Home သတင်း ‌ကျေးရွာမှ ထွက်‌ပြေးတိမ်း‌ရှောင်ပါက ‌နေအိမ်မီးရှို့ပစ်မည်ဟု စစ်‌ကောင်စီတပ် ခြိမ်း‌ခြောက်

‌ကျေးရွာမှ ထွက်‌ပြေးတိမ်း‌ရှောင်ပါက ‌နေအိမ်မီးရှို့ပစ်မည်ဟု စစ်‌ကောင်စီတပ် ခြိမ်း‌ခြောက်

1159

‌အောက်တိုဘာ ၁၉ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် ‌ကော့ကရိတ်မြို့‌တောင်ပိုင်း ရွာသစ်‌ကျေးရွာရှိ ‌ဒေသခံရွာသားများအ‌နေဖြင့် လက်ရှိအချိန်တွင် ထွက်‌ပြေးတိမ်း‌ရှောင်မှုများလုပ်‌ဆောင်ပါက ‌နေအိမ်မီးရှို့ပစ်မည်ဟု ရွာအတွင်း တပ်စွဲထားသည့် စစ်‌ကောင်စီ တပ်က ခြိမ်း‌ခြောက်‌ပြောဆို‌နေသည်ဟု ‌ဒေသခံများထံမှ သိရသည်။

ရွာသစ်‌ကျေးရွာတွင် တပ်စွဲထားသည့် အင်အား ၆ဝ ခန့်ရှိ စစ်ဆင်‌ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၁၃) လက် ‌အောက်ခံ ‌ခြေမြန်တပ်ရင်း ခမရ- ၅၅၆နှင့် ၅၆ဝ တို့သည် တိုက်ပွဲများဖြစ်ပွား၍ ရွာသားများ ထွက်‌ပြေးတိမ်း ‌ရှောင်‌နေပါက ကျန်ရစ်သည့်‌နေအိမ်ကို မီးရှို့ပစ်မည်ဟု ခြိမ်း‌ခြောက်ခဲ့သဖြင့် ရွာသားများမှာ ‌ကြောက်လန့်စွာဖြင့် ‌နေထိုင်‌နေကြသည်ဟု KNLAနှင့် နီးစပ်သည့် ‌ဒေသခံတစ်ဦးက ‌ပြောသည်။

“ အခု စစ်တပ်က ရွာသစ်မှာပဲ ‌နေတယ်။ သူတို့သွား‌နေတဲ့ သူများအိမ်‌တွေမှာလည်း အိမ်ရှင်‌တွေကို အပြင် ‌ပေးမထွက်ဘူး။ ထွက်ရင် အိမ်မီးရှို့မယ်ခြိမ်း‌ခြောက်တယ်။ မ‌နေ့က သူများကားတစ်စီးကိုလည်း မီးရှို့လိုက်တယ်။ ပြီး‌တော့ ရွာက ကြက်ဝက်‌တွေကိုလည်း လိုက်ဖမ်းစားတာရှိတယ်။ ‌သေနတ်‌တွေပစ်တယ်။ တိုက်ပွဲက ‌နေ့တိုင်းဖြစ်တယ်”ဟု အဆိုပါ ‌ဒေသခံက ‌ကေအိုင်စီသို့‌ပြောသည်။

စစ်‌ကောင်စီတပ်ဖွဲ့ဝင်များမှ ပြန်လည်ထွက်ခွာခြင်းမရှိ‌သေးဘဲ အဆိုပါ‌ဒေသတွင် ဆက်လက်တပ်စွဲပြီး တိုက်ပွဲ များလည်း ဆက်လက်ပြင်းထန်‌နေသည့်အတွက် လက်ရှိအချိန်တွင် ရွာသစ်‌ကျေးရွာအပြင် အနီးအနားရှိ ‌ကျေးရွာများဖြစ်သည့် မြို့‌ဟောင်းနှင့် အံက‌လော်‌ကျေးရွာရှိ ရာနှင့်ချီ‌သော ‌ဒေသခံများမှာ ‌ဘေးလွတ်ရာသို့ ထွက်‌ပြေးတိမ်း‌ရှောင်‌နေကြရသည်ဟု ‌ဒေသခံများက ‌ပြောသည်။

၎င်းစစ်‌ကောင်စီတပ်ဖွဲ့ဝင်များသည် ပြီးခဲ့သည့် ‌အောက်တိုဘာလ ၁ ရက်‌နေ့မှစတင်၍ ‌ကော့ကရိတ် မြို့‌တောင်ပိုင်းဘက်တွင် ကျူး‌ကျော်ဝင်‌ရောက်လာခြင်းဖြစ်ရာ ‌အောက်တိုဘာလ ၁ ရက်မှ ၁၈ရက်‌နေ့အထိ နယ်‌မြေခံ KNLA တပ်ရင်း ၁၈ နှင့် ၂၇ တို့အကြား ‌နေ့စဉ်လိုလို တိုက်ပွဲဖြစ်ပွားလျက်ရှိရာ စစ်‌ကောင်စီတပ်ဘက်မှ ၂ဝ ‌ကျော်ကျဆုံးပြီး ၃ဝ ‌ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNLA ဘက်က ဆိုသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားရာတွင် စစ်‌ကောင်စီတပ်ဘက်မှ လက်နက်ကြီးနှင့်အ‌မြောက်အများ အသုံးပြု ပစ်ခတ် သည့်အတွက် ‌ဒေသခံ‌နေအိမ်အများအပြား ထိခိုက်ပျက်စီးသည့်အပြင် ‌ဒေသခံ‌မွေးမြူထားသည့် အိမ်‌မွေးတိရစာ္ဆန်များလည်း ထိခိုက်‌သေဆုံးမှုရှိခဲ့သည်။

ထို့အပြင် ‌ဒေသခံရွာသားအချို့ကို ဖမ်းဆီးကာ စစ်‌ရေးလှုပ်ရှားရာတွင် လမ်းပြအဖြစ် ‌ခေါ်ယူအသုံးပြုမှုများ လုပ်‌ဆောင်ခဲ့သည်ဟု ‌ဒေသခံများက ‌ပြောသည်။