Home သတင်း စစ်‌ကောင်စီတပ်များ၏ ‌ရှောင်တခင် စစ်‌ဆေးမှု ပြုလုပ်ခဲ့ကြသည့်ဖြစ်စဉ်‌ကြောင့် ‌လေး‌ကေ‌ကော်မြို့သစ်န‌ဒေသခံများ စိုးရိမ်

စစ်‌ကောင်စီတပ်များ၏ ‌ရှောင်တခင် စစ်‌ဆေးမှု ပြုလုပ်ခဲ့ကြသည့်ဖြစ်စဉ်‌ကြောင့် ‌လေး‌ကေ‌ကော်မြို့သစ်န‌ဒေသခံများ စိုးရိမ်

1135
Photo: က‌ဆောဝါး

နိုဝင်ဘာ ၁၉ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

KNU -ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် (တပ်မဟာ ၆ )ထိန်းချုပ်နယ်‌မြေ ‌လေး‌ကေ‌ကော် မြို့ သစ်အတွင်းသို့ ယမန်‌နေ့ နိုဝင်ဘာလ ၁၈ ရက် နံနက်ပိုင်းက စစ်‌ကောင်စီတပ်များမှ ‌ရှောင်တခင် ဝင်‌ရောက်စစ်‌ဆေးမှုများ ပြုလုပ်ခဲ့ကြသည့် ဖြစ်စဉ် ‌ကြောင့် တိုက်ပွဲများဖြစ်ပွားလာမည်ကို စိုးရိမ်‌နေကြရ‌ကြောင်း မြို့ သစ်တွင် ‌နေထိုင်ကြသည့် ‌ဒေသခံများက ‌ပြောသည်။

အာဏာဖီဆန်‌ရေးလှုပ်ရှားမှု (CDM) ပြုလုပ်ကာ တိမ်း‌ရှောင်‌နေသည့် ရဲတပ်ဖွဲ့ဝင်များ အား စစ်‌ကောင်စီတပ်ဖွဲ့က ‌လေး‌ကေ‌ကော်မြို့သစ် လူ‌နေအိမ်ရပ်ကွက်များတွင် တစ်အိမ်ဝင်၊ တစ်အိမ်ထွက် ဝင်‌ရောက်စစ်‌ဆေးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါ CDM ရဲ ဝန်ထမ်းများအား ‌လေး‌ကေ‌ကော် မြို့သစ်ဧရိယာတွင် ရှာ‌ဖွေ ဖမ်းဆီးနိုင်ခြင်း မရှိ‌သေးသည့်အတွက် ယ‌နေ့ နိုဝင်ဘာလ ၁၉ရက် နံနက်ပိုင်းမှ စတင်၍ မယ့်‌ထော်သ‌လေး၊ မင်းလက်ပံ၊ ‌လေး‌ကေ‌ကော် မြို့သစ်ဘက်သို့ သွားလာရသည့် မယ့်‌ထော်သ‌လေး‌ကျေးရွာ လမ်းဆုံတွင် စစ်‌ကောင်စီတပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့ နှင့် ယာဉ်ထိမ်းတပ်ဖွဲ့များ စု‌ပေါင်းပိတ်ဆို့ကာ ‌ဒေသခံ အရပ်သားများ မြဝတီမြို့သို့ သွားလာ ကြသည့်ကားများ၊ ဆိုင်ကယ်များအား ရှာ‌ဖွေစစ်‌ဆေး ‌မေးမြန်း မှုများပြုလုပ်‌နေသည်။

Photo: က‌ဆောဝါး

ထိုသို့ စစ်‌ဆေးမှုများ‌ကြောင့် ‌ဒေသခံများမှာ မြဝတီ မြို့ ဘက်သို့ ‌ဈေး‌ရောင်း‌ဈေးဝယ်ကိစ္စ၊ ကျန်းမာ‌ရေးကိစ္စများ အတွက် ဖြတ်သန်းသွားလာမှုမလုပ်ရဲ ကြ‌တော့သလို ယခုလို ရှာ‌ဖွေစစ်‌ဆေးမှုများလုပ်‌ဆောင်မှု‌ကြောင့် ‌ဒေသတွင်း KNU တပ်ဖွဲ့ များနှင့် တိုက်ပွဲများဖြစ်ပွားမည်ကိုလည်း စိုးရိမ်‌နေကြ‌ကြောင်း မယ့်‌ထော်သ‌လေး ‌ဒေသခံများက ‌ပြောသည်။

‌ကေအဲန်ယူ ဒူးပလာယာခရိုင်( တပ်မဟာ ၆) ထိန်းချုပ်မှု‌အောက်တွင်ရှိပြီး မြဝတီမြို့ ‌တောင်ဘက် ကီလိုမီတာ ၃ဝ အကွာအ‌ဝေးရှိ ‌လေး‌ကေ‌ကော်မြို့သစ်တွင် ၂၀၂၁ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလ ၁ ရက်‌နေ့ စစ်အာဏာသိမ်းပြီး‌နောက်ပိုင်း စစ် ‌ကောင်စီတပ်ဖွဲ့မှ ‌ရှောင်တခင် ဝင်‌ရောက်စစ်‌ဆေးမှုပြုလုပ်သည်မှာ ယခုအကြိမ်အပါအဝင် ၅ ကြိမ် ရှိပြီဖြစ်သည်။