Home သတင်း KNU တပ်မဟာ ၅ တွင် နှစ်ရက်အတွင်း တိုက်ပွဲ ၉ ကြိမ်ဖြစ်ပွားပြီး စစ်‌ကောင်စီဘက်မှ ၁၂ ဦးကျဆုံး

KNU တပ်မဟာ ၅ တွင် နှစ်ရက်အတွင်း တိုက်ပွဲ ၉ ကြိမ်ဖြစ်ပွားပြီး စစ်‌ကောင်စီဘက်မှ ၁၂ ဦးကျဆုံး

2133

ဩဂုတ် ၂၃ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး မူ‌တြော်ခရိုင်၊ တပ်မဟာ ၅ နယ်‌မြေတွင် ဩဂုတ်လ ၂၁ ရက်နှင့် ၂၂ရက်‌နေ့များတွင် နယ်‌မြေခံ ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော် (KNLA) တပ်ဖွဲ့နှင့် စစ်‌ကောင်စီတပ်ဖွဲ့ဝင်များကြား တိုက်ပွဲ‌ပေါင်း ၉ ကြိမ်ဖြစ်ပွားကာ စစ်‌ကောင်စီတပ်ဘက်မှ ၁၂ဦး ကျဆုံးခဲ့‌ကြောင်း KNU မူ‌တြော် (ဖာပွန်) ခရိုင်က ဩဂုတ် ၂၃ ရက်‌နေ့တွင် ထုတ်ပြန်ထားသည်။

နှစ်ရက်အတွင်းဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်‌ကောင်စီတပ်ဘက်မှ ၁၂ ဦးကျဆုံးပြီး ၁၉ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့‌သော်လည်း နယ်‌မြေခံ KNLA ဘက်မှ ထိခိုက်ကျဆုံးမှုမရှိ‌ကြောင်း မူ‌တြော်ခရိုင်ဘက်က ‌ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂ဝ ရက်‌နေ့တွင်လည်း ဖာပွန်-ကမ‌မောင်း လမ်းမကြီး‌ပေါ်တွင် လမ်းလုံခြုံ‌ရေး ယူ သည်ဟုအ‌ကြောင်းပြ၍ စစ်‌ရေးလှုပ်ရှားမှု လုပ်‌ဆောင်‌နေသည့် စစ်ဆင်‌ရေးကွပ်ကဲမှုဌာနချုပ် -စကခ(၈) လက်‌အောက်ခံ ‌ခြေမြန်တပ်ရင်း-ခမရ(၄၀၇)၊ (၄၀၈)နှင့် နယ်ခြား‌စောင့်တပ် (BGF) တပ်ဖွဲ့များသည် KNU ဒွယ်လိုးမြို့နယ် မ‌ထော‌ကျေးရွာအုပ်စုအတွင်းရှိ မ‌ထော၊ သွာခို‌လော်၊ ထွီးသီးအူ၊ ပူ‌ဘောခို စသည့်ရွာများထဲသို့ လက်နက်ကြီး (၃၀)လုံးနှင့် လက်နက်ငယ်အချက်‌ပေါင်း ၁၀၀ဝ (တစ်‌ထောင်) ‌ကျော် ပစ်ခတ်ခဲ့‌ကြောင်းလည်း ထုတ်ပြန်ချက်တွင် ‌ဖော်ပြပါရှိသည်။

တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားသည့်အတွက် လက်ရှိအချိန်တွင် ဖာပွန်- ကမ‌မောင်း လမ်း‌ဘေးဝဲယာရှိ ‌ဒေသခံ လူထုများအားလုံးမှာ ‌ကျေးရွာတွင် ‌နေထိုင်မရဲကြ‌တော့ဘဲ အခြား‌ကျေးရွာများသို့ ‌ပြောင်း‌ရွှေ့ ‌နေထိုင်ကြရသည်ဟု အနီးအနားရှိ ‌ဒေသခံတစ်ဦးက ‌ကေအိုင်စီသို့ ယ‌နေ့(ဩဂုတ် ၂၃ရက်) ‌ပြောသည်။

“ ဖာပွန်-ကမ‌မောင်းလမ်းမှာ‌တော့ အခုတ‌လော ‌နေတိုင်းပဲ ပစ်ခတ်ကြတယ်။ စစ်တပ်ဘက်က တက် လာရင်‌တော့ သူများ(KNLA) ပစ်တာပဲ။ စစ်တပ်ဘက်ကလည်း အမြဲတမ်းပစ်ခတ်တယ်။ မနက်ပိုင်း မဟုတ်ရင် ‌နေ့လည်ပိုင်း ‌သေနတ်သံ‌တွေက ကြား‌နေရတယ်။ အနီးအနားရွာက ‌ဒေသခံ‌တွေက ‌ပြောင်း‌ရွှေ့‌နေထိုင်ရတာ‌ပေါ့။ ကျ‌နော်တို့ရွာမှာလည်း လာခိုလှုံတာလည်းရှိတယ် ” ဟု ‌ဒေသခံတစ်ဦးက ‌ပြောသည်။

ထို့အပြင် ဩဂုတ်လ (၁၉)ရက်‌နေ့တွင်လည်း ဘူးသိုမြို့နယ် ထိုးဖိုးပါဒဲ‌ကျေးရွာရှိ အမျိုးသမီး(၃)ဦးကို လည်း စစ်‌ကောင်စီတပ် စကခ(၈) လက်‌အောက်ခံ ခမရ(၄၁၀)နှင့် ခမရ(၃၄၁) တပ်ဖွဲ့ဝင်များမှ ရိုက်နှက်ခြိမ်း‌ခြောက်မှုများရှိ‌ကြောင်း KNU မူ‌တြော်ခရိုင်က သတင်းထုတ်ပြန်ထားသည်။

KNU တပ်မဟာ ၅ နယ်‌မြေတွင် ယခုရက်ပိုင်းအတွင်း စစ်‌ကောင်စီဘက်မှ ‌မြေပြင်တွင် စစ်‌ရေးလှုပ်ရှားမှု ပိုမိုလုပ်‌ဆောင်သည့်အပြင် စစ်‌လေယာဉ်အသုံးပြုပြီး လာ‌ရောက်‌ထောက်လှမ်းမှုများ‌နေ့စဉ်လိုလို လုပ်‌ဆောင်လျက်ရှိသည် KNU မူ‌တြော်ခရိုင်ဘက်မှ ထုတ်ပြန်ထားသည်။