Home သတင်း မဲ‌ဆောက်တွင် သီတင်းသုံး ‌နေထိုင်သည့် မြန်မာသံဃာ‌တော်များအား ထိုင်းအစိုးရမှ ကိုဗစ်ကာကွယ်‌ဆေး ထိုးနှံ‌ပေး

မဲ‌ဆောက်တွင် သီတင်းသုံး ‌နေထိုင်သည့် မြန်မာသံဃာ‌တော်များအား ထိုင်းအစိုးရမှ ကိုဗစ်ကာကွယ်‌ဆေး ထိုးနှံ‌ပေး

933
Photo: Crd.

စက်တင်ဘာ ၆ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ထိုင်းနိုင်ငံ ကျန်းမာ‌ရေးဌာန၏ အစီအစဉ်ဖြင့် ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင် မဲ‌ဆောက်မြို့ မယ်‌တော်တိုက်နယ်တွင် ယ‌နေ့ (စက်တင်ဘာ ၆ရက်) နံနက်ပိုင်းမှစ၍ ထိုင်းနိုင်ငံအတွင်း သီတင်းသုံး ‌နေထိုင်လျက်ရှိသည့် မြန်မာသံဃာ‌တော်များအား ဦးစား‌ပေးအ‌နေဖြင့် Covid-19 ကာကွယ်‌ဆေး အခမဲ့ထိုးနှံ‌ပေးလျက်ရှိ‌ကြောင်း သိရသည်။

ထိုင်းနိုင်ငံ မဲ‌ဆောက်‌ဒေသရှိ မြန်မာ-ထိုင်း သံဃာ‌တော်များ၊ မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားနှင့် ထိုင်းပြည်သူ (၄၀၀)ဦးကို အခမဲ့ ထိုး‌ပေးခဲ့ခြင်းဖြစ်ပြီး ယ‌နေ့ ပထမအကြိမ် ကာကွယ်‌ဆေးထိုးပြီး သူများအား လာမည့် စက်တင်ဘာလ ၂၇ ရက်‌နေ့ တွင် ဒုတိယအကြိမ် ထပ်မံ၍ ထိုးနှံ‌ပေးသွားမည်ဟု ‌ဆေးထိုးရာတွင် ပါဝင်ကူညီ‌ဆောင်ရွက်‌ပေးသူတစ်ဦးက ‌ပြောသည်။

၎င်းအပြင် ထိုင်းနိုင်ငံ၌ Covid-19 ကာကွယ်‌ဆေးကို ထိုင်း‌ရောက် ‌ရွှေ‌ပြောင်းမြန်မာ အလုပ်သမား (၅၀၀၀)ဦးနီးပါးအား ဩဂုတ်လ ၁၇ ရက်‌နေ့မှစတင်၍ အခမဲ့ ထိုး‌ပေးခဲ့ပြီး ယင်းတို့အား စက်တင်ဘာလ ၉ ရက်‌နေ့တွင် ဒုတိယအကြိမ်အဖြစ် ဆက်လက် ထိုး‌ပေးသွားမည်ဟု သိရသည်။