Home သတင်း ထိပ်သီး‌ဆွေး‌နွေးပွဲ၌ စစ်‌ခေါင်း‌ဆောင်ကို ဖယ်ထုတ်သည့် အာဆီယံ၏ ဆုံးဖြတ်ချက်ကို ကြိုဆို ‌သော်လည်း အရပ်သားကိုယ်စားလှယ် ဖိတ်ကြားမည့်အ‌ပေါ် ဆန့်ကျင်‌ကြောင်း အရပ်ဖက်အဖွဲ့‌ပြော

ထိပ်သီး‌ဆွေး‌နွေးပွဲ၌ စစ်‌ခေါင်း‌ဆောင်ကို ဖယ်ထုတ်သည့် အာဆီယံ၏ ဆုံးဖြတ်ချက်ကို ကြိုဆို ‌သော်လည်း အရပ်သားကိုယ်စားလှယ် ဖိတ်ကြားမည့်အ‌ပေါ် ဆန့်ကျင်‌ကြောင်း အရပ်ဖက်အဖွဲ့‌ပြော

1077

‌အောက်တိုဘာ ၁၉ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ယခုလ ကုန်ပိုင်းတွင် ကျင်းပမည့် ထိပ်သီးအစည်းအ‌ဝေးတွင် အာဏာသိမ်းစစ်‌ခေါင်း‌ဆောင် မင်း‌အောင် လှိုင်ကို တက်‌ရောက်ခွင့် မပြုသည့် အာဆီယံ၏ ဆုံးဖြတ်ချက်ကို ကြိုဆို‌သော်လည်း နိုင်ငံ‌ရေးနှင့် မသက် ဆိုင်သည့် အရပ်သားကိုယ်စားလှယ် ဖိတ်ကြားသွားမည့်အ‌ပေါ် ဆန့်ကျင်‌ကြောင်း မြန်မာအရပ် ဖက်အဖွဲ့အစည်းများက ယမန်‌နေ့‌အောက်တိုဘာလ ၁၈ရက်‌နေ့တွင် သတင်းထုတ်ပြန်ချက် ထုတ်ကာ ‌ပြောဆိုခဲ့သည်။

လာမည့် ‌အောက်တိုဘာလ ၂၅ ရက်မှ ၂၈ ရက်‌နေ့အထိ ကျင်းပပြုလုပ်ရန်ရှိသည့် အာဆီယံ ထိပ်သီး အစည်းအ‌ဝေးပွဲသို့ စစ်‌ကောင်စီ ‌ခေါင်း‌ဆောင်မင်း‌အောင်လှိုင်ကို ပါဝင်တက်‌ရောက်ခွင့်မပြုဘဲ ၎င်းအစား နိုင်ငံ‌ရေးနှင့် ပတ်သက်မှုမရှိသည့် အရပ်သားကိုယ်စားလှယ်ကို တက်‌ရောက်ခွင့် ‌ပေးသွားမည်ဖြစ် ‌ကြောင်း ယခုလ‌အောက်တိုဘာလ ၁၅ ရက်‌နေ့က ကျင်းပပြုလုပ်ခဲ့သည့် အာဆီယံ၏ အ‌ရေး‌ပေါ် နိုင်ငံခြား‌ရေးရာ ဝန်ကြီးများအစည်းအ‌ဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

‌ရှေ့‌ပြေးအသံအဖွဲ့၏ ဒါရိုက်တာ မခင်ဥမ္မာ က “‌ရွေးချယ်လိုက်တဲ့ ကိုယ်စားလှယ်က နိုင်ငံ‌ရေးနဲ့ဆိုင်တာ မဆိုင်တာဆိုတာထက် စစ်‌ကောင်စီကို ကိုယ်စားပြု‌နေသမျှကာလပတ်လုံး ကျမတို့အ‌နေနဲ့ ဒီအာဆီ ယံထိပ်သီး အစည်းအ‌ဝေးပွဲမှာ သူတို့ရဲ့ ကိုယ်စားပြုမှု‌တွေကို လုံးဝဆက်လက် ကန့်ကွက်ရှုတ်ချ သွားမှာဖြစ်ပါတယ်။ ဒီအာဏာသိမ်းစစ်အုပ်စုက အကြမ်းဖက်အဖွဲ့အစည်းဖြစ်သလို ထိပ်သီး‌ဆွေး ‌နွေးပွဲကို သူတို့က‌နေ ကိုယ်စားပြု တက်‌ရောက်ဖို့ ခန့်အပ်လိုက်တဲ့ ဘယ်သူမဆို မြန်မာပြည်သူ‌တွေကို ကိုယ်စားပြုမှာမဟုတ်ပါဘူး။” ဟု သတင်းထုတ်ပြန်ချက်တွင် ‌ပြောဆိုထားသည်။

၎င်းအပြင် နိုင်ငံ‌ရေးနှင့် မသက်ဆိုင်သည့် ကိုယ်စားလှယ်ကို ထိပ်သီး‌ဆွေး‌နွေးပွဲတွင် ဖိတ်‌ခေါ်ခြင်း သည်လည်း နိုင်ငံ‌ရေးအရ အ‌ခြေခံဖြစ်လာသည့် ပြဿနာများကို နိုင်ငံ‌ရေးနှင့် မသက်ဆိုင်သလို ‌ဖြေ‌လျှော့ရန် ကြိုးပမ်းလုပ်‌ဆောင်သည့် အသွင်‌ဆောင်ပြီး မြန်မာ့အ‌ရေးကိစ္စနှင့် ပတ်သက်ပြီး ထပ်မံ တုံ့ဆိုင်း‌နေမည့်အစား အာဆီယံအ‌နေဖြင့် အမျိုးသားညီညွတ်‌ရေး အစိုးရကို ထိပ်သီး‌ဆွေး‌နွေးပွဲသို့ ပါဝင်တက်‌ရောက်ရန် တရားဝင် ဖိတ်‌ခေါ်ခြင်းဖြင့် မြန်မာပြည်သူများ၏ တရားဝင်အစိုးရအ‌နေဖြင့် ချက်ချင်း အသိအမှတ်ပြု လက်ခံရမည်ဖြစ်‌ကြောင်းလည်း မခင်ဥမ္မာက ဆက်‌ပြောသည်။

အလားတူ ပြီးခဲ့သည့် ‌အောက်တိုဘာလ ၁၃ ရက်‌နေ့ကလည်း အာဆီယံ ထိပ်သီးအစည်းအ‌ဝေးပွဲသို့ စစ်‌ကောင်စီ ‌ခေါင်း‌ဆောင် မင်း‌အောင်လှိုင်ကို တက်‌ရောက်ခွင့် မ‌ပေးရန် အရပ်ဖက်အဖွဲ့အစည်း‌ပေါင်း (၅၂) ဖွဲ့က အာဆီယံ ‌ခေါင်း‌ဆောင်များကို အိတ်ဖွင့်‌ပေးစာ‌ပေးပို့ ‌တောင်းဆိုခဲ့ကြ‌သေးသည်။

စစ်‌ကောင်စီ ‌ခေါင်း‌ဆောင်အ‌နေဖြင့် ဧပြီလ ၂၄ ရက်‌နေ့က သ‌ဘောတူညီထားသည့် မြန်မာ့နိုင်ငံ‌ရေး အကျပ်အတည်း‌ဖြေရှင်း‌ရေးဆိုင်ရာ အာဆီယံထိပ်သီးအစည်းအ‌ဝေး သ‌ဘောတူညီချက် (၅) ရပ်ကို လက်‌တွေ့ အ‌ကောင်အထည်‌ဖော်‌ဆောင်ရွက်ခြင်းမရှိဘဲ အကြမ်းဖက်လုပ်ရပ်များကို ဆက်လက်ကျူး လွန်‌နေဆဲအ‌ပေါ် အာဆီယံဘက်မှ အသိအမှတ်ပြုမှုမျိုးမ‌ပေးရန် ထိုသို့ အိတ်ဖွင့်‌ပေးစာ‌ပေးပို့ ကန့်ကွက်လိုက်းခြင်းလည်း ဖြစ်သည်။

ယခင် ဧပြီလ ၂၄ ရက်‌နေ့ က ပြုလုပ်ခဲ့သည့် အာဆီယံ‌ခေါင်း‌ဆောင်များ၏ အထူးအစည်းအ‌ဝေးပွဲ၌ မြန်မာ့နိုင်ငံ‌ရေး ပဋိပက္ခကို ‌ဖြေရှင်းရန် ဘုံသ‌ဘော တူညီချက် (၅) ချက်ကို ချမှတ်ခဲ့ပြီး အကြမ်းဖက်များ ချက်ချင်း ရပ်တန့်ရန်၊ သက်ဆိုင်ရာ အဖွဲ့အစည်းများအားလုံးနှင့် ပဋိပက္ခ‌ဖြေရှင်း‌ရေး ညှိနှိုင်း‌ဆွေး‌နွေးရန်၊ ကြားဝင်‌ဆောင်ရွက်‌ပေးမည့် အာဆီယံအထူးသံတမန်ခန့်အပ်ရန်၊ လူသားချင်းစာနာ‌ထောက်ထားမှု အကူအညီများ ခွင့်ပြု‌ပေးရန်နှင့် အထူးကိုယ်စားလှယ် မြန်မာနိုင်ငံသို့ လာ‌ရောက်၍ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ‌တွေ့ဆုံနိုင်ရန် စသည့်အချက်များပါဝင်သည်။

နိုင်ငံ‌ရေးအရ ဖိအားများလာသည့် စစ်‌ကောင်စီအ‌နေဖြင့် ယမန်‌နေ့ ‌အောက်တိုဘာလ ၁၈ ရက်‌နေ့မှစပြီး အကျဉ်းကျ ခံ‌နေရသူ ၁,၃၁၆ ဦး နှင့် တရားစွဲဆိုခံထားရသူ ၄,၃၂ဝ ဦးကို လွှတ်‌ပေး‌ကြောင်း ‌ကြေညာကာ တက်ကြွလှုပ်ရှားသူများ၊ ဆန္ဒထုတ်‌ဖော်ရာတွင် ဖမ်းဆီးထိန်းသိမ်းခံရသူတချို့ နှင့် သတင်းသမား တချို့ကို ပြန်လွှတ်‌ပေးခဲ့ပြီး ယ‌နေ့တွင်လည်း ဆက်လက်လွှတ်‌ပေး‌နေ‌ကြောင်း သိရသည်။

သို့‌သော် တချို့ ပြန်လွှတ်လာသူများကို ထပ်တိုးအမှုစွဲ၍ ထပ်မံဖမ်းဆီးမှုများ ပြုလုပ်ပြီး ပြန်လွှတ်လာသူများအ‌နေဖြင့်လည်း ခံဝန်လက်မှတ်‌ရေးထိုးမှသာ လွှတ်‌ပေးခြင်းဖြစ်‌ကြောင်း ပြန်လွှတ်လာသူများထံမှ သိရသည်။ လက်ရှိတွင်လည်း စစ်‌ကောင်စီဘက်မှ စစ်‌ရေးအရ ထိုးစစ်ဆင် တိုက်ခိုက်မှုများ၊ အရပ်သားများအ‌ပေါ်ပစ်မှတ်ထား၍ အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်မှုများ ကို ဆက်လက်ကျူးလွန်လုပ်‌ဆောင်လျက်ရှိ‌ကြောင်း အကြမ်းဖက်မှုများကို ‌စောင့်ကြည့်‌လေ့လာသည့် လူ့အခွင့်အ‌ရေးအဖွဲ့အစည်းများက ထုတ်ပြန်‌ပြောဆိုမှုများရှိသည်။

မင်း‌အောင်လှိုင်နှင့် ၎င်းစစ်တပ်အ‌နေဖြင့် လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားအ‌ပေါ် ဆန့်ကျင်ကျူးလွန်သည့် ရာဇဝတ်မှုနှင့် စစ်ရာဇဝတ်မှုဖြင့် ကျူးလွန်‌ကြောင်း စွပ်စွဲခံထားရသည့်အ‌ပေါ် အာဆီယံအ‌နေဖြင့် ၎င်း၏ ထိပ်သီးအစည်းအ‌ဝေးတွင် အာဏာသိမ်း စစ်တပ်ကို ကိုယ်စားပြုခွင့်မ‌ပေးခြင်းဖြင့် အာဆီယံ၏ ဂုဏ်သိက္ခာကို ထိန်းသိမ်းခြင်းဖြစ်‌ကြောင်းကို ‌သေချာ‌အောင် ပြုလုပ်သင့်‌ကြောင်းလည်း မြန်မာ အရပ်ဖက်အဖွဲ့အစည်းများက တိုက်တွန်း ‌ပြောဆိုထားသည်။