Home ကဗျာ အာဇာနည်‌သွေးရှိမှ……

အာဇာနည်‌သွေးရှိမှ……

2280

အာဇာနည်‌သွေးရှိမှ……

✍ ယဖလုံဆို ယ‌ဝေ့ …တဲ့
သီဆိုမြဲသီဆိုဆဲပဲ
ဝိညာဉ်‌တွေလွင့်တဲ့ ကာလမှာ
တချို့က…
အသံဝင်သွားတယ်
တချို့က…
တိတ်တဆိတ် သိဆို‌လေ့ရှိတယ်
ဒီအချိန်မှာ
အာဇာနည်ဝိညာဉ်‌တွေက
‌တောင်ပံခတ်ပျံ‌နေ‌ရော့သလား…
မာန်တင်း အံကြိတ်‌နေ‌ရော့သလား…။

✍ ရုပ်ပုံလွှာက ‌ဝေဝါး‌ဝေဝါးနဲ့…
ရိုရာအဆင်‌တွေက အ‌ရောင်‌တွေ မွဲလို့ …
ပခုံးမှာ အသမာ‌တွေ တက်လို့…
ဒီခရီး…
နီးသလား ‌ဝေးသလား‌တော့ မ‌ပြောတတ်ဘူး
နာရီလက်တံကို ကြည့်ရင်းကြည့်ရင်း…
တစ်ခါတ‌လေ
‌ခြေ‌ထောက်‌တွေ ‌ညောင်းလာ
အာဇာနည်ဝိညာဉ်‌တွေလည်း ‌ညောင်း‌နေ‌ရော့ပြီထင်။

,✍ ရာသီမိုးရဲ့ဒဏ်ဟာ
အ‌ရှေ့‌ကော်သူး‌လေမှာ ပြင်းပြင်းထန်ထန်‌မွှေလို့…
‌ဒေါနအတွက် ‌မြေစာမဖြစ်‌ပေမဲ့
‌ကော်သူး‌လေ မျိုးဆက်အတွက်
‌မျှော်လင့်ချက်‌တွေ…
ခံယူချက်‌တွေ …
မျက်ရည်စက်‌တွေ…
တစ်‌နေရာစီ တစ်မျိုးစီ ဖြစ်‌စေခဲ့ပြီ။

✍ ဒီအချိန်မှာ…
အာဇာနည်‌သွေးနဲ့ ကမ္ပည်းထိုးမယ့်သူ‌တွေ
အ‌ရေခြုံသူရဲ‌ကောင်းတံဆိပ်နဲ့ တိုက်ပွဲဝင်မယ့်သူ‌တွေ
ဘာပဲဖြစ်ဖြစ် …
‌ကော်သူး‌လေကို ယဇ်မပူ‌ဇော်ဘူးဆိုရင်
အားလုံးကို ချည်ဖြူတစ်မျှင် ဆုချရမယ်
လွင့်‌နေတဲ့ဝိညာဉ်ကို ပြန်ချည်‌နှောင်ဖို့……။

✍ အာဇာနည်ကို ဂုဏ်ပြုရုံနဲ့ ခရီးမ‌ရောက်ဘူး
အာဇာနည်ကို အားကျရုံနဲ့ မပြီး‌သေးဘူး
အာဇာနည်‌တွေရဲ့ ဆန္ဒ ဖြည့်ဆည်း‌ပေးဦးမှ…
အာဇာနည်‌တွေ‌ပေးဆပ်ခဲ့သမျှ ပြန်‌ပေးဆပ်ဦးမှ…
ကိုယ်ကိုယ်တိုင် အာဇာနည်‌သွေးရှိဦးမှ…
ယဖလုံဆို ယ‌ဝေ့ ‌တေးကို ဆိုပါ။

အမျိုးသားသစ္စာဖြင့်
‌စော‌ယောင့်သာဆဲဆန်
(၁၀• ၈• ၂၀၂၁)
(ဩဂုတ် ၁၂ရက် ၊ ၇၁ နှစ် ‌မြောက် ကရင်အာဇာနည်‌နေ့အား ဤကဗျာဖြင့် ဂုဏ်ပြုကြိုဆိုသည်)