Home သတင်း PPST ၏ အစည်းအ‌ဝေးထုတ်ပြန်ချက်အ‌ပေါ် စစ်‌ကောင်စီဘက်မှ ပြန်လည်ကန့်ကွက် သတိ‌ပေး

PPST ၏ အစည်းအ‌ဝေးထုတ်ပြန်ချက်အ‌ပေါ် စစ်‌ကောင်စီဘက်မှ ပြန်လည်ကန့်ကွက် သတိ‌ပေး

2110
Photo: PPST

နိုဝင်ဘာ ၁ဝ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

NCA အပစ်ရပ်စာချုပ် လက်မှတ်‌ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၁၀) ဖွဲ့၏ ငြိမ်းချမ်း ‌ရေးလုပ်ငန်းစဉ် ဦး‌ဆောင်အဖွဲ့(PPST)၏ ယခုလ နိုဝင်ဘာလ ၅ ရက်‌နေ့က ထုတ်ပြန်ခဲ့သည့် ‌ကြေညာချက်နှင့် ပတ်သက်ပြီး စစ်‌ကောင်စီဘက်မှ ယမန်‌နေ့ ၉ ရက်‌နေ့ ရက်စွဲဖြင့် ပြန်လည်ကန့်ကွက်သတိ‌ပေးခဲ့သည်ဟု သိရ သည်။

PPST အစည်းအ‌ဝေးပြီးထုတ်ပြန်ချက်၏ အပိုဒ် (၆)ပါ စစ်‌ကောင်စီက ပြည်သူလူထု၏ အိုးအိမ်များ၊ ဘာသာ ‌ရေး အ‌ဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်မှုများအ‌ပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချက်သည့် အသုံးအနှုန်း နှင့်ပတ်သက်ပြီး စစ်‌ကောင်စီဘက်မှ NCA ပါ ပြဌာန်းချက်များနှင့်အညီ အ‌လေးထားလိုက်နာရန် ပြန်လည် ကန့်ကွက်သတိ‌ပေးခဲ့ခြင်းဖြစ်သည်။

PPST ၏ ဦး‌ဆောင်‌ကော်မတီအဖွဲ့ဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာက “ကျ‌နော်အဲ့စာကို ၉ ရက်‌နေ့က တရားဝင် ရရှိပါ တယ်။ အခု PPST မှာက တရားဝင် စာပြန်ဖို့‌တော့ ရှိပါတယ်။ ဦး‌ဆောင်မှုက ၃ ဦးဖြစ်‌နေ‌တော့ လာမဲ့ တနလင်္ာ‌နေ့ မှ ဘယ်လို ကိုင်တွယ်မလဲ အ‌ကြောင်းပြန်မလဲဆိုတာကို‌တော့ တိုင်ပင်ပြီးမှ အ‌ကြောင်းပြန်လိုက်ပါမယ်” ဟု ‌ကေအိုင်စီ သို့‌ပြောသည်။

အဆိုပါ ကန့်ကွက်စာနှင့်ပတ်သက်ပြီး မည်သည့်မှတ်ချက်မှမ‌ပေးလို‌ကြောင်း နှင့် စစ်‌ကောင်စီအ‌နေဖြင့် ၎င်းတို့ အလုပ် ၎င်းတို့လုပ်ခြင်းသာ ဖြစ်‌ကြောင်းလည်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆက်‌ပြောသည်။

စစ်‌ကောင်စီ၏ အမျိုးသားစည်းလုံးညီညွတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုညှိနှိုင်း‌ရေး‌ကော်မတီမှတစ်ဆင့် ‌ပေးပို့သည့် အဆိုပါ ကန့်ကွက်စာတွင် PPST၏ ‌ဖော်ပြချက်သည် ၎င်းတို့ကို စွပ်စွဲသည့်သ‌ဘောသက်‌ရောက် ‌ကြောင်း ပြည်လူထု၏ အိုးအိမ်များ၊ ဘာသာ‌ရေး အ‌ဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်သည့် လုပ်ရပ် သည် အကြမ်းဖက်သမားများကသာ ရည်ရွယ်ချက်ရှိရှိ လုပ်‌ဆောင်သည့်လုပ်ရပ်ဖြစ်‌ကြောင်း စစ်‌ကောင်စီ၏ ကန့် ကွက်စာ၌ ပြန်လည်တုန့်ပြန်ထားသည်။

ဆက်လက်ပြီး တပ်မ‌တော် အ‌နေဖြင့် နိုင်ငံ‌တော် ကာကွယ်‌ရေး၊ လုံခြုံ‌ရေးနှင့် တည်ငြိမ်‌အေးချမ်း‌ရေး ဆိုင်ရာ ကိစ္စရပ်များ ‌ဆောင်ရွက်ရာ၌ အကြမ်းဖက်သူများနှင့် ‌ကျေးရွာ၊ မြို့များတွင် တိုက်ပွဲများဖြစ်ပွားရာတွင် လူ‌နေအိမ် များ၊ ဘာသာ‌ရေး အ‌ဆောက်အအုံများ၊ ‌ဆေးရုံ၊ စာသင်‌ကျောင်းများ အပါအဝင် ဥပ‌ဒေနှင့်အညီ‌နေထိုင်ကြ‌သော ပြည်သူများနှင့် သက်ဆိုင်သည့် ‌နေရာများအား ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်တိုက်ခိုက် ဖျက်ဆီးခြင်း လုံးဝမပြုလုပ် ‌ကြောင်းနှင့် ပြုလုပ်ရန်လည်း မူဝါဒ ညွှန်ကြားချက်မရှိ‌ကြောင်း၊ အကြမ်းဖက်သမားများ၏ လုပ်ရပ်‌ကြောင့် ပျက်စီး မှုများကို ပြည်သူလူထုများနှင့်ပူး‌ပေါင်း၍ ပြုပြင်‌ဆောင်ရွက်မှုများပြု‌နေ‌ကြောင်း ၎င်းကန့်ကွက်စာ၌ ဆက်လက် ‌ဖော်ပြထားသည်။

PPST အ‌နေဖြင့် ဖြစ်စဉ်အမှန်ကို တိတိကျကျမသိရှိဘဲ အကြမ်းဖက်သမားများ၏ အ‌ထောက်အထားမဲ့‌ရေးသား ‌ဖော်ပြ‌နေသည့် Social Media များအား ဖတ်ရှုပြီး တပ်မ‌တော်အ‌ပေါ် တစ်ဖက်သတ် စွပ်စွဲ‌ရေးသား ထုတ်‌ဖော်မှု များသည် NCA အခန်း(၃) အပိုဒ် ၅ (စ)ပါ အချက်က ‌ဖောက်ဖျက်ကျူးလွန်‌ကြောင်းလည်း စစ်‌ကောင်စီဘက်က ပြန်လည် ကန့်ကွက်ထားခြင်းဖြစ်သည်။

Photo: PPST

စစ်‌ကောင်စီ၏ ပြန်လည်ကန့်ကွက်သတိ‌ပေးချက်တွင်ပါဝင်သည့် NCA အခန်း(၃) အပိုဒ် ၅ (စ)ပါ အချက်တွင် အဖွဲ့အစည်းများအကြား ရန်လို‌သော ဝါဒ ဖြန့်ချိမှုများ၊ မမှန်မကန်‌သော(သို့မဟုတ်) ဂုဏ်သိက္ခာကို ညိုးနွှမ်း‌စေ ‌သော‌ပြောဆိုမှုများ၊ အသ‌ရေဖျက်သည့် ထုတ်ပြန်မှုများကို ပြည်တွင်း၌ ‌သော်လည်း‌ကောင်း၊ ပြည်ပ၌‌သော် လည်း‌ကောင်း၊ မပြုလုပ်ဘဲ ‌ရှောင်ကြဉ်ရန်ဟူ၍ ပါရှိသည်။

“သွားပြီး‌တော့ ငြင်းခုန်‌နေရင်လည်း မဖြစ်ဘူး‌လေ။ သူတို့က NCA ‌ကြောင့် ဆိုပြီး‌တော့ ‌ထောက်ပြထားတာ ဆို ‌တော့ ကျ‌နော်တို့မှာလည်း သွား‌ထောက်လို့ရှိရင် ‌ထောက်စရာ‌တွေက အ‌စောင်(ကန့်ကွက်စာ) ရာနဲ့ချီဖြစ်သွားမှာ ‌ပေါ့။ ကျ‌နော်တို့လည်း မလုပ်ပါဘူး။ ဒါ‌ကြောင့် သူတို့ အမြင်မကြည်ဘူးဆို‌တော့လည်း စာနဲ့ ‌ပေနဲ့ ပြန် အ‌ကြောင်းပြန်ရမှာ‌ပေါ့”ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆက်လက်‌ပြောဆိုသည်။

ယခုလ ၅ ရက်‌နေ့က ထုတ်ပြန်ခဲ့သည့် PPST ၏ ထုတ်ပြန်ချက်တွင် ချင်းပြည်နယ် ထန်တလန် ကိစ္စအပါအဝင် စစ်ကိုင်းတိုင်း၊ မ‌ကွေးတိုင်းနှင့် ကရင်နီ ‌ဒေသများတွင် စစ်‌ကောင်စီက ပြည်သူလူထု၏ အိုးအိမ်များ ဘာသာ‌ရေး အ‌ဆောက်အအုံများကို ပစ်မှတ်ထား တိုက်ခိုက်မှုအ‌ပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချပြီး ကျူးလွန်သူများကို လည်း ပြင်းထန်စွာ အ‌ရေးယူ‌ပေးရန် ‌တောင်းဆိုထားခြင်းဖြစ်သည်။

‌အောက်တိုဘာလ ၂၉ ရက် နှင့် ၃ဝ ရက်‌နေ့တွင် ဖြစ်ပွားခဲ့သည့် ထန်တလန်မြို့ မီး‌လောင်ကျွမ်းမှုဖြစ်စဉ်တွင် လူ‌နေ အိမ် ၁၆ဝ ‌ကျော်နှင့် ခရစ်ယာန် ဘုရားရှိခိုး‌ကျောင်း ၂ ‌ကျောင်းကို စစ်‌ကောင်စီတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးခဲ့ ခြင်းဖြစ်‌ကြောင်း‌ဒေသတွင်း သတင်းမီဒီယာများက ‌ဖော်ပြခဲ့ကြသည်။ စစ်‌ကောင်စီဘက်ကမူ ၎င်းလုပ်ရပ်ကို ပြည်သူ့ကာကွယ်‌ရေး တပ်ဖွဲ့(PDF) ဘက်မှ လုပ်‌ဆောင်ခဲ့ခြင်းဖြစ်‌ကြောင်း စွပ်စွဲထားပြီး PDF ဘက်လည်း ၎င်းတို့၏ လုပ်‌ဆောင်ချက်မဟုတ်ဘဲ စစ်‌ကောင်စီ၏ လုပ်‌ဆောင်မှုများသာဖြစ်‌ကြောင်း အပြန်အလှန် စွပ်စွဲ ထုတ်ပြန်‌ပြောဆိုခဲ့ကြသည်။

သို့‌သော် စစ်‌ကောင်စီဘက်မှ မီးရှို့ဖျက်ဆီးသည့် ရုပ်သံနှင့် ဓါတ်ပုံများ လူမှုကွန်ရက် စာမျက်နှာတွင် ‌ပေါ်ထွက် လာခဲ့သလို အဆိုပါစစ်‌ကောင်စီ၏ လုပ်ရပ်အ‌ပေါ် အ‌မေရိကန်ပြည်‌ထောင်စုအပါအဝင် ကရင်အမျိုးသားအစည်း အရုံး(KNU)၊ ကချင်လွတ်လပ်‌ရေးတပ်မ‌တော်(KIA)နှင့် ရက္ခိုင့်တပ်‌တော်(AA)၊ တအာင်းအမျိုးသား လွတ်‌မြောက် ‌ရေးတပ်မ‌တော် (TNLA)၊ ကိုးကန့်လက်နက်ကိုင်အဖွဲ့(MNDAA)တို့ဖြင့်စုဖွဲ့ထားသည့် ‌မြောက်ပိုင်း မဟာမိတ် ၃ဖွဲ့ စသည့် အစုအဖွဲ့အသီးသီးကလည်း အပြင်းအထန် ကန့်ကွက်ရှုတ်ချထုတ်ပြန်ခဲ့ကြသည်။

အဆိုပါ လူမှုကွန်ရက်‌ပေါ်တွင် ‌ပေါက်ကြားလာသည့် စစ်‌ကောင်စီ၏ ကန့်ကွက်သတိ‌ပေးစာသည် တရားဝင် ထုတ် ပြန်သည့် စာမျိုးမဟုတ်ဘဲ သက်ဆိုင်ရာ အဖွဲ့အစည်းအချင်းချင်းအကြား လျှို့ဝှက်‌ပေးပို့ရသည့် စာသာဖြစ်ပြီး ယခုလို လူမှုကွန်ရက်စာမျက်နှာ‌ပေါ်တွင် ပျံ့နှံ့ခဲ့ခြင်းဖြစ်‌ကြောင်းလည်း သိရသည်။

PPST ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF)၊ ရခိုင်ပြည် လွတ်‌မြောက်‌ရေး ပါတီ(ALP)၊ ချင်းအမျိုးသား၏တပ်ဦး(CNF)၊ ဒီမိုက‌ရေစီ အကျိုးပြု ကရင်တပ်မ‌တော်(DKBA)၊ ကရင်အမျိုးသား အစည်းအရုံး(KNU)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော် (ငြိမ်းချမ်း ‌ရေး‌ကောင်စီ)(KNU/KNLA PC)၊ ပအိုဝ်းအမျိုးသား လွတ်‌မြောက်‌ရေးအဖွဲ့ချုပ်(PNLO)၊ သျှမ်းပြည်ပြန် လည်ထူ ‌ထောင်‌ရေး‌ကောင်စီ/ သျှမ်းပြည်တပ်မ‌တော်(RCSS/SSA)၊ မွန်ပြည်သစ်ပါတီ(NMSP)၊ လားဟူဒီမိုကရက်တစ်အ စည်းအရုံး(LDU) စသည့် NCA အပစ်ရပ် ၁ဝ ဖွဲ့မှ ထိပ်ပိုင်း‌ခေါင်း‌ဆောင်များဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။