Home သတင်း ‌ပေါ့‌ထော်‌ကျေးရွာ Mytel တာဝါတိုင်မီးရှို့ခံရပြီး‌နောက်ပိုင်း ဖမ်းဆီးမှုများရှိသည့်အတွက် ‌ဒေသခံအချို့ တိမ်း‌ရှောင်‌နေရ

‌ပေါ့‌ထော်‌ကျေးရွာ Mytel တာဝါတိုင်မီးရှို့ခံရပြီး‌နောက်ပိုင်း ဖမ်းဆီးမှုများရှိသည့်အတွက် ‌ဒေသခံအချို့ တိမ်း‌ရှောင်‌နေရ

1712
Photo: CJ

စက်တင်ဘာ ၅ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် ဖားအံမြို့နယ် ‌ပေါ့‌ထော်‌ကျေးရွာတွင် စက်တင်ဘာလ ၂ ရက်‌နေ့က စစ်တပ်ပိုင် Mytel ဖုန်းတာဝါတိုင် မီးရှို့ဖျက်ဆီးခံရသည့်‌နောက်ပိုင်းတွင် စစ်‌ကောင်စီရဲတပ်ဖွဲ့က ‌ကျေးရွာတွင် ဝင်‌ရောက် ဖမ်းဆီးမှုများရှိလာသည့်အတွက် ‌ဒေသခံအချို့ တိမ်း‌ရှောင်‌နေရသည်ဟု ရွာသားများ၏ ‌ပြောပြချက်အရ သိရသည်။

ဖုန်းတာဝါတိုင် မီးရှို့ခံရသည့်ကိစ္စနှင့်ပတ်သက်၍ ယမန်‌နေ့ (စက်တင်ဘာလ ၄ ရက်‌နေ့ )တွင် စစ်‌ကောင်စီရဲတပ်ဖွဲ့ ဝင်များသည် ရွာသား ၃ ဦးကို ဝင်‌ရောက်ဖမ်းဆီးခဲ့ရာတွင် အသက်မပြည့်‌သေးသူ တစ်ဦးကို ပြန်လွှတ်‌ပေးပြီး ကျန် ၂ ဦးကိုလည်း အပြစ်မရှိ‌ကြောင်း ‌ကျေးရွာတာဝန်ရှိသူဘက်မှ သွား‌ရောက်အာမခံ‌ပေးသည့်အတွက် ည‌နေပိုင်းတွင် ပြန်လည်လွှတ်‌ပေးလိုက်‌ကြောင်း သိရသည်။

၎င်းအပြင် ထို‌နေ့ ညပိုင်း‌ရောက်သည့်အချိန်တွင်လည်း အာဏာသိမ်းစစ်‌ကောင်စီကန့်ကွက်ဆန္ဒပြရာတွင် ပါဝင်ဖူးသူတစ်ဦးကိုလည်း တာဝါတိုင်မီးရှို့ခံရသည့်ကိစ္စနှင့်ပတ်သက်၍ စစ်‌ကောင်စီရဲတပ်ဖွဲ့သည် လက်နက် အပြည့်အစုံဖြင့် အရပ်ကား ၂ စီးဖြင့် ထိုသူ၏ ‌နေအိမ်တွင် ဝင်‌ရောက်ဖမ်းဆီးမှု ပြုလုပ်ခဲ့သည်ဟု ဝင်‌ရောက် ဖမ်းဆီးချိန်တွင် ထွက်‌ပြေးလွှတ်‌မြောက်သွားသူ ‌နေအိမ်ပိုင်ရှင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “မ‌နေ့ညက ကျ‌နော့်ကိုလာဖမ်းတယ်။ ဒီကိစ္စမှာ ကျ‌နော်လုပ်တာမဟုတ်တဲ့အတွက် ကျ‌နော်အဖမ်းမခံနိုင် ဘူး‌လေ။ အဲဒါ‌ကြောင့် ညက လွှတ်‌အောင်ထွက်‌ပြေးလာတယ်။ ကျ‌နော်‌နေမ‌ကောင်းဖြစ်ပြီး အပြင်မထွက်ဖြစ်တာ ၁ဝ ရက်‌လောက်ရှိပြီး အားလုံးသိတယ်။ ကျ‌နော်လုပ်တာမဟုတ်တဲ့အတွက် ကျ‌နော်ဆက်ပြီးထွက်‌ပြေးရင် လုပ်တယ်လို့ပဲ သူတို့ထင်မယ်။ အဲဒါ‌ကြောင့် ဒီကိစ္စမှာ ကျ‌နော်လုပ်တာမဟုတ်‌ကြောင်းကို ရဲစခန်းမှာ လာ‌ပြော ပြတယ်။ ‌လော‌လောဆယ်‌တော့ ကျ‌နော့်ကို စစ်တာမပြီး‌သေးဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

Photo: CJ

စစ်‌ကောင်စီဘက်မှ ‌နေအိမ်တွင် ဝင်‌ရောက်ဖမ်းဆီးချိန်တွင် ထွက်‌ပြေးလွှတ်‌မြောက်သွားသူ ထိုအမျိုးသားသည် ဖုန်းတာဝါတိုင် မီးရှို့သည့်ကိစ္စတွင် ပါဝင်ပတ်သက်ခြင်းမရှိသည့်အတွက် ယ‌နေ့ နံနက်တွင် ‌ပေါ့‌ထော်‌ကျေးရွာ အုပ်ချုပ်‌ရေးအပိုင်း တာဝန်ရှိသူများနှင့်အတူ ဖားအံစက်မှုဇုန် ရဲစခန်းတွင် သွား‌ရောက်တင်ပြထွက်ဆိုခဲ့‌ကြောင်း ကာယကံရှင်က ‌ပြောသည်။

တာဝါတိုင်မီးရှို့ဖျက်ဆီးခံရသည့်ကိစ္စနှင့်ပတ်သက်၍ စစ်‌ကောင်စီဘက်မှ ဖမ်းဆီးမှုများ ဆက်လက်လုပ်‌ဆောင်လာ နိုင်သဖြင့် မှားယွင်းဖမ်းဆီးခံရမည်ကို စိုးရိမ်သည့်အတွက် ‌ကျေးရွာတွင် ‌နေထိုင်သူအချို့လည်း တိမ်း‌ရှောင်‌နေရ ‌ကြောင်း ‌ဒေသခံ‌ပြောဆိုချက်အရ သိရသည်။

” ဒီကိစ္စနဲ့ပတ်သက်ပြီး တရားခံ မမိမချင်း ရွာသား‌တွေကို ‌နေ့ဘက်‌ကော၊ ညဘက်‌ကော ဝင်ဖမ်းမယ့်သ‌ဘောရှိတယ်။ အဲဒါ‌ကြောင့် ကိုယ်နဲ့ မဆီမဆိုင် မှားဖမ်းမိမှာကို စိုးရိမ်လို့ ‌ပြေးတာ‌ပေါ့။ “ဟု အမည်မ‌ဖော်လိုသူ အခြားရွာသားတစ်ဦးက ‌ပြောသည်။

‌ပေါ့‌ထော်‌ကျေးရွာရှိ Mytel ဖုန်းတာဝါတိုင် စက်ပစ္စများကို စက်တင်ဘာလ ၂ ရက်‌နေ့ နံနက်ပိုင်းက မီးရှို့ခံ ရပြီး‌နောက် ထို‌နေ့တွင် ‌ဒေသခံလူငယ် ၄ ဦး အဖမ်းခံခဲ့ရ‌သေးသည်။ အဆိုပါ ဖမ်းဆီးခံရသူ လူငယ်များမှာ တာဝါတိုင်‌ကြောင့် မဟုတ်ဘဲ အခြားအမှုကိစ္စတစ်ခုဖြင့် ဖမ်းဆီးခံရခြင်းဖြစ်‌ကြောင်း ‌ဒေသခံများကလည်း ‌ပြောသည်။

စစ်တပ် အာဏာသိမ်းယူသည့်‌နောက်ပိုင်းတွင် ကရင်ပြည်နယ် ဖားအံမြို့နယ်အပြင် ကြာအင်းဆိပ်ကြီး မြို့နယ် တွင်ရှိသည့် စစ်တပ်ပိုင် Mytel ဖုန်းတာဝါတိုင်အချို့ကိုလည်း ပြီးခဲ့သည့် ဇွန်လတွင် အလားတူ မီးရှို့ ဖျက်ဆီးခံခဲ့ရခြင်းရှိသည်။