နိုဝင်ဘာ ၁၁ ရက်၊ ၂၀၂၁ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ဖားအံမြို့တွင် ကိုဗစ်စတင်ဖြစ်ပွားမှုနှင့် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးကတည်းက အရောင်းအဝယ် ငြိမ်သက်ခဲ့သည့် အကျင်္ီတံဆိပ်ရိုက်လုပ်ငန်းနှင့် ကရင်အထည်များမှာ ပြီးခဲ့သည့် အောက်တိုဘာလမှစတင်ပြီး အရောင်း အဝယ်ကောင်းလာသည်ဟု လုပ်ငန်းရှင်များထံမှ သိရှိရသည်။
နယ်ကျေးရွာလူငယ်အဖွဲ့၊ ကျောင်းဆရာဆရာမနှင့် အထည်ဆိုင်ရောင်းသူများက မှာယူမှုများလာသည့်အတွက် ယခုလို အရောင်းအဝယ် ပြန်ကောင်းလာခြင်းဖြစ်သည်ဟု ကရင်ရိုးရာအထည်ဆိုင်နှင့် အကျင်္ီ တံဆိပ်ရိုက်လုပ်ငန်းရှင်တစ်ဦးက ယခုလို ပြောသည်။
” အခုက ကထိန်ရာသီဆိုတော့ နဲနဲတော့ အလုပ်တက်လာတယ်ပေါ့နော်။ ဟိုကိုဗစ်ဖြစ်ပြီးကတည်းက ငြိမ်သွား တာကြာပြီးလေ။ အခုကလည်း ကထိန်ရာသီဆိုတော့ နဲနဲမှာယူတာတွေ များလာတယ်။ ဒါပေမယ့် ဈေးကတော့ အရင်ကထက် တက်တယ်ပေါ့နော်။ ရွာက လူငယ်အဖွဲ့တွေ မှာယူတာများတယ်။ ” ဟု ကေအိုင်စီ သို့ ပြောသည်။
ကိုဗစ်ဖြစ်ပွားချိန်မှစပြီး အော်ဒါမှာယူမှုနည်းပါးလျက်ရှိကာ ယခုလို အောက်တိုဘာလလောက်တွင် လုပ်ငန်းများ ပြန်လည် လည်ပတ်နိုင်ခြင်းဖြစ်ပြီး ကရင်အထည်ဆိုင်ထက် အကျင်္ီတံဆိပ်ရိုက်လုပ်ငန်းက ပိုပြီးအမြတ်ငွေရရှိသလို ပွဲရှိမှသာလျှင် ကရင်အထည်များကို ရောင်း၍အဆင်ပြေကြောင်း လုပ်ငန်းရှင်များက ပြောသည်။

စစ်အာဏာသိမ်းနောက်ပိုင်း ငွေလဲမှုနှုန်းမြှင့်တက်လာသည့်အတွက် ယခင်ကထက် ဈေးတက်လာပြီး ယခင်တံ ဆိပ်ရိုက်အကျင်္ီတစ်ထည်လျှင် ပျမ်းမျှ ၂၅၀ဝ ကျပ်ရင်းနှီးရလျှင် ယခု ၂၉၀ဝ ကျပ်အထိ ရင်းနှီးရသည်ဟု အကျင်္ီ တံဆိပ်ရိုက် လုပ်ငန်းရှင်များ၏ ပြောပြချက်အရ သိရှိရသည်။
ကရင်ပြည်နယ်ရှိ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးနှင့် လှိုင်းဘွဲစသည့်မြို့နယ်ရှိ ကရင်ရိုးရာအထည်ဆိုင် များသည် လည်း အိန္ဒု၊ သံဖြူဇရပ် နှင့် ဖားအောက် ရက်ကန်းရုံများတွင် တိုက်ရိုက်မှာယူမှုရှိပြီး ယခုလိုကာလတွင် ကုန်ဈေးနှုန်းတက်သော်လည်း မဂင်္လာဆောင်ပွဲ၊ ရာသီအလှူပွဲများရှိသည့်အတွက် ရောင်းအားကောင်းလာခြင်းဖြစ်သည်ဟု ဆိုင်ရှင်အများစုက ပြောသည်။
ဖားအံမြို့တွင် မယု၊ ဒိုင်းမွန်း၊ ကျေးဇူးတော်၊ ရှူးထဘာ၊ ကောင်းကင်ပြာ၊ လျာ.ဖါန်နှင့် စတီဘင်ဂျီ စသည့် ကရင်ရိုး ရာအထည်ဆိုင်နှင့် အကျင်္ီတံဆိပ်ရိုက်လုပ်ငန်းပေါင်း ၂ဝ ဝန်းကျင်ခန့်ရှိသည်ဟု ဒေသခံများ၏ ပြောပြ ချက်အရ သိရှိရသည်။
ဖားအံမြို့ရှိ အကျင်္ီတံဆိပ်ရိုက်လုပ်ငန်းအများစုတွင် လိုအပ်သည့် ကုန်ကြမ်းဆေးရည်များကို မော်လမြိုင်နှင့် ရန်ကုန်တွင် မှာယူရသည်ဟု လုပ်ငန်းရှင်များက ပြောသည်။



















