Home သတင်း မြဝတီမြို့တွင် ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့် ဖမ်းဆီးခံရသူများထဲမှ ၂ဝ ဦး လွှတ်‌ပေး

မြဝတီမြို့တွင် ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့် ဖမ်းဆီးခံရသူများထဲမှ ၂ဝ ဦး လွှတ်‌ပေး

1132

‌အောက်တိုဘာ ၁၉ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့တွင် ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့် ဖမ်းဆီးခံရပြီး တရား ရင်ဆိုင်‌နေရသူ ၂ဝ ဦးအား ယ‌နေ့ (‌အောက်တိုဘာလ ၁၉ ရက်) မွန်းတည့် ၁၂ နာရီခန့်က မြို့နယ်တရားရုံးမှာ အမှုပိတ်သိမ်း၍ လွှတ်‌ပေးခဲ့‌ကြောင်း သိရသည်။

မြဝတီမြို့တွင် ပြီးခဲ့သည့် ‌ဖေ‌ဖော်ဝါလအတွင်းက စစ်အာဏာရှင်ဆန့်ကျင်‌ရေး ဆန္ဒပြမှုများတွင် ပါဝင်ခဲ့၍ ပုဒ်မ ၅၀၅ (က) ဖြင့် အမှုဖွင့်ခံရကာ မြဝတီရဲစခန်း၌ (၇) လ နီးပါးထိန်းသိမ်းခံရပြီး မြို့နယ်တရားရုံးမှာ အမှုရင်ဆိုင်‌နေရသူ ၅၈ ဦး ရှိသည့် အနက် ယ‌နေ့တွင် ၂ဝ ဦးအား အမှုပိတ်သိမ်း၍ လွှတ်‌ပေးခဲ့ခြင်းဖြစ်သည်။

“ဒီက‌နေ့ လွှတ်‌ပေးတာက‌တော့ အမျိုးသား ၁၅ ‌ယောက်နဲ့ အမျိုးသမီး ၅ ‌ယောက် စုစု‌ပေါင်း အ‌ယောက် ၂ဝ ‌ပေါ့။ ပြည်‌ထောင်စုအဆင့်က‌နေပြီး ‌ပေးပို့ထားတဲ့ နာမည် စာရင်းအတိုင်း လွှတ်‌ပေးရတာပါ။ ဒီတစ်‌ခေါက် လွတ်ငြိမ်းချမ်းသာခွင့်မှာ ဒီအ ‌ယောက် ၂ဝပဲ ပါဝင်ပါတယ်။ အချုပ်ထဲမှာ ကျန်ရှိ‌နေတဲ့ သူ‌တွေလည်း ရှိပါတယ်။ သူတို့‌တွေက‌တော့ ‌နောက်တစ်ကြိမ် လွတ်ငြိမ်းချမ်းသာမှာ အမည်စာရင်းပါမှပဲ လွှတ်‌ပေးခွင့် ရှိပါမယ်” ဟု တာဝန်ရှိသူတစ်ဦးက ‌ပြောသည်။

‌ဖေ‌ဖော်ဝါရီလ ၁ ရက် စစ်အာဏာသိမ်းပြီး‌နောက် မြဝတီမြို့တွင် ပုဒ်မ ၅၀၅ (က)ဖြင့် အမှုဖွင့်ခံရသူ ၁၀ဝ ‌ကျော်ရှိခဲ့ပြီး ထိုထဲမှ ပြီးခဲ့သည့် နှစ်လခန့်က ၃၉ ဦး လွှတ် ‌ပေးခဲ့သလို ယ‌နေ့တွင် ၂ဝ ဦး ထပ်မံလွှတ်‌ပေးခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်၍ ပုဒ်မ ၅၀၅(က) ဖြင့် လက်ရှိ မြဝတီရဲစခန်း အချုပ်တွင်းမှ အမှုရင်ဆိုင် ‌နေရသူ ၃၈ ဦး ကျန်ရှိ‌နေသလို တိမ်း‌ရှောင်‌နေသူ ၃ဝ ‌ကျော် ရှိ‌ကြောင်း သိရသည်။

သီတင်းကျွတ်ကာလ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နိုင်ငံတဝှမ်းရှိ အချုပ်‌ထောင် အသီး သီးမှ နိုင်ငံ‌ရေးအကျဉ်းသား ၁၃၁၆ ဦးနှင့် အမှုရင်ဆိုင်‌နေရဆဲ ၄၃၂ဝ ဦးအား လွှတ် ‌ပေးမည်ဟု စစ်‌ကောင်စီက ယမန်‌နေ့ ‌အောက်တိုဘာ ၁၈ ရက်စွဲဖြင့် ထုတ်ပြန် ‌ကြေငြာထားသည်။

ထိုသို့ ထုတ်ပြန်‌ကြေညာထားပြီး‌နောက် ယမန်‌နေ့က ည‌နေပိုင်းမှစ၍ နိုင်ငံတဝှမ်းရှိ အကျဉ်း‌ထောင် အသီးသီးရှိနိုင်ငံ‌ရေးအကျဉ်းသားများနှင့် နိုင်ငံ‌ရေးပုဒ်မဖြင့် အချုပ်တွင်းမှ အမှုရင်ဆိုင်‌နေရဆဲ အချုပ်သားများကို အမှုပိတ်သိမ်း၍ လွှတ်‌ပေး လျက်ရှိ‌ကြောင်း သိရသည်။

စစ်‌ကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် အကြမ်းဖက် ‌ဖောက်ခွဲဖျက်ဆီးမှု များတွင် မပါဝင်‌သော ဆန္ဒပြသူများကို လွှတ်‌ပေးမည်ဟု ‌ဖော်ပြထား‌သော်လည်း ၎င်းတို့၏ မိသားစုဝင်များမှာ သာမန်ဆန္ဒပြသူများသာဖြစ်‌သော်လည်း လွှတ်‌မြောက် လာခြင်း မရှိ‌သေး၍ ယခု လွတ်ငြိမ်းချမ်းသာခွင့်မှာ တန်းတူညီမျှမှုမရှိ‌ကြောင်း ‌ဝေဖန်‌ပြောဆိုမှုများလည်း ရှိ‌နေသည်။