Home ဆောင်းပါး ‌ခေတ်မီတိုးတက်တဲ့ ဖက်ဒရယ်ပြည်‌တော်သစ်ဆီသို့

‌ခေတ်မီတိုးတက်တဲ့ ဖက်ဒရယ်ပြည်‌တော်သစ်ဆီသို့

2085

‌ခေတ်မီတိုးတက်တဲ့ ဖက်ဒရယ်ပြည်‌တော်သစ်ဆီသို့
‌မောင်‌ကျော်စွာ
(၂၀၂၁ခုနှစ်၊ ‌အောက်တိုဘာ ၁၉ရက်)

၁၉၄၈ – ၄၉ ပြည်တွင်းစစ်ကြီး အရှိန်အဟုန်နဲ့ စတင် ‌တောက်‌လောင်တာကို မမီ၍ မသိရှိခဲ့ပါ။ စာအုပ်စာတမ်း များ၊ ဆရာသမား၊ မိဘလူကြီးများရဲ့ ‌ပြောပြချက်များကတဆင့်သာ သိရှိခဲ့ရပါတယ်။ စာ‌တွေ့နဲ့ တဆင့်ကြားသိချက် များအရ အင်မတန် ပြင်းထန်လိမ့်မယ်ဆိုတာ‌တော့ သိပ်ကို ထင်ရှားပါတယ်။

၁၉၈၈ခုနှစ်၊ ဒီမိုက‌ရေစီအ‌ရေး‌တော်ပုံကြီးကို‌တော့ ကိုယ်‌တွေ့ကြုံခဲ့ရတာမို့ သိသ‌လောက်သိပါတယ်။ ထိုသို့ ‌သော လူထုအုံကြွမှုကြီးကို ထိုစဉ်က စာ‌စောင်စာတမ်းများက ‘လှည်း‌နေလှ‌အောင်း မြင်း‌ဇောင်းမကျန်’ ပါဝင်ဆင်နွှဲခဲ့ကြ တဲ့ အ‌ရေး‌တော်ပုံကြီးအဖြစ် ‌ရေးသား‌ဖော်ပြခဲ့ကြပါတယ်။ စက်တင်ဘာ ၁၈ရက် (နဝတ)စစ်အုပ်စုက အာဏာသိမ်းပြီး တဲ့‌နောက်မှာ‌တော့ ကျ‌နော်တို့လူငယ်‌ကျောင်းသား‌တွေ လူမျိုးစုတိုင်းရင်းသား လက်နက်ကိုင်များ အ‌ခြေပြုရာ‌ဒေသများ သို့ အ‌မြောက်အမြား ‌ရောက်ရှိသွားခဲ့ပါတယ်။ တချို့က ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ လွတ်‌မြောက်‌ဒေသများ၊ ‌ပြောက် ကြားလှုပ်ရှားရာ‌ဒေသများသို့ အသီးသီး ‌ရောက်ရှိသွားကြပါတယ်။

ထို‌ခေတ်က ယ‌နေ့မျက်‌မှောက်‌ခေတ်နဲ့ မတူပါ။ သတင်း‌တွေကို သတင်းစာ၊ ‌ရေဒီယို၊ ရုပ်မြင်သံကြား‌နေ တဆင့်သာ ကြားရ၊ သိရပါတယ်။ အထူးသဖြင့် ဘီဘီစီ၊ ဗွီအို‌အေနဲ့ ‌အေအိုင်အာရ် စတဲ့ပြည်ပ‌ရေဒီယိုသတင်းများကိုသာ အားပြုနား‌ထောင်ခဲ့ကြရတာပါ။ တယ်လီဖုန်းဆိုတာက‌တော့ သိပ်ကို အလှမ်း‌ဝေးလွန်းပါတယ်။ သုံးစွဲနိုင်သူ အ‌ရေအ တွက် အင်မတန် နည်းပါတယ်။ အရာရှိကြီးကြီး၊ စီးပွား‌ရေးသမားများနဲ့ လူချမ်းသာ‌တွေရဲ့ အိမ်မှာသာရှိတာပါ။

ယ‌နေ့မျက်‌မှောက်‌ခေတ်က‌တော့ ကမာ္ဘ့ကြီးရဲ့တစ်ဖက်ခြမ်းမှာ ဖြစ်ပျက်သမျှကို ကျန်တစ်ဖက်ခြမ်းက အချိန်နဲ့ တ‌ပြေးညီ ကြည့်နိုင်သိနိုင်‌သော ‌ခေတ်ကြီးဖြစ်‌နေပါပြီ။ ဒါ့အပြင် သက်ဆိုင်ရာဖြစ်ရပ်နဲ့ပတ်သက်ပြီး မိမိသ‌ဘောထားအ မြင်ကို ချက်ချင်လက်ငင်း ‌ရေးသား‌ဖော်ပြနိုင်‌သော အခွင့်အလမ်းလည်းရှိပါတယ်။ စာသားတင်မက၊ ရုပ်‌သေ၊ ရုပ်ရှင် (ဗွီ ဒီယိုများပါ) တင်ပို့နဲ့ ရယူနိုင်‌သော အ‌နေအထားဖြစ်ပါတယ်။ တစ်‌ယောက်နဲ့တစ်‌ယောက် သို့မဟုတ် လူများစုနဲ့ တပြိုင်နက် မျက်နှာချင်းဆိုင်ပြီး ‌ဆွေး‌နွေးသကဲ့သို့ (IT)နည်းပညာအကူအညီဖြင့် ‌ဆွေး‌နွေးအမြင်ဖလှယ်နိုင်ပါတယ်။ စမတ်ဖုန်းတစ်လုံးနဲ့ အင်တာနက်ခသာ ရှိဖို့လိုပါတယ်။

ကျ‌နော်တင်ပြချင်သည်မှာ အိုင်တီနည်းပညာအကူအညီနဲ့ ကျ‌နော်တို့ လှုပ်ရှားမှု‌တွေကို အများပြည်သူက တပြိုင်နက်တစ်ချိန်တည်း သိရှိနိုင်‌အောင်လုပ်နိုင်တဲ့ အခွင့်အလမ်း‌တွေရှိ‌နေသလို၊ ကျ‌နော်တို့သိရှိလို‌သော အ‌ကြောင်း ချင်းရာများကိုလည်း မိနစ်၊ နာရီ၊ ‌နေ့ညအချိန်မဆိုင်းဘဲ သိရှိနိုင်‌သော အ‌ခြေအ‌နေဖြစ်တယ်ဆိုတာပါ။
ဒီလိုမျက်‌မှောက်‌ခေတ်ကြီးထဲမှာ (၁-၂-၂၀၂၁)ရက်‌နေ့မှာ ဗိုလ်မင်း‌အောင်လှိုင်-ဗိုလ်စိုးဝင်း အကြမ်းဖက်(စကစ) စစ်အုပ်စုရဲ့ အာဏာသိမ်းမှု ‌ပေါ်ထွက်လာသလို အာဏာသိမ်းမှု‌ကြောင့် တိုက်ရိုက်‌ပေါ်ထွက်လာတဲ့ ရလဒ်ဖြစ်တဲ့ ငြိမ်း ချမ်းစွာ ဆန့်ကျင်အုံကြွဆန္ဒပြမှုများ ထိုမှတဆင့်မြင့်‌သော လက်နက်ကိုင်‌တော်လှန်‌ရေး လှုပ်ရှားမှုများအထိ ကျ‌နော်တို့ မျက်‌စေ့‌ရှေ့မှာ အရှိန်အဟုန်နဲ့ တိုးတက်ဖြစ်ပွား‌နေတာကို ‌နေ့စဉ်နဲ့အမျှ ကြား‌တွေ့သိမြင်‌နေကြရပါတယ်။

အကြမ်းဖက်(စကစ) စစ်အုပ်စုရဲ့အာဏာသိမ်းမှု‌ကြောင့် ‌ပေါ်‌ပေါက်လာတဲ့ ပြည်သူများရဲ့ ငြိမ်းချမ်းစွာဆန္ဒပြမှု များနဲ့ ‌နောက်ဆက်တွဲ ‌ပေါ်‌ပေါက်လာရတဲ့ လက်နက်ကိုင်‌တော်လှန်မှုများဟာ ကျ‌နော်တို့ကိုယ်‌တွေ့ ဖြတ်သန်းခဲ့ရတဲ့ ၁၉၈၈ခုနှစ် ဒီမိုက‌ရေစီအ‌ရေး‌တော်ပုံကြီးထက် ပြည်သူလူထုပါဝင်မှု ပိုမိုကြီးမားတယ်။ ပိုမိုကျယ်ပြန့်တယ်၊ အရှိန်အ ဟုန် ပိုမိုပြင်းထန်တယ် ဆိုတာကို နှိုင်းယှဉ်သိနဲ့ ထင်ထင်ရှားရှားသိရှိရပါတယ်။ ၁၉၄၈ – ၄၉ ခုနှစ်က အုံကြွမှုဖြစ်ရပ် များနဲ့‌တော့ ကိုယ်‌တွေ့မဟုတ်လို့၊ မနှိုင်းယှဉ်နိုင်လို့ အ‌သေအချာ မ‌ပြောနိုင်ပါဘူး။

‌သေချာတဲ့ ပထမဆုံးအချက်က‌တော့ ဒီလှုပ်ရှားမှုကြီးမှာ ‌မြေပြန့်‌နေ ဗမာလူများစုကြီး အရှိန်အဟုန်နဲ့ တခဲနက် အုံကြွပါဝင်‌နေတဲ့ အချက်ပါပဲ။ ဒုတိယအချက်က အကြမ်းဖက်(စကစ)စစ်အုပ်စု ဆန့်ကျင်‌ရေးလှုပ်ရှားမှု‌တွေဟာ ဟို တုန်းကလို ငုပ်လျှိုးအားနည်းမသွားဘဲ ပုံစံမျိုးစုံနဲ့ အရှိန်အဟုန်မပျက် ဆက်လက် ‌ပေါ်‌ပေါက်‌နေတယ်ဆိုတဲ့ အချက်ဖြစ် ပါတယ်။ တတိယအချက်က ရန်ကုန်၊ မန္တ‌လေး၊ ‌နေပြည်‌တော် စတဲ့ မြို့ကြီးပြကြီး‌တွေမှာ ‌ပြောက်ကျားဆန္ဒပြပွဲ‌တွေနဲ့ အတူ ‌ပြောက်ကျားတိုက်ခိုက်မှု‌တွေ ‌နေ့စဉ်နဲ့အမျှ‌ပေါ်‌ပေါက်ဖြစ်ပွား‌နေတဲ့အချက်ပါပဲ။ စတုတ္တအချက်က စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကချင်ပြည်နယ်၊ ကယားပြည်နယ် စတဲ့‌ဒေသ‌တွေမှာ တိုက်ပွဲ‌တွေအရှိန်အဟုန်နဲ့ ဖြစ် ပွား‌နေတာပါ။

ခြုံငုံ‌ပြောရရင် ရခိုင်ပြည်နယ်မှအပ ကျန်တိုင်းနဲ့ပြည်နယ်‌တွေမှာ ‌သေနတ်သံ‌တွေ၊ မိုင်းသံ‌တွေ အစီအရီ မြည် ဟီး‌နေတယ် ဆိုတဲ့အချက်ပါ။ ပဉ္စမအချက်က‌တော့ ဗိုလ်မင်း‌အောင်လှိုင်- ဗိုလ်စိုးဝင်းအကြမ်းဖက်(စကစ) စစ်အုပ်စုဟာ အခုလို တစ်ပြည်သူတစ်ရပ်လုံးက ယခင်လို ငြိမ်းချမ်းစွာ ဆန္ဒပြတာက‌နေ တစ်ဆင့်မြင့်တဲ့ လက်နက်ကိုင်‌တော်လှန် ပုန်ကန်မှုအထိ အရှိန်အဟုန်နဲ့ တက်လှမ်းသွား‌နေတာကို အကြီးအကျယ် ထိတ်လန့်‌နေတဲ့အချက်ဖြစ်ပါတယ်။ ပြည်ပ က‌နေလည်း ကြီးမားတဲ့ တွန်းအားဖိအား‌တွေကို တပြိုင်နက် ရင်ဆိုင်‌နေပါတယ်။ မကြာ‌သေးခင်ကပဲ အကြမ်းဖက် (စကစ)စစ်အုပ်စုရဲ့အရှိုက်ကို ထိုးလိုက်သလို အာဆီယံအစည်းအ‌ဝေးတက်‌ရောက်ခွင့် ပိတ်ပင်တာခံလိုက်ရတယ် မဟုတ်ပါလား။

ဒါ‌ကြောင့်ပဲ အကြမ်းဖက် (စကစ)စစ်အုပ်စုဟာ ပြည်သူလူထုအ‌ပေါ် အကြမ်းဖက်မှု၊ ဖိနှိပ်မှု‌တွေ၊ ကန့်သတ် တားဆီးမှု‌တွေ၊ ဖမ်းဆီးအကြပ်အကိုင်မှု‌တွေမျိုးစုံကို မီးကုန်ယမ်းကုန်လုပ်လာသလို ပြည်သူချင်း ‌သွေးခွဲရန်တိုက်‌ပေးတဲ့ လုပ်ရပ်‌တွေကိုလည်း အဆက်မပြတ် အရူးအမူး လုပ်‌ဆောင်‌နေပါတယ်။ အဲဒီအထဲက အဓိကကျတဲ့ တစ်ခုက‌တော့ လူမျိုးစု‌တွေနဲ့ အရှိန်အဟုန်နဲ့ နိုးကြားလာ‌နေတဲ့ ဗမာလူများစုကြီးကို ‌သွေးခွဲရန်တိုက်‌ပေး‌နေတဲ့အချက်ပါပဲ။ အဲဒီလုပ် ငန်းအတွက် ဒင်းတို့ကိုင်စွဲထားတဲ့ လက်နက်ကိရိယာက‌တော့ (NCA) စာချုပ်ပါပဲ။ ဒီစာချုပ်ကိုပြပြီး လူမျိုးစုလက်နက် ကိုင်အင်အားစု‌တွေ(EAOs)နဲ့ အသစ်‌ပေါ်ထွန်းလာတဲ့ အင်အားစု‌တွေဖြစ်တဲ့ NUG/CRPH/PDF ‌တွေအကြားမှာ နည်း လမ်း‌ပေါင်းစုံနဲ့ အဆက်မပြတ် သပ်ရှို ‌သွေးခွဲ‌နေတာပါ။

ကျ‌နော်အထက်မှာ အချက်အလက်‌တွေခွဲပြီး တင်ပြခဲ့သလိုပါပဲ။ အကြမ်းဖက်(စကစ) စစ်အုပ်စုဟာ ပြည်တွင်း ပြည်ပ အကြပ်အတည်း‌ပေါင်းစုံကို ဘယ်‌ခေတ်ဘယ်ကာလနဲ့မတူ‌အောင် ရင်ဆိုင်‌နေရတာပါ။ ဒီလို ပတ်လည်ဝိုင်း‌နေတဲ့ အကြပ်အတည်း‌ပေါင်းစုံက‌နေ အလွယ်တကူလွတ်‌မြောက်ဖို့ မလွယ်ကူပါဘူး။ ဒါ‌ပေမယ့် တစ်ခု‌တော့ရှိပါတယ်။

(NCA)စာချုပ်ကို အဓိကလက်ကိုင်ပြုပြီး စဉ်ဆက်မပြတ် ‌ချော့မြှူလှည့်ဖြား‌နေတဲ့ အကြမ်းဖက်(စကစ)စစ်အုပ် စုရဲ့ ‌သွေး‌ဆောင်မှုထဲ နည်းအမျိုးမျိုးနဲ့ နစ်မွန်းကျဆင်း‌မျောပါ မသွားဖို့‌တော့ လိုအပ်ပါတယ်။ သမိုင်းမှာ ပြန်ကြည့်ပါ။

လူမျိုးစုလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့‌တွေထဲမှာ ‌တော်လှန်‌ရေးဝါအရင့်ဆုံးဖြစ်တဲ့ (KNU)က‌နေ မူတည် ထားပြီးကြည့်ပါ။ ဘယ်လူမျိုးစု‌တော်လှန်‌ရေးအဖွဲ့မှ အပြီးသတ်‌အောင်ပွဲ မရဖူး‌သေးပါဘူး။ ထို့အတူ (၁၉၆၃ ခုနှစ် ‌နောက်ပိုင်းကစလို့) ဘယ်မြို့၊ ဘယ်‌ဒေသကိုမှလည်း မသိမ်းပိုက်နိုင်ခဲ့ပါဘူး။ လွတ်‌မြောက်‌ဒေသရယ်လို့လည်း ပီပီပြင် ပြင် မတည်‌ဆောက်နိုင်ခဲ့ကြပါဘူး။ ခံစစ်‌သေအထိုင်စခန်းကြီး‌တွေသာ နယ်စပ်မျဉ်းနဲ့ယှဉ်ပြီး ထိုင်ထားနိုင်ခဲ့ကြပြီး ရန်သူရဲ့ သာလွန်တဲ့ အ‌မြောက်ပစ်အား၊ ‌လေယာဉ်ပစ်ကူအား‌အောက်မှာ အားမတန်မာန်‌လျှော့ တစ်ခုပြီးတစ်ခု လက် လွှတ်ခဲ့ကြရပါတယ်။

ဒီလို ဘာ‌ကြောင့်ဖြစ်ရသလဲဆိုတာကို ကျ‌နော်ဉာဏ်မီသ‌လောက် ‌လေ့လာစဉ်းစားကြည့်တဲ့အခါ အဓိကကျတဲ့ အချက် ၅ချက်ကို ‌လေ့လာရရှိခဲ့ပါတယ်။ အဲဒီအချက်‌တွေက‌တော့
၁။ မိမိလူမျိုး၊ မိမိ‌ဒေသကိုသာ ‘ကွက်’ပြီး အ‌ခြေခံထားခြင်း။
၂။ စစ်‌ရေးမှာ ‘ခံစစ်‌သေ’ကို တစ်ဖက်သတ် အားကိုးခြင်း၊ ‌ပြောက်ကျားစစ် အားနည်းခြင်း။
၃။ မိမိ‌ဒေသ‌ဘေးနံမှာရှိတဲ့ ဘဝတူလူမျိုးစုများနဲ့ နိုင်ငံ‌ရေး၊ စစ်‌ရေးကြံ့ခိုင်တဲ့ တပ်‌ပေါင်းစုကို အရှည်သဖြင့် ညီညွတ် ‌သွေးစည်း‌အောင် မတည်‌ဆောက်နိုင်ခြင်း၊ မချဲ့ထွင်နိုင်ခြင်း။
၄။ လူမျိုးများစု အဖိနှိပ်ခံပြည်သူ‌တွေဖြစ်တဲ့ ဗမာလူများစုကြီးနဲ့ ချိတ်ဆက်မှုမရှိခြင်း၊ ဗမာလူများစုကြီးက ထိုစဉ်က ယခုကဲ့သို့ အရှိန်အဟုန်နဲ့ နိုးကြားမလာ‌သေးခြင်း။
၅။ လူမျိုးကြီးဝါဒကို လက်ကိုင်ထားတဲ့ အဆက်ဆက်‌သော အုပ်စိုးသူဖြစ်တဲ့ စစ်အုပ်စုရဲ့ လှည့်ဖြားမှုများကို မျက်‌စေ့ လည်ကြပြီး (တချို့က‌တော့ ဖိုးသူ‌တော်မျက်‌စေ့လည်‌လေ ဆန်ရ‌လေ ဆိုတဲ့တွက်ကိန်းနဲ့) ကွဲအက်ကြခြင်း၊ မိခင်အဖွဲ့အ စည်းက‌နေ သူတလူ ငါတမင်း ခွဲထွက်ကြခြင်း။

ဒါ့အပြင် နိုးကြားတက်ကြွလာကြတဲ့၊ အသက်‌ဘေး‌ကြောင့် ‌ပြေး‌ရှောင်လာကြတဲ့၊ မိမိ‌ဒေသ‌ရောက်ရှိလာကြတဲ့ လူ‌တွေ၊ အဖွဲ့အစည်း‌တွေအ‌ပေါ်မှာလည်း ‘ငါတို့နယ်‌မြေ – ငါတို့‌ဒေသကို မှီခိုလာသူ၊ ခိုလှုံလာသူ’ ဆိုတဲ့ အမြင်သ‌ဘော ထားနဲ့ မဆက်ဆံဘဲ တန်းတူရည်တူဆက်ဆံဖို့ လိုအပ်ပါတယ်။ တပ်‌ပေါင်းစု‌ခေါင်း‌ဆောင်မှုမှာလည်း “ငါတို့မှာ နယ်‌မြေ ‌ဒေသရှိတယ်၊ ‌သေနတ်နဲ့တပ်ဖွဲ့ရှိတယ် / တိုက်ပွဲအ‌တွေ့အကြုံရှိတယ်” ဆိုတဲ့ မာန်အစွဲနဲ့ ဗိုလ်မကျမိဖို့ လိုအပ်ပါတယ်။

သက်ဆိုင်ရာလူမျိုးစု‌ဒေသများသို့ ခိုလှုံလာသူ‌တွေအ‌နေနဲ့လည်း စစ်‌ရေး၊ လုံခြုံ‌ရေးနဲ့ သက်ဆိုင်တဲ့ စည်းကမ်း ‌တွေကို အပြည့်အဝလိုက်နာကြဖို့၊ လူမျိုးစုဓ‌လေ့ထုံးစံ‌တွေကို ‌လေးစားကြဖို့ သိပ်ကို လိုအပ်ပါတယ်။
နှစ်ဖက်စလုံးက ဘုံရန်သူတိုက်‌ရေး၊ ဒီမိုက‌ရေစီအ‌ရေး၊ ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်‌ရေးအ‌ခြေခံအ ‌ပေါ်မှာ အပြန်အလှန် နားလည်မှုရှိရှိ တန်းတူညီညွတ်ချစ်ခင်စွာ ဆက်ဆံကြဖို့ မလွဲမ‌သွေ လိုအပ်ပါတယ်။ ဘုံရန်သူ တိုက်‌ဖော်တိုက်ဖက်‌တွေအဖြစ် အပြန်အလှန်‌လေးစားမှုနဲ့ ကိုယ်စီအား‌ကောင်းချက်‌တွေကို သင်ယူကြဖို့၊ အားနည်းချက် ‌တွေကို “ညီညွတ်‌ရေး – ‌ဝေဖန်‌ရေး – တဆင့်မြင့်တဲ့ ညီညွတ်‌ရေး” အ‌ခြေခံနဲ့အပြန်အလှန် ကူညီပြုပြင်ကြဖို့ လိုအပ်ပါ တယ်။ သို့မှသာ အကြမ်းဖက်(စကစ) စစ်အုပ်စုရဲ့ ပုံစံမျိုးစုံနဲ့ သပ်ရှို‌သွေးခွဲမှု‌တွေကို ကြံ့ကြံ့ခံနိုင်ပါလိမ့်မယ်။

ဒီလိုမှမဟုတ်ဘဲ တစ်ဦးနဲ့တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့ အားနည်းချက်‌တွေ၊ ချို့ယွင်းချက်‌တွေ၊ အတိတ်သမိုင်း ‌ဟောင်းထဲက အမှားအယွင်း‌တွေကို အပြန်အလှန် တူး‌ဖော်ပြီး ချဲ့ကား‌နေကြမယ်၊ ယိုးမယ်ဖွဲ့‌နေကြမယ်ဆိုရင် ကျားင စဉ်းလဲလို ‌ချောင်း‌နေတဲ့ အကြမ်းဖက်သမား (စကစ)စစ်အုပ်စုဆိုတဲ့ ဘုံရန်သူ့အကြိုက်ပဲ ဖြစ်ပါလိမ့်မယ်။

အထက်မှာ တင်ပြခဲ့တဲ့ အချက်အလက်‌တွေကို သက်ဆိုင်ရာ အဖွဲ့အစည်း‌တွေတိုင်းက မိမိအဖွဲ့အစည်းမှာ ဒီလို အချက်‌တွေရှိ‌နေ‌သေးတယ်ဆိုရင် မလွဲမ‌သွေ ပြင်ဆင်ကြဖို့လိုအပ်မှာ ဖြစ်ပါတယ်။ ‌တော်လှန်‌ရေးအကျိုးစီးပွားအတွက် ပြုပြင်ကြရမှာပါ။ အကြမ်းဖက်(စကစ)စစ်အုပ်စုကို အကုန်အစင် ဖယ်ရှားပစ်နိုင်မှသာ တကယ့်ဒီမိုက‌ရေစီ၊ တကယ့် တန်းတူ‌ရေး၊ တကယ့်ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ တကယ့်ဖက်ဒရယ်ပြည်‌ထောင်စု၊ ‌ရေရှည်တည်တံ့မယ့် တကယ့်ငြိမ်းချမ်း ‌ရေးနဲ့ တကယ့်‌ခေတ်မီတိုးတက်တဲ့ ပြည်‌တော်သစ်ကို အ‌ကောင်အထည်‌ဖော် တည်‌ဆောက်နိုင်ပါလိမ့်မယ်။

အဖိနှိပ်ခံလူမျိုး‌ပေါင်းစုံ ပြည်သူများ ‌သွေးစည်းညီညွတ်ကြပါစို့။
ဘုံရန်သူ အကြမ်းဖက်(စကစ) စစ်အုပ်စုကို အကုန်အစင် ‌ချေမှုန်းကြပါစို့။