Home သတင်း ‌ကော့ကရိတ်‌တောင်ပိုင်းတွင် ‌ဒေသခံတစ်ဦးကို လမ်းပြအဖြစ် စစ်‌ကောင်စီတပ် ဖမ်းဆီး‌ခေါ်‌ဆောင်ခဲ့

‌ကော့ကရိတ်‌တောင်ပိုင်းတွင် ‌ဒေသခံတစ်ဦးကို လမ်းပြအဖြစ် စစ်‌ကောင်စီတပ် ဖမ်းဆီး‌ခေါ်‌ဆောင်ခဲ့

953
ယ‌နေ့‌တွေ့မြင်ရသည့် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် ( KNLA) တပ်ဖွဲ့ဝင်များ။ (Photo_KNLA)

‌အောက်တိုဘာ ၁၈ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်၊ ‌ကော့ကရိတ်မြို့‌တောင်းပိုင်းတွင် ဝင်‌ရောက်လှုပ်ရှား‌နေသည့် စစ်‌ကောင်စီတပ်များသည် ယမန်‌နေ့ ‌အောက်တိုဘာလ ၁၇ရက်‌နေ့တွင် ‌ဒေသခံတစ်ဦးကို လမ်းပြအဖြစ် ဖမ်းဆီး‌ခေါ်‌ဆောင်မှုလုပ်‌ဆောင်ခဲ့ ပြီး ယ‌နေ့နံနက်တွင် ပြန်လွှတ်‌ပေးခဲ့သည်ဟု ‌ဒေသအတွင်း သတင်းအရင်းအမြစ်အရ သိရှိရသည်။

အင်အား ၆ဝ ခန့်ရှိ စစ်‌ကောင်စီတပ် ‌ခြေမြန်တပ်ရင်း ခမရ ၅၅၆ နှင့် ၅၆ဝ တပ်ရင်းတို့သည် ယမန်‌နေ့ ‌အောက်တို ဘာလ ၁၇ ရက်‌နေ့က မြို့‌ဟောင်း‌ကျေးရွာမှ ရွာသစ်‌ကျေးရွာကို ‌ခြေလျင်ဖြင့် ပြန်လာစဉ် နွား‌ကျောင်း‌နေသည့် ရွာသစ်‌ဒေသခံတစ်ဦးကို လမ်းပြအဖြစ် ဖမ်းဆီး‌ခေါ်‌ဆောင်ခဲ့ခြင်းဖြစ်သည်ဟု KNLA နှင့် နီးစပ်သူများက ‌ပြောသည်။

KNLA နှင့် နီးစပ်သူတစ်ဦးက”သူ့ကို မ‌နေ့ညက စစ်တပ်က ဖမ်းထားတာ၊ နွားသွား‌ကျောင်းရင်း သူ့ကို ဖမ်းလိုက်တာ‌ပေါ့‌နော် လမ်းပြအ‌နေနဲ့။ မျက်နှာ‌တွေ၊ ဘာ‌တွေ အကုန်ဖုံးထားတယ်။ တညလုံးဖမ်းထားတယ်။ စစ်တပ်က ရွာသစ် မိကစိန်ဘုန်းကြီး‌ကျောင်းမှာ တညအိပ်လိုက်တယ်။ ဒီမနက် ရွာသစ် (ဘ.က)‌ကျောင်းကို ပြန်‌ရောက်တယ်။ ရွာ‌ရောက်ပြီး မနက် ၇နာရီ‌လောက်မှာ ဖမ်းထားတဲ့လမ်းပြကို ပြန်လွှတ်တယ်။ ” ဟု ယ‌နေ့ ‌ကေအိုင်စီသို့ ‌ပြောသည်။

ရွာသစ်‌ကျေးရွာသို့ ပြန်လည်ဝင်‌ရောက်လာသည့် စစ်‌ကောင်စီတပ်သည် ရွာအဝင်တွင် နယ်‌မြေခံ KNLA တပ်ဖွဲ့နှင့် မိနစ် ၂ဝ ခန့်ပစ်ခတ်မှုဖြစ်ပွား‌သေးသည်ဟု ၎င်း KNLA နှင့် နီးစပ်သူက ဆက်‌ပြောသည်။

ယ‌နေ့‌တွေ့မြင်ရသည့် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် ( KNLA) တပ်ဖွဲ့ဝင်များ။ (Photo_KNLA)

အဆိုပါ စစ်‌ကောင်စီတပ် စစ်ဆင်‌ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၃) လက်‌အောက်ခံ ‌ခြေမြန်တပ်ရင်း-ခမရ ၅၅၆၊ ခမရ-၅၆ဝ တပ်ဖွဲ့သည် ပြီးခဲ့သည့် ‌အောက်တိုဘာလ ၁၆ ရက်‌နေ့တွင်လည်း အံက‌လော်ရွာဘက်တွင် KNLA တပ်မဟာ(၆) တပ်ရင်း(၁၈)၊ (၂၇) ပူး‌ပေါင်းတပ်ဖွဲ့တို့နှင့် ထိပ်တိုက်ပစ်ခတ်မှု ဖြစ်ပွားခဲ့‌သေးသည်။

၎င်းတိုက်ပွဲအတွင်း စစ်‌ကောင်စီတပ်ဘက်မှ ၄ ဦးကျဆုံးပြီး ၄ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNLA တပ်ဖွဲ့ဝင် သတင်းအရင်းအမြစ်ဘက်က ‌ပြောသည်။

‌ကော့ကရိတ်‌တောင်ပိုင်း ရွာသစ်‌ကျေးရွာတွင် စစ်‌ကောင်စီတပ်များ ယခုလိုပြန်လည်တပ်စွဲထားသည့်အတွက် စစ်‌ကောင်စီတပ်မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မည်ကို ‌ဒေသခံများက စိုးရိမ်‌ကြောက်လန့်လျက်ရှိပြီး စစ်‌ကောင်စီတပ်စွဲထားသည့် အနီးအနားရှိ‌ဒေသခံများမှာ ‌ဘေးလွတ်ရာ အသိမိတ်‌ဆွေများ‌နေအိမ်သို့ ‌ပြောင်း‌ရွှေ့‌နေထိုင်ကြရသည်ဟု ‌ဒေသခံများက ‌ပြောသည်။

‌နေ့လည် ၁ နာရီခွဲအချိန်တွင်လည်း ရွာသစ်‌ကျေးရွာတွင် တပ်စွဲထားသည့် ထိုစစ်‌ကောင်စီတပ်နှင့် နယ်‌မြေခံ KNLA တပ်တို့အကြား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့‌သေးသည်ဟု ‌ဒေသခံများ၏ ‌ပြောဆိုချက်အရ သိရှိရသည်။