Home သတင်း ‌ဝေါ်‌လေ-စုကလိ လမ်းခွဲရှိ အူးကရိထာ့ စစ်‌ကောင်စီစခန်း တိုက်ခိုက်ခံရ

‌ဝေါ်‌လေ-စုကလိ လမ်းခွဲရှိ အူးကရိထာ့ စစ်‌ကောင်စီစခန်း တိုက်ခိုက်ခံရ

1206

စက်တင်ဘာ ၃ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

မြဝတီခရိုင်၊ စုကလိမြို့နယ်ခွဲရှိ စစ်‌ကောင်စီ၏ အူးကရိထာ့စခန်းကို လက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ယ‌နေ့(စက်တင်ဘာ လ ၃ရက်)၊ ည ၈နာရီ‌ကျော်အချိန်တွင် ဝင်‌ရောက်တိုက်ခိုက်ရာ တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု စုံစမ်းသိရှိရသည်။

‌ဝေါ်‌လေနှင့် စုကလိ လမ်းဆုံလမ်းခွဲရှိ အူးကရိထာ့ စစ်‌ကောင်စီတပ်စခန်းကို ၎င်းလက်နက်ကိုင်အဖွဲ့က မိနစ်အနည်း ငယ်ကြာ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် သွား‌ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု အမည်မ‌ဖော်လိုသူ ‌ဒေသခံ တစ်ဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ နယ်‌မြေခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော် (KNLA ) တပ်ရင်း ၁၀၃ မှ တပ်မှူးတစ်ဦးက “ဖြစ်တာက‌တော့ ‌သေချာတယ်။ ဘယ်သူ‌တွေနဲ့ ဘယ်လိုဖြစ်လဲဆိုတာက‌တော့ ကျ‌နော်တို့ သတင်း အတိအကျ မရ‌သေးဘူး ဖြစ်‌နေတယ်။ လိုက်လံအတည်ပြု‌နေတုန်းပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

နယ်စပ်သတင်းအရင်းအမြစ်အရ စစ်‌ကောင်စီ၏ အူးကရိထာ့တပ်စခန်းကို အဆိုပါ လက်နက်ကိုင်အဖွဲ့က တက် ‌ရောက်တိုက်ခိုက်ပြီး စခန်းကို သိမ်းပိုက်နိုင်ခဲ့သည်ဟု ကြားသိရ‌သော်လည်း ‌ကေအိုင်စီက အတည်မပြုနိုင်‌သေး‌ပေ။