Home သတင်း ကြာအင်းဆိပ်ကြီးမြို့တွင် အသက် ၁၂ နှစ်အထက် ‌ကျောင်းသူ/‌ကျောင်းသားများကို ကိုဗစ်ကာကွယ်‌ဆေး စတင်ထိုးနှံ‌ပေး

ကြာအင်းဆိပ်ကြီးမြို့တွင် အသက် ၁၂ နှစ်အထက် ‌ကျောင်းသူ/‌ကျောင်းသားများကို ကိုဗစ်ကာကွယ်‌ဆေး စတင်ထိုးနှံ‌ပေး

1449

‌အောက်တိုဘာ ၁၇ ရက်၊ ၂ဝ၂၁ ခုနှစ်၊ ‌ကေအိုင်စီ

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် အသက် ၁၂ နှစ်အထက် ‌ကျောင်းသား/‌ကျောင်းသူများကို ယ‌နေ့ (‌အောက်တိုဘာ ၁၇ ရက်) မြိုနယ်ဇမိခန်းမ‌ဆောင်တွင် ကိုဗစ်ကာကွယ်‌ဆေး ပထမဦးဆုံးအကြိမ် စတင်ထိုးနှံ ‌ပေး‌နေပြီးဟု လူမှုကယ်ဆယ်‌ရေးအဖွဲ့များထံမှ သိရသည်။

လာမည့် နိုဝင်ဘာလဆန်းတွင် စာသင်‌ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန်အတွက် ပညာ‌ရေးဌာနမှ စီစဉ်ညွှန် ကြား‌နေလျက်ရှိပြီး ‌ကျောင်းများ၌ ဖွင့်လှစ်ထားသည့် ကိုဗစ်ကာကွယ်ထိန်းချုပ်‌ရေးစင်တာ အသီးသီးကို ပြီးခဲ့သည့် ‌အောက်တိုဘာ ၁ဝ ရက်‌နေ့က ‌ရွှေ့‌ပြောင်း‌ပေးကြရန်နှင့် မူလတန်း၊ အလယ်တန်း၊ အထက်တန်း ‌ကျောင်းများတွင် သန့်ရှင်း‌ရေးများ ကြိုတင်ပြုလုပ်‌ဆောင်ရွက်ထားကြရန် ပညာ‌ရေးဌာနမှ ညွှန်ကြားထားလျက်ရှိသည်ဟု ‌ကျောင်း ဆရာများထံမှ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် ကျိုက်ဒုံ၊ ဘုရားသုံးဆူ၊ ဝင်း‌ရော်‌ဒေသရှိ ‌ကျောင်းသား/ ‌ကျောင်းသူများကိုလည်း ကိုဗစ် ကာကွယ်‌ဆေးထိုး‌ပေးနိုင်ရန်အတွက် လူဦး‌ရေစာရင်းများ ‌ကောက်ယူ‌နေလျက်ရှိပြီး ကာကွယ်‌ဆေး ၂ ကြိမ်ထိုးနှံပြီးပါက စာသင်‌ကျောင်းများ ပြန်လည်ဖွင့်လှစ်‌တော့မည်ဟု ပြည်နယ်‌ကောင်စီတာဝန်ရှိထံမှ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ပြီးခဲ့သည့် ဇူလိုင်လမှစကာ တတိယလှိုင်း ကိုဗစ်‌ရောဂါကူးစက်မှု ပြန်လည်ဖြစ် ပွား ခဲ့ပြီး လူ‌ပေါင်း ၉ဝဝ ‌ကျော် ကိုဗစ်‌ရောဂါကူးစက်ခံရကာ ၆၉ ဦး အသက်ဆုံးရှုူံးခဲ့ရသည်ဟု ‌အောက်တို ဘာလ ၁၄ ရက်‌နေ့က “‌အောင်” ‌အောက်ဆီဂျင်ရုံဖွင့်ပွဲ အခမ်းအနားတွင် ပြည်နယ်‌ကောင်စီဥက္ကဋ္ဌ ဦး‌စောမြင့်ဦးက ‌ပြောဆိုသည်။