“လူသားများကို ခြိမ်းခြောက်နေသည့် COVID-19 ကပ်ရောဂါ”
၂၀၁၉ခုနှစ်၊ ဒီဇင်ဘာလတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့ပြီး Corona Virus မျိုးစိပ် အသစ်တစ်ခုကြောင့် ဖြစ်ပွားခဲ့သော ကူးစက်ရောဂါကို ကမာ္ဘ့ကျန်းမာရေးအဖွဲ့ကြီးက COVID-19 ဟု နာမည်ပေးခဲ့ သည်။ ရက်စွဲအတိအကျပြောရလျှင် ၂၀၂ဝခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့တွင် ဖြစ်သည်။ ၂၀၀၂ခုနှစ်၊ တရုတ်ပြည် သူ့သမ္မတနိုင်ငံမှာ ဖြစ်ပွားခဲ့သည့် SARA ရောဂါ၊ ၂၀၁၂ခုနှစ် အရှေ့ အလယ်ပိုင်းဒေသမှာဖြစ်ပွားခဲ့သည့် MERS ရောဂါ တို့ကဲ့သို့ ပြင်းထန် အဆုတ်ရောင်ရောဂါများသည်လည်း ကိုရိုနာဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်သည်။
၂၀၂ဝခုနှစ်၊ မတ်လ (၂၁)ရက်နေ့ ကမာ္ဘ့နိုင်ငံပေါင်း (၁၈၅)နိုင်ငံနှင့် Diamoxd Palace အပျော်စီးသဘေင်္ာတို့ တွင် COVID-19 ရောဂါ ၂၇၆,၅၂၈ဦး ဖြစ်သည့်အချိန်တွင် မြန်မာနိုင်ငံအတွင်း၌လည်း COVID-19 ရောဂါ ၁ဦး စတင် ဖြစ်ပေါ်ခဲ့သည်။
၂၀၂ဝခုနှစ်၊ ဇွန်လ (၁၅)ရက်နေ့ စာရင်းအရ မြန်မာနိုင်ငံတွင် COVID-19 အတည်ပြုလူနာ (၂၆၂)ဦး၊ ပြန်လည် ကောင်းမွန်လာသူ (၁၇၉)ဦး၊ ကုသဆဲ (၈၇)ဦးနှင့် သေဆုံးသူ (၉၆)ဦး ရှိခဲ့သည်။
၂၀၂ဝခုနှစ်၊ ဩဂုတ်လ(၁၆)ရက်နေ့တွင် COVID-19 လူနာ ၃၇၅ဦး၊ ဩဂုတ်လ(၃၁)ရက်နေ့တွင် ကိုဗစ်လူနာ ၇၈၇ဦးဖြစ်သဖြင့် (၁၅)ရက်အတွင်း နှစ်ဆတိုး ပျံ့နှံ့ခဲ့သည်။ အဓိကအားဖြင့် ရခိုင်ပြည်နယ်မှ ပြန်လာကြသူများဖြစ်ပြီး တိုင်းနှင့် ပြည်နယ်အတွင်း ကူးစက်ခဲ့ခြင်းဖြစ်သည်။
ဆက်လက် မပြန့်ပွားစေရန် နယ်စပ်အဝင်ဂိတ်များတွင် စစ်ဆေးခြင်း၊ ဓါတ်ခွဲစမ်းသပ်၍ သီးခြားခွဲထားခြင်း၊ သီးသန့် စောင့်ကြည့်လေ့လာခြင်းများ ပြုလုပ်ခဲ့ကြပြီး လေယာဉ်ခရီးစဉ်များနှင့် ကျောင်းများ ပိတ်ထားခဲ့သည်။ ရခိုင် ပြည်နယ်တွင် အဆင်သင့်ဖြစ်ခြင်း၊ ပြင်ဆင်ခြင်းများတွင် အားနည်းခဲ့သဖြင့် ၂၀၂၀၊ စက်တင်ဘာလ (၂)ရက်နေ့တွင် COVID-19 လူနာ ၉၃၈ဦးအထိရှိကာ နှစ်လခွဲအတွင်း သုံးဆခွဲ တက်ခဲ့သည်။
ကိုဗစ်ရောဂါပိုးကူးစက်မှု တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၄)ခုသို့ ရောက်ရှိခဲ့သည်။ တဆင့်ပြန့်ခြင်းမရှိဘဲ ပြန် လည်ဝင်ရောက်လာသူများထံမှ ကူးစက်မှုများမှာ ရခိုင်၊ မကွေး၊ ကရင်၊ ဧရာဝတီ၊ မွန်၊ တနသင်္ာရီတိုင်းများတွင် တွေ့ရှိ ခဲ့ရသည်။ ထို့အပြင် ချင်း၊ စစ်ကိုင်း၊ ပဲခူး၊ နေပြည်တော်(ပြည်ထောင်စုနယ်မြေ)နှင့် ရှမ်းပြည်နယ်၏ တောင်၊ မြောက်၊ အရှေ့ပိုင်း နယ်မြေသုံးခုစလုံးတွင် နေရာအလိုက် ကူးစက်ပျံ့နှံ့ခဲ့သည်။ သို့သော် ၂၀၂ဝ ဩဂုတ်လလယ်ထိတိုင် လူထုအ တွင်း အချင်းချင်း ကူးစက်ပျံ့နှံ့မှု မရှိခဲ့ပါ။
ကမာ္ဘ့ကပ်ရောဂါ ကိုဗစ်-၁၉သည် ၂၁လအတွင်း လှိုင်း သုံးလှိုင်းရှိသည်ဆိုလျင် ယေဘုယျအားဖြင့် (၇)လလျှင် တစ်လှိုင်းရှိသည် ဆိုကြပါစို့။
၂
* ကိုဗစ်-၁၉ ပထမလှိုင်းတွင် အတည်ပြုလူနာ ၂၆၂ဦးတွင် (၆)ဦး သေဆုံးခဲ့သည်။
* ကိုဗစ်-၁၉ ဒုတိယလှိုင်းတွင် လေဆိပ်၊ သဘေင်္ာဆိပ်၊ မြေပြင်နယ်စပ်ဖြတ်ကျော်ရေး ဂိတ်တို့အား ပိတ်ခြင်း၊ ကျောင်းများ၊ ဈေးများပိတ်ခြင်း၊ လိုအပ်ပါက မြို့များကို ရက်အကန့်အသတ်ပြုလျက် Lock down ချခြင်းများ ပြုလုပ်ခဲ့ ကြခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါ ငြိမ်သက်သည့်ကာလ အခိုက်အတန့် ဖြစ်ခဲ့သည်။
* ကိုဗစ်-၁၉ တတိယလှိုင်းတွင် အမျိုးမျိုးသော အကြောင်းများကြောင့် ကပ်ရောဂါမှာ အသွင်ပြောင်းသွားခဲ့သည်။
အဆိုပါ တတိယလှိုင်းတွင် (၁၆.၈.၂၀၂၁)ထိ စာရင်းအရ
၁။ ဓါတ်ခွဲနမူနာ စုစုပေါင်း – ၃,၃၅၈,၂၁၂ဦး
၂။ အတည်ပြုလူနာ – ၃၅၆,၉၈၅ဦး
၃။ ဆေးရုံမှ ဆင်းခွင့်ရှိသူ – ၂၇၅,၅၁၆ဦး
၄။ သေဆုံးသူ – ၁၃,၄၄၅ဦး
(ကျန်းမာရေးဝန်ကြီးဌာန၏ တရားဝင်ထုတ်ပြန်ချက်)
၃
တတိယလှိုင်းအတွင်း ကြုံတွေ့ရသောအခက်အခဲများ
– ကျန်းမာရေးဝန်ထမ်း မလုံလောက်မှု အခက်အခဲများ
– ဆေးဆိုင်များ ပိတ်ထားမှုကြောင့် ဆေးဝါးရှာဝယ်ရ ခက်ခဲမှုများ
– ကိုယ်ပိုင်ဆေးဝါး ဝယ်ယူသောက်သုံးမှုများ
– တတ်သိပညာရှင်များနှင့် တိုင်ပင်ကုသည့် အားနည်းမှုများ
– ရောဂါပိုးကြောင့် သွေးတွင်း အောက်စီဂျင်ကျသူများ၊ ကိုယ်ပိုင် အောက်စီဂျင်ရှူကြသောကြောင့် သွေးခဲခြင်း၊ အဆုတ် တွင်း သွေးကြောငယ်များ ပိတ်နေမှုကြောင့် အောက်စီဂျင်ရှူရင်း သေဆုံးသူများ ရှိခဲ့သည်။
– အသက်(၆၀)နှစ်နှင့်အထက် ဆီးချို၊ သွေးတိုး ရောဂါအခံရှိသူများတွင် ရောဂါပြင်းထန်မှု ပိုများကာ သေဆုံးမှု ပိုများလာ သည်။
– ကိုဗစ်ကာကွယ်ဆေး ထိုးနှံမှု အားနည်းသဖြင့် ရောဂါပြင်းထန်မှုကို ခံနိုင်ရည်မရှိဘဲ အချိန်တိုအတွင်း သေဆုံးရသည်။
– ကူးစက်လှိုင်းတစ်ခု၏ ပြင်းထန်မှုသည် နှစ်လတာကြာသည့်အတွက် ထိုနှစ်လတွင်း ကိုဗစ်ရောဂါ ကာကွယ်ရေးနည်း လမ်းများဖြင့် နေထိုင်ရန် အထူး လိုအပ်သည်။
၄
– ကျန်းမာရေးဝန်ထမ်း အင်အား (Health Work Force) လုံလောက်မှုကို ဒေသအလိုက် ဖြည့်ဆည်းဆောင်ရွက် စေချင်သည်။
– ပြည်သူများ ကာကွယ်ရေးနည်းလမ်းများကို တစ်ဦးချင်းစီမှသည် မိသားစု၊ ရပ်ကွက်၊ ကျေးရွာ၊ မြို့များအလိုက် အားလုံး လိုက်နာကြစေချင်ပါသည်။
– ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်းကို အသက်အုပ်စု၊ ဦးတည်အုပ်စုအလိုက် ထိုးနှံခြင်းအစီအစဉ်တွင် လက်ခံထိုးနှံပေးကြရန်လည်း တိုက်တွန်းလိုပါသည်။