Home သတင်း မြဝတီမြို့ခရိုင်အတွင်း ပဉ္စမအကြိမ် ပထမအသုတ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်‌ဆေး အလုံး‌ရေ (၁၀,၀၀၀) ခန့် ထိုး‌ပေးမည်

မြဝတီမြို့ခရိုင်အတွင်း ပဉ္စမအကြိမ် ပထမအသုတ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်‌ဆေး အလုံး‌ရေ (၁၀,၀၀၀) ခန့် ထိုး‌ပေးမည်

1688

‌အောက်တိုဘာ ၈ ရက် ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီခရိုင်အတွင်း ပဉ္စမအကြိမ် ပထမအသုတ်အဖြစ် ယ‌နေ့ ‌အောက်တိုဘာ ၈ ရက်မှ ၁ဝ ရက်‌နေ့အတွင်း ကိုဗစ်-၁၉ ကာကွယ်‌ဆေး အလုံး‌ရေ ၁၀,၀၀ဝ (တစ်‌သောင်း)ခန့် ထိုးနှံ‌ပေးသွားမည်ဟု သိရသည်။

ယ‌နေ့ ‌အောက်တိုဘာ ၈ ရက်‌နေ့ နံနက်ပိုင်းမှစ၍ မြို့‌ပေါ်ရပ်ကွက်များတွင် ပဉ္စမအကြိမ် ပထမအသုတ်အဖြစ် ကိုဗစ်-၁၉ ကာကွယ်‌ဆေး ထိုးနှံ‌ပေးလျက်ရှိပြီး ယခုလို ကာကွယ်‌ဆေးထိုးနှံခြင်းကို ၃ ရက်ကြာ ထိုးနှံ‌ပေးသွားမှာ ဖြစ်‌ကြောင်း မြဝတီမြို့ အမှတ် ၃ ရပ်ကွက် အထကခွဲ ၃ ‌ကျောင်းရှိ ကိုဗစ်ကာကွယ်‌ဆေး ထိုးနှံ‌ပေးသည့် ‌နေရာမှ တာဝန်ရှိသူတစ်ဦးက ‌ပြောသည်။

“ဒီတစ်‌ခေါက် မြဝတီခရိုင်အတွင်း ကိုဗစ်ကာကွယ်‌ဆေးအလုံး‌ရေ ၁၀၀၀ဝ ထိ ထိုး‌ပေးသွားဖို့ ရှိပါတယ်။ မြို့‌ပေါ်ရပ်ကွက်များအတွက် အလုံး‌ရေ ၈၀၀ဝ နှင့် ‌ရွှေက္ကိုဘက်မှာ အလုံး‌ရေ ၂၀၀ဝ ထိုးသွားမှာပါ။ ‌ဆေးတစ် လုံးကို လူ ၅ ဦး နှုန်း ထိုး‌ပေးတာဖြစ်လို့ အခု‌ဆေးအလုံး‌ရေ ၁၀၀၀ဝ ဆို‌တော့ လူဦး‌ရေ ၅၀၀၀ဝ ဝန်းကျင်အတွက် ကာကွယ်‌ဆေး ထိုးနှံခွင့်ရရှိမှာဖြစ်တယ်။ အသက် ၁၈ နှစ် ပြည့်ပြီးသူများအား အကန့်အသတ်မရှိ ထိုး‌ပေး‌နေတာဖြစ်တယ်”ဟု ၎င်းတာဝန်ရှိသူက ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ် မြဝတီခရိုင်အတွင်း ကိုဗစ်-၁၉ ကာကွယ်‌ဆေး ထိုးနှံခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ် မတ်လက စတင်ခဲ့ရာ ယခုဆိုလျှင် ပဉ္စမအကြိမ်အထိ ရှိလာပြီဖြစ်သည်။ ခရိုင်အတွင်း လူဦး‌ရေ မည်မျှ ကာကွယ်‌ဆေးထိုး နှံထားပြီး‌ကြောင်း အ‌ရေအတွက်ကို‌တော့ သက်ဆိုင်ရာမှ သတင်းထုတ်‌ဖော်‌ပြောကြားခြင်းကိုမူ မ‌တွေ့ရှိရပါ။

လက်ရှိမှာ မြဝတီမြို့တွင်း၌ ကိုဗစ်-၁၉ ကူးစက်ခံရမှုနှင့် လူ‌သေဆုံးမှု မရှိသ‌လောက် နည်းပါး‌နေ‌သော်လည်း ယမန်‌နေ့ ‌အောက်တိုဘာ ၇ ရက်‌နေ့က မြဝတီမြို့‌တောင်ဘက်ခြမ်း ‌လေး‌ကေ‌ကော်ရွာဘက်တွင် ကိုဗစ်-၁၉ ပိုး‌တွေ့လူနာ ၄ဝ ‌ကျော်ရှိခဲ့‌ကြောင်း သိရသည်။