Home သတင်း ၂၀၂၁ ခုနှစ်အတွက် ပဒိုမန်းရှာ လူငယ်‌ခေါင်း‌ဆောင်ဆုအတွက် အဆိုပြုနိုင်ပြီဟု ဖန်း‌ဖောင်‌ဒေးရှင်းထုတ်ပြန်

၂၀၂၁ ခုနှစ်အတွက် ပဒိုမန်းရှာ လူငယ်‌ခေါင်း‌ဆောင်ဆုအတွက် အဆိုပြုနိုင်ပြီဟု ဖန်း‌ဖောင်‌ဒေးရှင်းထုတ်ပြန်

1607

‌အောက်တိုဘာလ ၂၆ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

၂၀၂၁ခုနှစ်အတွက် ပဒိုမန်းရှာလားဖန်း လူငယ်‌ခေါင်း‌ဆောင်ဆုကို အဆိုပြုအမည်စာရင်း စတင် ‌ပေးသွင်းနိုင်ပြီဖြစ်‌ကြောင်း ယမန်‌နေ့ ‌အောက်တိုဘာလ ၂၅ရက်‌နေ့တွင် ဖန်း‌ဖောင်‌ဒေးရှင်း (Phan foundation) က ထုတ်ပြန်‌ကြေညာ လိုက်သည်။

အဆိုပါ ပဒိုမန်းရှာ လူငယ်‌ခေါင်း‌ဆောင်ဆုမှာ ကရင်အမျိုးသားများ၏ ကျန်းမာ‌ရေး၊ ပညာ‌ရေး၊ လူ့အခွင့်အ‌ရေး၊ သဘာဝပတ်ဝန်းကျင်တည်တံ့‌ရေး နှင့် စာ‌ပေယဉ်‌ကျေးမှုဆိုင်ရာများတွင် ကိုယ်ကျိုးမငဲ့ဘဲ ဦး‌ဆောင်လှုပ်ရှား‌ဆောင်ရွက်‌နေသည့် မည်သည့်လူငယ်မဆို Phan Foundation မှ နှစ်စဉ်‌ရွေးချယ်ဂုဏ်ပြုသည့် ဆုတစ်ခုလည်းဖြစ်သည်။

“ကရင်လူငယ်‌ခေါင်း‌ဆောင်များသည် ပညာ‌ရေး၊ ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှု၊ လူမှု‌ရေး‌ပြောင်းလဲမှုနှင့် ‌ရေရှည်တည်တံ့‌သောပတ်ဝန်းကျင်များမှတစ်ဆင့် ရပ်ရွာဖွံ့ဖြိုးတိုးတက်‌ရေးတွင် အ‌ရေးပါ‌သောအခန်းကဏ္ဍမှ ပါဝင်‌နေပါသည်။ ၎င်းတို့၏ ကြိုးစားအားထုတ်မှုနှင့် ကြိုးပမ်းမှုများသည် အသိအမှတ်ပြုမှုနှင့် ပံ့ပိုး မှုများနှင့်ထိုက်တန်သည်” ဟု Phan Foundation ၏ ဒါရိုက်တာ နန့်ဘွားဘွားဖန်းက ထုတ်ပြန်‌ကြေညာချက်တွင် ‌ပြောဆိုထားသည်။

ဆက်လက်၍ နန့်ဘွားဘွားဖန်းက “လူငယ်အသိုင်းအဝိုင်း‌ခေါင်း‌ဆောင်များကို ပံ့ပိုး‌ပေးခြင်းအားဖြင့် အ‌ခြေခံလူတန်းစားအသိုင်းအဝိုင်းများအတွက် တိုးတက်‌သောအနာဂတ်နှင့် ငြိမ်းချမ်း‌သောလူ့အဖွဲ့အစည်းကို ဖန်တီးရန် Phan Foundation ကတိကဝတ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။”ဟုလည်း ဆက်‌ပြောသည်။

ထိုဆုအတွက် မိမိတို့လုပ်‌ဆောင်နိုင်ခဲ့သည့် ‌အောင်မြင်မှုရလဒ်များကို အဓိကထားကာ အသက် ၃၅ နှစ်‌အောက် မည်သည့်‌နေရာတွင် ‌နေထိုင်သည့် ကရင်လူငယ်မဆို၊ အဖွဲ့အစည်းမဆို ‌လျှောက်ထားနိုင်သလို အဖွဲ့အစည်းများ အ‌နေဖြင့်လည်းဆုအတွက် မိမိတို့၏ အဖွဲ့ဝင်များကို ‌ထောက်ခံအဆိုပြုနိုင်သည်။

ပဒိုမန်းရှာလားဖန်း လူငယ်‌ခေါင်း‌ဆောင်ဆု ၂၀၂၁ ခုနှစ်အတွက် ‌ရွေးချယ်ခံရပါက ဆုအတွက် အ‌မေရိကန် ‌ဒေါ်လာ ၄၀၀ဝ ချီးမြှင့်သွားမည်ဖြစ်သည်ဟု Phan Foundation က ထုတ်ပြန်ထားပြီး အဆိုပြု‌လျှောက် လွှာများကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်‌နေ့တွင် ‌နောက်ဆုံးထားကာ လက်ခံသွားမည်ဟု သိရသည်။

ထို့အပြင် ‌လျှောက်လွှာများကို ကရင်၊ မြန်မာ၊ အဂင်္လိပ်ဘာသာများဖြင့် အမည်၊ အသက်၊ ‌မွေးသက္ကရာဇ်၊ ‌နေရပ်နှင့် အဖွဲ့အစည်းစသည့် အချက်အလက်များဖြင့် bwabwa.phan@phanfoundation.org တွင် ‌ပေးပို့ ‌လျှောက်ထားနိုင်ပြီး ၂၀၂၂ ခုနှစ် အ‌စောပိုင်းတွင် ယင်းဆုအတွက် ‌ရွေးချယ်ခံရသူကို ထုတ်ပြန်‌ကြေညာသွားမည်ဟုလည်း Phan Foundation က ထုတ်ပြန်ထားသည်။

ကွယ်လွန်သူ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ်‌ဟောင်း ပဒိုမန်းရှာ လားဖန်းနှင့် ဇနီးနန့်ကျင်‌ရွှေတို့အား ရည်စူး၍ ကျန်ရစ်သူသားသမီးများမှ အဆိုပါ‌ဖောင်‌ဒေးရှင်းကို တည် ‌ထောင်ပြီး နယ်ပယ်အသီးသီးတွင် စွမ်း‌ဆောင်နိုင်ခဲ့သည့် ကရင်လူငယ်များကို ၂၀၀၈ ခုနှစ်မှစတင်ကာ နှစ်စဉ်‌ရွေးချယ်ချီးမြှင့်ခြင်းဖြစ်သည်။

၂၀၀၈ ခုနှစ်မှစ၍ ပဒိုမန်းရှာ လူငယ်‌ခေါင်း‌ဆောင်ဆုကို ‌ညောင်‌လေးပင်ခရိုင်မှ ‌နော်‌ဖောကဘလာထူး၊ ဖာပွန် ခရိုင်မှ ‌စောညွန့်ဝင်း၊ ဘိတ်-ထားဝယ်ခရိုင်မှ ‌နော်ဒီဇင်ဘာ‌ဖော၊ Free Burma Ranger အဖွဲ့မှ ‌စောထူးထူးအယ်၊ ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့(KWEG)မှ နမ့်သန္တာ‌အောင်၊ ကရင် အမျိုးသမီးအစည်းအရုံး(KWO)မှ ‌နော်က‌ညော‌ဖောနှင့် ကရင်သဘာဝပတ်ဝန်းကျင်နှင့် လူမှု‌ရေးဆိုင်ရာ လှုပ်ရှားမှုအဖွဲ့မှ ‌နော်ဆာမူး၊ Hpa-An Youth Network မှ စရှိုင်းနှင့် အင်တာနက် လူမှုကွန်ရက်များမှတစ်ဆင့် ကရင်စာ‌ပေဖွံ့ဖြိုး‌ရေးလုပ်ငန်းများ ဦး‌ဆောင်လုပ် ကိုင်‌နေသူ စခန့်သူလှိုင်ဝင်းတို့ကို အသီးသီး‌ပေးအပ်ခဲ့သည်။

၎င်းအပြင် ဆယ်နှစ်ပြည့် ၂၀၁၇ ခုနှစ်အတွက် အဆိုပါ လူငယ်‌ခေါင်း‌ဆောင်ဆုကို ထိုင်းနိုင်ငံ၊ ဘန်‌ကောက်မြို့တွင် လူမှု‌ရေး လုပ်ငန်းလုပ်‌ဆောင်‌နေသူ ကရင်ဒုက္ခသည်များဆိုင်ရာ လူမှု‌စောင့်‌ရှောက်‌ရေးအဖွဲ့ (OKRSO)မှ ‌စောအဲသိုနှင့် အမျိုးသမီး အခွင့်အ‌ရေးဆိုင်ရာ တက်ကြွလှုပ်ရှား‌နေသူ ကရင်အမျိုးသမီးအစည်းအရုံး(KWO)မှ ‌နော်ဆဲဆဲ တို့နှစ်ဦးကို ပူးတွဲချီးမြှင့်ခဲ့သည်။

ထို့အတူ ၂၀၁၈ခုနှစ် အတွက်ကို မြန်မာနိုင်ငံအပါအဝင် အ‌ရှေ့အလယ်ပိုင်း ‌ဒေသတို့တွင် စစ်‌ဘေးဒဏ်ခံရသည့် ပြည်သူများအား ကျန်းမာ‌ရေးဆိုင်ရာ ကယ်ဆယ်‌ရေးလုပ်‌ဆောင်‌နေသူ Free Burma Ranger (FBR) ‌ဆေးမှူး ‌စောဂျိုးဇက် နှင့် ၂၀၁၉ ခုနှစ်ဆုကို ပညာ‌ရေးဖွံ့ဖြိုးတိုးတက်‌ရေးအတွက် လှုပ်ရှား ‌နေသူ ကရင်ပညာ‌ရေးနှင့် ယဉ်‌ကျေးမှုဌာန (KECD)မှ ‌စောဆာ‌နေ‌သော နှင့် ၂၀၂၁ခုနှစ်ဆုကို ‌ကော့ကရိတ်မြို့နယ် အ‌ခြေစိုက် လူမှု‌ရေး တက်ကြွလှုပ်ရှား‌ဆောင်ရွက်သူ‌နေသူ ‌စောမင်းခလိန်းတို့ အသီးသီး‌ပေးအပ်ချီးမြှင့်ခဲ့ပြီးဖြစ်သည်။