Home ကဗျာ အဖြူ‌ရောင် အားမာန် (ကဗျာ)

အဖြူ‌ရောင် အားမာန် (ကဗျာ)

1872

အဖြူ‌ရောင် အားမာန်
………………………………

– စိတ်မ‌ကောင်းပါဘူး…
အမှန်တရားလမ်း‌ပေါ်က
လျှပ်တစ်ပြက် လျှပ်စီး
အနီးအနားမှာ အပူ‌တွေမြင့်တက်
ပြုံးမယ့် အပြုံး‌တွေ မွဲလာတယ်
အမုန်း‌တွေလည်း သဲကွဲလာတယ်။

– အသံ‌တွေကို နား‌ထောင်ရမယ်…တဲ့
အများဖြစ်‌စေချင်တာ ဖြစ်ရမယ်…တဲ့
အ‌ကြောက်တရားနဲ့ စိုးမိုး‌နေသ‌ရွေ့
အချိုးအ‌ကွေ့တိုင်းမှာ သံစဉ်မှန်‌တွေ တိမ်မြုပ်။

– အသိတရား‌တွေ ယိုစီးလာပြီဆိုရင်…
ဘယ်သူမဆို
တန်ဖိုးရှိတဲ့ အသက်တစ်‌ချောင်းက
အလဟဿ မရင်းချင်ကြဘူး…
သပ်လျှို‌သွေးခွဲခြင်း‌တွေနဲ့
အရိုင်းအစိုင်း‌တွေ မင်းမူတဲ့ကာလမှာ
အဖြူ‌ရောင်‌တွေ လွင့်ပါးရ‌တော့မှာလား…။

– အလင်းနဲ့အ‌မှောင်ကြားမှာ…
‌ရောင်စုံသူပုန်ထတဲ့ ကာလမှာ…
စာအံသံ‌တွေ နည်းလာတာ
အလားအလာ မ‌ကောင်းဘူး…
အလင်းဟာ လူတိုင်းအတွက် မဟုတ်လား…
ဘဝက ခါးချင်ခါးမယ်
ခရီးက ‌ဝေးချင်‌ဝေးမယ်
ပုရစ်ဖူး‌တွေကို‌တော့ လျစ်လျူမရှုသင့်ဘူး။

– ပစ်မှတ်‌ချော်ရင်
တုံ့ပြန်မှုအားက ပြင်းလိမ့်မယ်
အ‌ရောင်‌တွေကို စစ်ထုတ်‌နေသ‌ရွေ့
အ‌ရောင်ရဲ့အ‌ငွေ့က စိမ်း‌နေဦးမှာပဲ
အလင်းနဲ့ ဘာမှမဆိုင်တဲ့ အ‌ရောင်
အ‌မှောင်ချ စိုးမိုး‌နေ‌တော့
ဇာတ်လိုက်ဖြစ်ဖို့ မလွယ်‌သေးဘူး။

– အ‌မှောင်ကမာ္ဘထဲမှာ အ‌လေအလွင့် မဖြစ်ချင်ဘူး…တဲ့
‌ပေါက်ကွဲသံစဉ်‌တွေက ရိုးရှင်းလှတယ်
သူတို့မှာ အနာဂတ်ရှိတယ်
သူတို့မှာ ဘဝရှိတယ်
သူတို့မှာ အခွင့်အလမ်းရှိတယ်
သူတို့မှာ အခွင့်အ‌ရေးလည်း ရှိတယ်
ဒါ‌ပေမဲ့…
အလင်းရဲ့အစ အ‌မှောင်ချလိုက်‌တော့…
သစ္စာ‌ရေ‌တွေ ခန်းသွား‌လေမလား…
‌မေတ္တာပန်း‌တွေ နွမ်းသွား‌လေမလား…။

– စိတ်မ‌ကောင်းပါဘူး …
တကယ်ကို စိတ်မ‌ကောင်းပါဘူး …
အမှန်တရား‌တွေ ထုတ်‌ဖော်လို့
အငြိုးအ‌တေး‌တွေက သိသိသာသာ
ဒါ…အာဏာဖီဆန်‌ရေးမှ မဟုတ်တာ
အနာဂတ်အတွက် အလင်းသံ
အလင်းအတွက် အဖြူ‌ရောင်ရဲ့အားမာန်။ ။

အမျိုးသားသစ္စာဖြင့်
‌စော‌ယောင့်သာအဲဆန်
၂ဝ •၁၁ •၂၀၂၁