုက်ခိုက်‌နေ‌သေးသည့်အ‌ပေါ် စစ်‌ရှောင် ပြည်သူများအ‌နေဖြင့် ‌နေရပ်ပြန်သူတချို့ရှိ‌သော်လည်း မိမိ‌နေအိမ်တွင် မအိပ်ရဲ‌သေးကြ‌ကြောင်း နှင့် လက်ရှိပြန်သွားသူ အများစုသည် ၄ဝ ရာခိုင်နှုန်းခန့်သာရှိနိုင်‌ကြောင်းလည်း ၎င်းစစ်‌ရှောင်အမျိုးသမီးက ခန့်မှန်း ‌ပြောဆိုသည်။

ဒီဇင်ဘာ ၁၅ ရက်မှစပြီး လဝက်ခန့်အကြာ ဖြစ်ပွားခဲ့သည့် ထိုတိုက်ပွဲအတွင်း စစ်‌ကောင်စီဘက်မှ တိုက် ‌လေယာဉ် များဖြင့် ဗုံးကြဲ ပစ်ခတ်တိုက်ခိုက်မှုကို (၄) ကြိမ်ထက်မနည်း ပြုလုပ်ခဲ့သလို ‌နေ့စဉ်လိုလို လက်နက်ကြီး ပစ်ခတ် မှုများဖြင့် ထိုးစစ်ဆင်‌ဆောင်ရွက်ခဲ့ခြင်း‌ကြောင့် ‌လေး‌ကေ‌ကော်‌ဒေသနှင့် အနီးအနားရှိ ‌ကျေးရွာ‌ပေါင်း ၁ဝ ရွာ ‌ကျော်ခန့်မှ ‌ဒေသခံပြည်သူ တစ်‌သောင်းခွဲနီးပါး စစ်‌ဘေးဒုက္ခခံစားရကာ နယ်ခြား‌သောင်ရင်းမြစ်ကို ဖြတ်‌ကျော်၍ တဖက်ထိုင်းနိုင်ငံနှင့် နီးစပ်ရာသို့ စစ်‌ဘေးတိမ်း‌ရှောင်လျက် ရှိ‌နေဆဲဖြစ်သည်။

ထိုင်းဘက်ခြမ်း‌ရောက် စစ်‌ရှောင်အမျိုးသမီးတစ်ဦးက “မြန်မာပြည်ဘက်ခြမ်းက‌နေပဲ‌ခေါ်‌နေတာ ဒီဘက် ထိုင်းဘက်ခြမ်းက ဘာမှမ‌ပြော‌သေးဘူး။ လူ‌တွေက‌တော့ မယုံဘူး၊ ကျမတို့လည်း မပြန်ရဲဘူး။ ဘာဖြစ်လဲ ဆို‌တော့ မြန်မာပြည်ဘက်ခြမ်းက‌နေပဲ ‌ပြော‌နေတာ‌လေ။ ကျမမှာလည်း က‌လေးငယ်နဲ့ဆို‌တော့ သူများလို မ‌ပြေးနိုင်ဘူး” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

စစ်‌ကောင်စီဘက်က‌နေ ယခုရက်ပိုင်းအတွင်းပြန်လည် ‌ခေါ်ယူမှုများ‌ကြောင့် မြဝတီမြို့နှင့် တဖက်ထိုင်းနိုင်ငံမှ စစ်‌ဘေး‌ရှောင် ၅၀ဝ ‌ကျော်သာ ‌နေရပ်သို့ ပြန်လာကြပြီး အများစုမှာ မူလ‌နေရာများတွင် စစ်‌ဘေးတိမ်း‌ရှောင် ‌နေကြဆဲဖြစ်‌ကြောင်း စစ်‌ဘေး‌ရှောင်အ‌ရေး ကူညီ‌ဆောင်ရွက်‌နေသူများ၏ ‌ပြောသည်။

ထို့အပြင် ယ‌နေ့ နံနက်၄ နာရီ ၄၅ မိနစ်မှစ၍‌ကော့ကရိတ်မြို့ မြို့‌ဟောင်းရွာအနီးတွင် KNLA မဟာမိတ်ပူး ‌ပေါင်းအဖွဲ့နှင့် စစ်‌ကောင်စီတပ်တို့ ထိ‌တွေ့တိုက်ပွဲမှုများရှိ‌နေပြီး စစ်‌ကောင်စီဘက်က စစ်‌ရေးတိုးမြင့် ‌ဆောင်ရွက်မှု များ‌ကြောင့် ‌ကော့ကရိတ်‌တောင်ဘက် ‌ကော့နွဲရွာအနီးဝန်းကျင်မှ ‌ကျေးရွာ‌နေပြည်သူ ‌ထောင်နှင့်ချီ စစ်‌ဘေးတိမ်း‌ရှောင် ‌နေရ‌ကြောင်းလည်း သိရသည်။