Home သတင်း KNDO နှင့်တိုက်ပွဲတွင် စစ်‌ကောင်စီမှ ဗိုလ်မှူးအပါအဝင် (၇)ဦးကျဆုံးပြီး (၅)ဦးဒဏ်ရာရ

KNDO နှင့်တိုက်ပွဲတွင် စစ်‌ကောင်စီမှ ဗိုလ်မှူးအပါအဝင် (၇)ဦးကျဆုံးပြီး (၅)ဦးဒဏ်ရာရ

1541
Photo: KNU

‌အောက်တိုဘာ ၁၈ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

‌ညောင်‌လေးပင်ခရိုင်၊ ‌ကျောက်ကြီးမြို့နယ်တွင် ‌အောက်တိုဘာလ ၁၄ ရက်‌နေ့က ကရင်အမျိုးသားကာကွယ်‌ရေးတပ်ဖွဲ့ -KNDO နှင့် စစ်‌ကောင်စီတပ်တို့အကြားဖြစ်ပွားသည့်တိုက်ပွဲတွင် စစ်‌ကောင်စီတပ်ဘက်မှ ဗိုလ်မှူး (၁)ဦးအပါအဝင် (၇) ဦးကျဆုံးပြီး (၅) ဦးဒဏ်ရာရရှိခဲ့သည်ဟု KNU သတင်းနှင့် ပြန်ကြား‌ရေးဌာန၏ ‌ဖေ့ဘွတ်လူမှုကွန်ရက်စာ မျက်နှာ‌ပေါ်တွင် ယ‌နေ့ (‌အောက်တိုဘာလ ၁၈ ရက်) ထုတ်ပြန်ထားသည်။

‌ကျောက်ကြီးမြို့နယ် မူသယ်ရွာ‌ကျေးရွာအထွက်တွင် လုံခြုံ‌ရေးယူထား‌သော (KNDO) တပ်ရင်း(၃) နှင့် စစ်‌ကောင်စီတပ် ‌ခြေမြန်တပ်ရင်း ခမရ-၅၅၉ နှင့် ခမရ-၅၉ဝတို့အကြား တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ရာတွင် စစ်‌ကောင်စီတပ်ဘက်မှ ထိုသို့ ထိခိုက်ကျဆုံးခဲ့ခြင်းဖြစ်သည်ဟု KNUဘက် ‌ပြောသည်။

တပ်အင်အား ၁၆ဝ ခန့်ရှိ အဆိုပါ စစ်‌ကောင်စီတပ်ဖွဲ့သည် KNU တပ်မဟာ(၅) ဘက်သို့ သွား‌ရောက်ရန်အတွက် ‌ညောင်‌လေးပင်ခရိုင်၊ ‌ကျောက်ကြီးမြို့နယ်၊ မူသယ်ရွာ‌ကျေးရွာအတွင်း ‌အောက်တိုဘာလ ၁၃ ရက်‌နေ့တွင် ‌ရောက်ရှိခဲ့ခြင်းဖြစ်သည်ဟု KNU၏ သတင်းထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

Photo: KNU