Home သတင်း တစ်ရက်အတွင်း BGF တပ်ဖွဲ့ဝင် ၁ဝ ဦးကျဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိဟု KNU ထုတ်ပြန်

တစ်ရက်အတွင်း BGF တပ်ဖွဲ့ဝင် ၁ဝ ဦးကျဆုံးပြီး ၅ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိဟု KNU ထုတ်ပြန်

1568
Photo: KNU

နိုဝင်ဘာ ၁၉ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး သထုံခရိုင် (တပ်မဟာ ၁ နယ်‌မြေ) ဖားအံမြို့နယ်ထဲတွင် နိုဝင်ဘာလ ၁၇ ရက်‌နေ့ တစ်ရက်အတွင်း နယ်ကြား‌စောင့်တပ် (BGF) တပ်ဖွဲ့ဝင် (၁၀)ဦးကျဆုံးပြီး (၅)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့‌ကြောင်း KNU က ယ‌နေ့ သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် နိုဝင်ဘာလ ၁၇ ရက်‌နေ့ နံနက် ၁ နာရီခန့်က ဖားအံမြို့နယ်၊ မဲသန‌ကျေးနယ်အုပ်စု ‌ကျော်‌ကေခီး‌ကျေး ရွာအနီးတွင် BGF (၉၉၉)တပ်မ၊ တပ်နယ်(၃)မှူး ‌စောလိုက်သိန့်ဦး‌ဆောင်‌သော ယာဉ်တန်းကို ကရင့်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော်(KNLA) တပ်မဟာ(၁)၊ တပ်ရင်း(၁)က ပစ်ခတ်တိုက်ခိုက်သဖြင့် (Vigo) အမျိုးအစားကား နှစ်စီးပျက်စီးပြီး BGF တပ်ဖွဲ့ဝင် (၇) ဦးကျဆုံးကာ ၅ ဦးဒဏ်ရာရရှိခဲ့သည်ဟု KNUက သတင်းထုတ်ပြန်ထားသည်။

ထို့အပြင် ထို‌နေ့ မွန်းလွဲ (၂) နာရီ‌ကျော်တွင် ‌ကျော်‌ကေ့ခီး‌ကျေးရွာနှင့် ဖလံ‌တောင် ‌ကျေးရွာအကြားရှိ နို့ပနားပူ ကားလမ်းမ‌ပေါ်တွင် အဆိုပါ BGF (၉၉၉) တပ်မယာဉ်တန်းအား KNLA တပ်ရင်း ၁ မှ ထပ်မံပစ်ခတ်တိုက်ခိုက်သဖြင့် ထိုတပ်မ လက်‌အောက်ခံ ဒုတပ်ရင်းမှူး‌စော‌ကျော်‌ဖောအပါအဝင် (၃)ဦးကျဆုံးကာ ကားတစ်စီးပျက်စီးခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ‌ဖော်ပြပါရှိသည်။

KNU သထုံခရိုင် ဖားအံမြို့နယ်အတွင်း ဝင်‌ရောက်လှုပ်ရှားသည့် ‌စောလိုက်သိန့် ဦး‌ဆောင်‌သော BGF (၉၉၉) တပ်မသည် လူ့အခွင့်အ‌ရေး ချိုး‌ဖောက်မှုအမျိုးမျိုးကို ကျူးလွန်‌နေသည့်အဖွဲ့ဖြစ်သည်ဟုလည်း KNU ၏ သတင်းထုတ်ပြန်ချက်တွင် ‌ပြောဆိုထားသည်။

အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ BGF တပ်နယ် (၂)မှ ဗျူဟာမှူးဖြစ်သူ ဗိုလ်မှူး‌စောတင်ဝင်းအား ယ‌နေ့ မွန်းလွဲပိုင်းက ဆက်သွယ်‌မေးမြန်းရာတွင် KNU သထုံခရိုင် ပစ်ခတ်တိုက်ခိုက်မှုဖြစ်စဉ်အတွင်း တပ်ဖွဲ့ဝင်အချို့ ထိခိုက်ကျဆုံးမှုရှိသည်ကို မှန်ကန်‌ကြောင်းနှင့် အချင်းချင်းအကြား ပဋိပက္ခများဆက်လက် မကြီးထွားလာ‌စေရန် လက်ရှိတွင် ၎င်းတို့တပ်ဖွဲ့ဝင်အချို့ကို ပြန်လည်ရုပ်သိမ်းထားလိုက်ပြီဖြစ်‌ကြောင်း ‌ပြောသည်။