Home သတင်း ‌နောင်မြလွဲ‌ကျေးရွာတွင် BGF တပ်ဖွဲ့ဝင် ပစ်သတ်ခံရမှုနှင့်ပတ်သက်၍ ကျူးလွန်သူ ၄ဦး ဖမ်းဆီးရမိ

‌နောင်မြလွဲ‌ကျေးရွာတွင် BGF တပ်ဖွဲ့ဝင် ပစ်သတ်ခံရမှုနှင့်ပတ်သက်၍ ကျူးလွန်သူ ၄ဦး ဖမ်းဆီးရမိ

1888
‌အောက်တိုဘာလ ၇ရက် ညပိုင်းတွင် ပစ်သတ်ခံရသည့် နယ်ခြား‌စောင့်တပ် ပုံများ

‌အောက်တိုဘာ ၁၃ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် ပိုင်ကျုံမြို့နယ် ‌နောင်မြလွဲ‌ကျေးရွာနှင့် ‌ကော့အီဆိုင်‌ကျေးရွာကြားတွင် ‌အောက်တိုဘာလ ၇ရက် ညပိုင်း က BGF တပ်ဖွဲ့ဝင်အချို့ ပစ်သတ်ခံရမှုနှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်ရာတွင် ပါဝင်ပတ်သက်သူ ၄ဦးကို နယ်‌မြေခံ BGF (၁၀၁၉)တပ်ရင်းက ဖမ်းဆီးလိုက်သည်ဟု ‌ဒေသအတွင်း တာဝန်ရှိသူထံမှ သိရသည်။

BGF တပ်ဖွဲ့ဝင်ကို သတ်ဖြတ်ခဲ့သည့်အပြင် ၎င်းတို့၏လက်နက်အချို့လည်း သယ်‌ဆောင်သည့်သွားအတွက် ကျူးလွန် သူများကို BGF ဘက်က ပြန်လည်လိုက်ဖမ်းရာ KNU/KNLA-ငြိမ်းချမ်း‌ရေး‌ကောင်စီအဖွဲ့မှ ထုတ်ပယ်ခံထားခဲ့ရသူ ‌စောဖာ့ကျုံးနှင့်အတူ BGF တပ်ဖွဲ့ဝင်ဖြစ်ခဲ့ဖူးသူ ‌နောင်မြလွဲရွာသား ၁ဦးနှင့် ‌ကော့အီဆိုင်‌ကျေးရွာသား ၂ဦးတို့ကို လက် နက်နှင့်အတူ ရှာ‌ဖွေဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။

ပြစ်မှုကျူးလွန်သည်ဆိုပြီး ပြန်လည်ဖမ်းဆီးခံရသူ ၄ဦးအနက် ၃ဦးမှာ လက်ရှိအချိန်တွင် ‌သေဆုံးသွားပြီဖြစ်သလို ‌ခေါင်း ‌ဆောင်ဖြစ်သူ ‌စောဖာ့ကျုံးမှာလည်း ‌ခြေတစ်ဖက်၊ လက်တစ်ဖက်ကျိုးကာ ဖမ်းဆီးထိန်းသိမ်းခံထားရသည်ဟု ၎င်း‌ဒေသ အတွင်း တာဝန်ရှိသူတစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

သူက “သူတို့ ဖမ်းမိတဲ့အချိန်မှာ‌တော့ အမျိုးသမီးတစ်ဦးပါတယ်။ အမှုထဲမှာ ပါဝင်ပတ်သက်တာ မရှိဘူးဆို‌တော့ ပြန် လွှတ်‌ပေးလိုက်တယ်။ အဲဒီထဲမှာ အဓိက ‌ခေါင်း‌ဆောင်က ဖာ့ကျုံး‌ပေါ့။ သူတို့က မူးယစ်‌ဆေးကိစ္စ‌တွေ ရှိထားတယ်။ အဲဒီအသတ်ခံရတဲ့ BGF ‌ခေါင်း‌ဆောင်က သူတို့ကို ဒဏ်ရိုက်ထားတာ‌တွေရှိလို့ မ‌ကျေနပ်လို့ သွားသတ်တယ်လို့ ကြား တယ်။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဖမ်းဆီးခံရ‌သော ကျူးလွန်သူများ၏ ပစ်သတ်ခြင်းခံရသည့် BGF တပ်မှူးသည် ယခင်က မူးယစ်‌ဆေးဝါးအမှုနှင့် ဖားအံ ‌တောင်က‌လေး‌ထောင်တွင် အကျဉ်းကျခဲ့ဖူးသူတစ်ဦးဖြစ်သည်ဟုလည်း အဆိုပါ‌ဒေသခံ တာဝန်ရှိသူက ‌ပြောသည်။

ယင်းသို့ လူသတ်မှုဖြစ်ပွားသည့်ကိစ္စမှာ အဖွဲ့အစည်းအချင်းချင်းကြား ဖြစ်ပွားသည့်ကိစ္စမဟုတ်ဘဲ ပုဂ္ဂိုလ်‌ရေးမ‌ကျေနပ် ချက်နှင့် ဖြစ်ပွားသည့်ကိစ္စဖြစ်သည့်အတွက် လက်ရှိအချိန်တွင် ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိပြီဖြစ်‌ကြောင်း BGF အမှတ်(၂)တပ်နယ် ဗျူဟာမှူးဗိုလ်မှူး‌စောတင်ဝင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ကျ‌နော်သိရတာက အဲဒီသွားသတ်တဲ့လူ‌တွေကို ဖမ်းမိသွားပြီ။ သွားဖမ်းတဲ့အချိန်မှာ ထွက်‌ပြေးလို့ ၂ဦး‌လောက် ‌သေနတ်ထိပြီး ‌သေဆုံးသွားတယ်လို့‌ပြောတယ်။ ဒီလူသတ်မှုကလည်း သူတို့အတွင်း‌ရေးကိစ္စချင်း မ‌ကျေနပ်ကြလို့ သတ် ကြတာဖြစ်တယ်။ သွားသတ်တဲ့အထဲမှာလည်း BGF တပ်ဖွဲ့ဝင်ပါတယ် လို့‌ပြော‌ပေမယ့်လည်း အဲဒီလူ‌တွေက ရွာမှာ‌နေ ပြီး ဟိုအဖွဲ့ကိုကူးလိုက်၊ ဒီအဖွဲကူးလိုက် လုပ်‌နေတဲ့လူ‌တွေ‌ပေါ့။”ဟု ‌ပြောသည်။

လူသတ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိချိန် မတိုင်ခင်ရက်များက ‌နောင်မြလွဲနှင့် ‌ကော့အိမ်ဆိုင်‌ကျေးရွာများရှိ ‌ဒေသခံ ‌ကျေးရွာလူထုများကို နယ်‌မြေခံ BGF တပ်ဖွဲ့ဝင်များက ‌ခေါ်ယူ၍ ခြိမ်း‌ခြောက်‌ပြောဆိုမှုများရှိခဲ့‌ကြောင်း ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။

အဆိုပါ‌ပြောဆိုချက်နှင့်ပတ်သက်၍ လက်ရှိအချိန်တွင် ပြစ်မှုကျူးလွန်သူများကို ဖမ်းဆီးရမိပြီဖြစ်သလို ‌ကျေးရွာလူထု နှင့် မဆိုင်သည့်အတွက် လူထုများအ‌ပေါ် ခြိမ်း‌ခြောက်မှုများ‌ပြောဆိုမှု တစ်စုံတစ်ရာ လုပ်‌ဆောင်ခြင်းမရှိ‌ကြောင်း BGF ဘက်က ဆိုသည်။

‌အောက်တိုဘာလ ၇ရက်‌နေ့က BGF တပ်ဖွဲ့ဝင် ၃ဦးနှင့်အတူ မိသားစုဝင်တစ်ဦး ပစ်သတ်ခံခဲ့ရပြီး ၎င်းတပ်ဖွဲ့ဝင်များ သည် ‌နောင်မြလွဲ‌ကျေးရွာတွင် ဂိတ်ချထားသည့် BGF ၁၀၁၉ တပ်ရင်းမှ တပ်ဖွဲ့ဝင်များဖြစ်‌ကြောင်း သိရသည်။