Home ကဗျာ “မြတ်‌သော လဝါဆို” (ကဗျာ)

“မြတ်‌သော လဝါဆို” (ကဗျာ)

3784
Photo: Internet

“မြတ်‌သော လဝါဆို”

ပုန်းညက်ပန်းတို့ ပွင့်ချိန်ခါ
သင်းပျံ့ရနံ့ဖြာ
လမြတ်ဝါဆို ဆင်ယင်နွှဲ
ရှင်ပြုရဟန်းခံ ပွဲ … ။

မိုးရွာမစဲ ဝါဝင်ချိန်
ရှစ်ခွင်တိုင်း ဆိတ်ငြိမ်
‌နေမင်းသူရိန် နှုတ်ဆက်ရ
မိုး‌ဒေဝါ သွန်းချ … ။

ဗုဒ္ဓ‌နေ့လို့ မှတ်သားကြို
မြတ်‌သော လဝါဆို
‌ဟောမြွက်သံချို ဓမ္မစက်
သ‌န္ဓေယူ ‌တောထွက်… ။

စန်းယှဉ်နက္ခတ် အာသဠီ
ကရကဋ် ရာသီ
ပုစွန်လုံးသည် ရာသီရုပ်
စီးပွားရှာ ကြိုးကုပ်… ။

ဥပုသ်သီတင်း ‌ဆောက်တည်ရာ
ရွာဦး‌ကျောင်း‌တော်သာ
ဘိုးဘွားစုံစွာ အ‌ရောက်လှမ်း
ဖူးကပ် ဝါဆိုပန်း … ။

သာယာ‌အေးချမ်း ‌တော‌တောင်‌မြေ
စိမ်းလန်းလို့ စိုပြည်
ပန်းမန်တို့‌ဝေ ရှုခင်းလှ
မြတ်‌သော ဝါဆိုလ … … … ။

ဇင်မင်းစိုး (ဗိုလ်က‌လေး)