Home ဆောင်းပါး ‘အမျိုးသားညီညွတ်‌ရေးအတိုင်ပင်ခံ‌ကောင်စီ’သို့

‘အမျိုးသားညီညွတ်‌ရေးအတိုင်ပင်ခံ‌ကောင်စီ’သို့

1246

‘အမျိုးသားညီညွတ်‌ရေးအတိုင်ပင်ခံ‌ကောင်စီ’သို့

‌မောင်‌ကျော်စွာ

(၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၁၉ ရက်)

(၁၆-၁၁-၂၀၂၁) ‌နေ့တွင် အမျိုးသားညီညွတ်‌ရေးအတိုင်ပင်ခံ‌ကောင်စီ (NUCC) ဖွဲ့စည်းမှု၊ လုပ်ငန်း‌ဆောင်ရွက် မှုတို့နဲ့စပ်လျဉ်းတဲ့ ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲနဲ့ အချက် ၅ချက်ပါတဲ့ ထုတ်ပြန်ချက်တစ်ရပ်ကိုလည်း ထုတ် ပြန်လာပါတယ်။ ထိုအချက်အလက်များကို အ‌ခြေခံပြီး ဆန်းစစ်တင်ပြလိုပါတယ်။
ဖွဲ့စည်းမှုများနဲ့ပတ်သက်ပြီး ပထမဦးစွာ ဆန်းစစ်တင်ပြပါရ‌စေ။

(၁၆-၁၁-၂၀၂၁)ရက်‌နေ့က ထုတ်ပြန်ခဲ့‌သော(NUCC)ရဲ့ ထုတ်ပြန်‌ကြေညာချက်အရ ‘ပြည်သူ့ညီလာခံ’ဟာ အမြင့်ဆုံး အာဏာပိုင်အဖွဲ့အစည်းဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။ ‘ပြည်သူ့ညီလာခံ’ တစ်ခုနဲ့တစ်ခုအကြား ‘သက်တမ်း’ ကို ဘယ်‌လောက်သတ်မှတ်ထားသလဲဆိုတာ ‌ဖော်ပြမထား၍ မသိရပါ။ ပြည်သူ့ညီလာခံသက်တမ်း တစ်ခုနဲ့တစ်ခုအ ကြားမှာ ပြည်သူ့ညီလာခံက ချမှတ်‌ပေးခဲ့‌သော ရည်မှန်းချက်နဲ့လုပ်ငန်းစဉ်များကို လိုအပ်သလို ထိန်းညှိကြီးကြပ်‌ရေးအ တွက် အဓိကတာဝန်အရှိဆုံး အဖွဲ့အစည်းမှာ (NUCC) ဖြစ်ပါတယ်။

ဒီအချက်က ထုတ်ပြန်‌ကြေညာချက်ကိုဖတ်ပြီး ရရှိလာတဲ့ ကျ‌နော့်နားလည်ချက်ဖြစ်ပါတယ်။ (NUCC)ကို De jure နဲ့ De facto ဆိုတဲ့ မဏ္ဍိုင် ၂ခုကို အ‌ခြေပြုပြီး အဖွဲ့အစည်း‌ပေါင်း ၂၈ဖွဲ့မှ ကိုယ်စားလှယ်များနဲ့ စုဖွဲ့ထားတယ်လို့ သိရပါတယ်။

ယ‌နေ့ကာလရဲ့ အချက်အချာတာဝန်က “မင်း‌အောင်လှိုင် – စိုးဝင်း အကြမ်းဖက် (စကစ) စစ်အုပ်စု တိုက်ဖျက် ‌ရေးနဲ့ ဒီမိုက‌ရေစီဖက်ဒရယ် ပြည်‌ထောင်စုတည်‌ဆောက်‌ရေးလုပ်ငန်းစဉ်”ကို လက်‌တွေ့ကျကျ အ‌ကောင်အထည်‌ဖော် ကြရမှာပါ။ ဒီလုပ်ငန်းစဉ်ကို (NUCC)က ဦးစီးဦး‌ဆောင်ပြုမယ်လို့လည်း နားလည်ထားပါတယ်။ (NUCC)ဟာ ဒီ‌နေ့ကာ လရဲ့လိုအပ်ချက်ဖြစ်တဲ့ “အမျိုးသားညီညွတ်‌ရေးတပ်‌ပေါင်းစု”အတွက် အ‌ခြေခံအစပြုချက်လို့လည်း ‌မျှော်လင့်မိပါ တယ်။

“မင်း‌အောင်လှိုင် – စိုးဝင်း အကြမ်းဖက် (စကစ)စစ်အုပ်စုတိုက်ဖျက်‌ရေးနဲ့ ဒီမိုက‌ရေစီဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်‌ရေးလုပ်ငန်းစဉ်”ဟာ ကြီးမားသ‌လောက် ကျယ်ပြန့်ပါတယ်။ ပုံစံမျိုးစုံနဲ့ စိန်‌ခေါ်မှု‌တွေလည်း ပတ်ပတ် လည်မှာ ပြည့်နှက်‌နေပါတယ်။ တခြားကိစ္စရပ်‌တွေ‌တော့ မ‌ပြောတတ်ပါဘူး။ စုဖွဲ့ထားတဲ့ အဖွဲ့အစည်း ၂၈ဖွဲ့ထံက သ‌ဘောထားအမြင်‌တွေကို စုစည်းရတဲ့ကိစ္စကသည်ပင်လျှင် ကြီးမားတဲ့ စိန်‌ခေါ်မှုတစ်ခုဖြစ်‌နေပါတယ်။ ဒါ့အပြင် အခြား ပါဝင်သင့်တဲ့ အဖွဲ့အစည်း‌တွေ ပါဝင်လာ‌အောင် စုစည်းဖို့ကလည်း အ‌ရေးကြီးတဲ့ လုပ်ငန်းတာဝန်တစ်ရပ်ဖြစ်ပါတယ်။

အမျိုးသားညီညွတ်‌ရေးအတိုင်ပင်ခံ‌ကောင်စီ (NUCC) ဆိုတဲ့ အမည်ဂုဏ်ဒြပ်နဲ့ကိုက်ညီ‌အောင် ကျယ်ကျယ်ပြန့် ပြန့် စဉ်းစား‌ဆောင်ရွက်ကြ‌စေချင်ပါတယ်။ “အမျိုးသားညီညွတ်‌ရေး” ဆိုတဲ့ စကားစုဟာ အင်မတန်ကျယ်ပြန့်ပါတယ်။ လူမျိုးစု တစ်စုနဲ့တစ်စုရဲ့ ညီညွတ်‌ရေး သို့မဟုတ် လူမျိုးစု ၃စု၊ ၄စုရဲ့ သီးခြား/ကွက်ကြားညီညွတ်‌ရေးမျိုး မဟုတ်ပါဘူး။ အဘယ် လူမျိုးတစ်မျိုးကိုမှ ချန်လှပ်‌ဘေးဖယ်ထားတဲ့ ညီညွတ်‌ရေးမျိုးလည်း မဟုတ်ပါဘူး။ တစ်မျိုးသားလုံးရဲ့ ညီညွတ် ‌ရေးကို ဆိုလိုတာပါ။

မြန်မာနိုင်ငံမှာ မှီတင်း‌နေထိုင်ကြပြီး “မင်း‌အောင်လှိုင် – စိုးဝင်းအကြမ်းဖက်(စကစ) စစ်အုပ်စုတိုက်ဖျက်‌ရေးနဲ့ ဒီမိုက‌ရေစီဖက်ဒရယ်ပြည်‌ထောင်စုတည်‌ဆောက်‌ရေး” အချက်အချာလုပ်ငန်းစဉ်ကို လက်ခံတဲ့ လူမျိုးစုတိုင်း၊ နိုင်ငံ‌ရေး ပါတီ အဖွဲ့အစည်းများနဲ့ အစုအဖွဲ့များရဲ့ တခဲနက်‌သော ညီညွတ်‌ရေးကိုသာ “အမျိုးသားညီညွတ်‌ရေး” လို့ ဂုဏ်နဲ့ဒြပ် ကိုက်ညီ‌အောင် ‌ခေါ်ဆိုသတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။ တနည်းအားဖြင့် အဖိနှိပ်ခံ လူမျိုး‌ပေါင်းစုံပြည်သူများကို ကိုယ်စား ပြုတဲ့ ကျယ်ပြန့်တဲ့ ညီညွတ်‌ရေးမျိုး ဖြစ်ပါတယ်။

“အတိုင်ပင်ခံ‌ကောင်စီ”ရဲ့ အဓိပ္ပာယ်က‌တော့ ဦးတည်ချက်‌တွေ၊ လုပ်ငန်းစဉ်နဲ့ လုပ်ငန်းတာဝန်‌တွေကို စုစည်း သတ်မှတ်ရာမှာ ခွဲ‌ဝေရာမှာ ပါဝင်တဲ့ ပါတီအဖွဲ့အစည်း‌တွေ၊ အစုအဖွဲ့‌တွေအကြားမှာ တန်းတူရည်တူ ဒီမိုက‌ရေစီနည်း ကျ စု‌ပေါင်းညှိနှိုင်းတိုင်ပင်‌ဆွေး‌နွေးကြပြီး စု‌ပေါင်းသ‌ဘောတူဆုံးဖြတ်ကြတဲ့ အစုအဖွဲ့လို့ သတ်မှတ်ဆိုလိုတာလို့ ကျ‌နော် နားလည်ယူဆပါတယ်။

အဲဒီလို တခဲနက်‌သော အမျိုးသားညီညွတ်‌ရေးဆိုတဲ့ အ‌ခြေခံနဲ့ “မင်း‌အောင်လှိုင်-စိုးဝင်း အကြမ်းဖက် (စကစ) စစ်အုပ်စု တိုက်ဖျက်‌ရေးနဲ့ ဒီမိုက‌ရေစီဖက်ဒရယ်ပြည်‌ထောင်စုတည်‌ဆောက်‌ရေး” ဆိုတဲ့ အချက်အချာ တာဝန်ကြီး ၂ရပ် ကို လက်‌တွေ့ကျကျ အ‌ကောင်အထည်‌ဖော်ရမှာပါ။ ဒီ‌နေရာမှာလည်း စစ်အုပ်စု၊ စစ်ဗြူရိုက‌ရေစီယန္တရားနဲ့ စစ်အာဏာ ရှင်စနစ် တိုက်ဖျက်‌ရေးနဲ့ ဒီမိုက‌ရေစီ ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်‌ရေးဆိုတဲ့ လုပ်ငန်းစဉ် ၂ရပ်၊ ‌ခြေလှမ်း ၂ရပ် အ‌ရေးကြီးမှုဘက်မှာ ဒီဂရီအတူတူပဲဖြစ်ပါတယ်။ သို့‌သော်လည်း လက်‌တွေ့ အ‌ကောင်အထည်‌ဖော်မှုမှာ‌တော့ လုပ်ငန်းသဘာဝအရ၊ အဆင့်ဆင့်တက်လှမ်းရမယ့် ‌လှေကားထစ်များသဖွယ် တိကျတဲ့ ‌ရှေ့‌နောက် လုပ်ငန်းအစီအစဉ် ရှိရမှာပါ။ ‘လက်ချုပ်အပ် ချုပ်သလိုပါပဲ’ အပ်က အရင်‌ရှေ့‌ဆောင် ထိုး‌ဖောက်သွားပြီး‌တော့မှသာ အပ်‌ဖောက်သွားတဲ့ လမ်း‌ကြောင်းအတိုင်းချည်က တွဲစပ်‌ပေးသွားရမှာပါ။

ဒါ‌ကြောင့် “မင်း‌အောင်လှိုင် – စိုးဝင်း အကြမ်းဖက် (စကစ) စစ်အုပ်စုတိုက်ဖျက်‌ရေး” လုပ်ငန်းတာဝန်ကို ပထမ ဦးစား‌ပေးလုပ်ငန်းတာဝန်အဖြစ် လက်‌တွေ့‌ဆောင်ရွက်ကြရမှာပါ။ ဒီလုပ်ငန်းကို ကျကျနန၊ ပီပီပြင်ပြင် ‌ဆောင်ရွက်နိုင် တဲ့ ‌ခြေလှမ်းရဲ့‌နောက်မှာ “ဒီမိုက‌ရေစီဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်‌ရေး” လုပ်ငန်းတာဝန်ဟာ ဖဝါး‌ခြေထပ် လိုက်ပါ‌ဆောင်ရွက်ကြရမှာပါ။ ဒီလိုမှ မဟုတ်ဘဲ ဦးစား‌ပေးလုပ်ငန်း လွဲ‌ချော်‌နေရင် သို့တည်းမဟုတ် လုပ်ငန်းနှစ်ခုစလုံး ကို တပြိုင်နက်ထဲ လုပ်‌နေရင် ဘာကိုမှ မယ်မယ်ရရ ‌ကောင်းမွန်‌အောင် မ‌ဆောင်ရွက်နိုင်ဘဲ ‌ယောင်ဝါးဝါး ဖြစ်‌နေပါလိမ့် မယ်။ လက်သီး ၂လုံးကို တစ်ပြိုင်နက်တည်း ထိုးတဲ့အခါ အားမဖြစ်နိုင်သလို၊ ‌ခြေ‌ထောက်နှစ်‌ချောင်းကိုလည်း တစ်ပြိုင် နက်ထဲ ‌ရွေ့မယ်ဆိုရင် ‌မှောက်လျက် သို့မဟုတ် ‌နောက်ပြန်လဲကျတာမျိုးပဲ ဖြစ်‌နေပါလိမ့်မယ်။

သို့ပါ၍ ပထမတာဝန်ဖြစ်တဲ့ “မင်း‌အောင်လှိုင် – စိုးဝင်း အကြမ်းဖက်(စကစ) စစ်အုပ်စုတိုက်ဖျက်‌ရေး” အတွက် လိုအပ်တဲ့ လက်‌တွေ့စစ်‌ရေးဆိုင်ရာလုပ်ငန်းများကို သက်ဆိုင်ရာပါတီအဖွဲ့အစည်းများအကြား၊ တပ်ဖွဲ့များအကြား၊ နယ်‌မြေ‌ဒေသများအကြား ပီပီပြင်ပြင်၊ ချိတ်ဆက်မိမိ ညှိနှိုင်း‌ပေါင်းစပ်‌ဆောင်ရွက်ကြပါလို့ အ‌လေးအနက် တိုက်တွန်းနှိုး ‌ဆော်ပါတယ်။

စစ်‌ရေးဆိုင်ရာလုပ်ငန်းများ တစ်စုံတစ်ရာ ပီပီပြင်ပြင် ‌ဆောင်ရွက် အ‌ကောင်အထည်‌ဖော်လာနိုင်တဲ့အခါမှာ ‘အပ်သွား ရာချည်ပါ’ ဆိုသလို ကျန်တဲ့ အုပ်ချုပ်‌ရေး၊ ဥပ‌ဒေ‌ရေး စတဲ့ကိစ္စ‌တွေကို လက်‌တွေ့လက်ငင်း လိုအပ်ချက်အ တိုင်း ‌ဆောင်ရွက်သွားသင့်ပါတယ်။ အခုလို အချိန်ကာလမှာ ‘အ‌ခြေခံဥပ‌ဒေ ‌ရေးဆွဲ‌နေကြမယ်၊ ဖက်ဒရယ်ပုံစံကိစ္စ အငြင်းပွား‌နေကြမယ်၊ အစိုးရဖွဲ့‌နေကြမယ်’ဆိုရင် ဘာမှဖြစ်‌မြောက်‌အောင် ‌ဆောင်ရွက်နိုင်မှာမဟုတ်ဘဲ အငြင်းပွားမှု များနဲ့ အချိန်ကုန်ပြီး ညီညွတ်‌ရေး အစည်း‌ပြေပါလိမ့်မယ်။

ဒီ‌နေရာမှာ ကချင်လွတ်‌မြောက်‌ရေးအဖွဲ့(KIO) တည်‌ထောင်ခြင်း (၆၁)ပြည့်အခမ်းအနားမှာ (KIO)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လ ‌ပြောကြားတဲ့ မိန့်ခွန်းထဲက “အာဏာရှင်ဖြုတ်ချ‌ရေး ယခုအချိန်သည် အ‌ကောင်းဆုံးဖြစ်ပြီး ‌နောက်‌နောင် ဤကဲ့သို့‌သော အခွင့်အ‌ရေးရှိလာမည်မဟုတ်‌ကြောင်း၊ ဗမာလူမျိုးကြီးဝါဒနဲ့ အာဏာရှင်စနစ်ကို ယခုအ ချိန်တွင် မ‌ချေမှုန်းနိုင်ပါက အနာဂတ်တွင် အမြစ်ဖြတ်နိုင်ရန် ပိုမို ခက်ခဲသွားနိုင်တယ်” ဆိုတဲ့ သတိ‌ပေးချက်ကို အားလုံး က အ‌လေးအနက်ထားကြဖို့ လိုအပ်ပါတယ်။

‌နောက်တစ်ခုက‌တော့ ‘စု‌ပေါင်း‌ခေါင်း‌ဆောင်မှု’နဲ့ ‌ဆောင်ရွက်မယ်ဆိုတဲ့ ကိစ္စကလည်း ကြိုဆိုစရာနဲ့ အားတက် စရာပါ။ တစ်ခု‌တော့ရှိပါတယ်။ စု‌ပေါင်း‌ခေါင်း‌ဆောင်မှုဆိုတာဟာ တိကျတဲ့ မူဝါဒနဲ့လက်‌တွေ့ကျပြီး တကယ်တမ်း လုပ် ‌ဆောင်နိုင်တဲ့ ဦး‌ဆောင်မှုကို အ‌ခြေအ‌နေ၊ အချိန်အခါနဲ့ ဟန်ချက်ညီညီ ‌ဆောင်ရွက်နိုင်တဲ့ ဒိုင်းနမစ်ဖြစ်တဲ့ ‘စု‌ပေါင်း ‌ခေါင်း‌ဆောင်မှု’ မျိုး ဖြစ်‌စေချင်ပါတယ်။

‌နောက်ဆုံးတစ်ခုက‌တော့ “ပြည်သူ့ညီလာခံ – အမျိုးသားညီညွတ်‌ရေး အတိုင်ပင်ခံ‌ကောင်စီ (NUCC) – အမျိုး သားညီညွတ်‌ရေးအစိုးရ(NUG)” စတဲ့ အဆင့်ဆင့်စုဖွဲ့မှု‌တွေအကြား ‘အဓိပ္ပာယ်ဖွင့်ဆိုချက် – လုပ်ငန်းနယ်ပယ် – လုပ် ငန်းတာဝန်နဲ့ လုပ်ပိုင်ခွင့်’ စတဲ့ မူ‌ဘောင်သတ်မှတ်ချက်‌တွေ တိကျရှင်းလင်းပြီး မြန်မြန်ဆန်ဆန်၊ ထက်ထက်မြက်မြက် စု‌ပေါင်းအ‌ကောင်အထည်‌ဖော်နိုင်ဖို့ ဦးတည်လုပ်‌ဆောင်သင့်ပါတယ်။ စုဖွဲ့မှု‌တွေနဲ့ လုံး‌ထွေး‌နေပြီး ဘာကိုမှ လုပ်လို့မရ တာမျိုး မဖြစ်သင့်ပါဘူး။

“အမျိုးသားညီညွတ်‌ရေး” ဆိုတဲ့ ဂုဏ်ဒြပ်နဲ့ကိုက်ညီတဲ့ ကျယ်ပြန့်တဲ့စုစည်းမှုနဲ့ ညီညွတ်မှုကို အမြန်ဆုံး တည် ‌ဆောက်အ‌ကောင်အထည်‌ဖော်နိုင်ပါ‌စေလို့ ဆု‌တောင်းလိုက်ပါတယ်။