Home ဆောင်းပါး မိမိကစ ပြုပြင်ကြမှသာ (‌ဆောင်းပါး)

မိမိကစ ပြုပြင်ကြမှသာ (‌ဆောင်းပါး)

4663

မိမိကစ ပြုပြင်ကြမှသာ

ထူးက‌ပေါ်

(၃ ဩဂုတ် ၂၀၂၁)

“သူမက ကျ‌နော့်ကို ကယ်လိုက်တာပါ။ မိုးခြိမ်းသံလို အသံကြားပြီး ဒုံးကျည်ကျ မီး‌လောင်မှ ‌လေယာဉ်နဲ့ အပစ်ခံရတယ် လို့ သတိဝင်လာတယ်”

လွန်ခဲ့သည့် သုံးလ‌ကျော်ချိန် မတ် ၂၇ ရက်‌နေ့ ညဦးပိုင်းအချိန်တွင် ‌ကေအဲန်ယူ၊ တပ်မဟာ ၅ နယ်‌မြေ ထိုင်း-မြန်မာနယ် စပ်၊ သံလွင်မြစ်ကမ်းတစ်‌လျှောက်ရှိ ‌ကျေးရွာများကို စစ်အစိုးရက ဂျက်‌လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ရာတွင် ဇနီးသည် ဦး‌ခေါင်းဒဏ်ရာရခဲ့သည့် မိတ်‌ဆွေတဦးက သူ၏ အဖြစ်အပျက်ကို ‌ပြောပြခြင်းဖြစ်သည်။

ထိုသို့ ဗုံးကြဲတိုက်ခိုက်စဉ်တွင် သူတို့ ဇနီး‌မောင်နှံနှစ်ဦး ဗုံးခိုကျင်းထဲသို့ ဝင်‌ပြေးခဲ့‌ကြောင်း၊ အကယ်၍ ဗုံးစသည် သူ့ဇနီး အား မထိလျှင် သူ၏ဝမ်းဗိုက်ကို ထိမှန်မည့် အ‌နေအထားရှိကာ ဗုံးခိုကျင်းထဲတွင် သူ့ဇနီး၏ဦး‌ခေါင်း၌ ‌သွေးများ‌ပေကျံ လျက် ပုန်းခိုခဲ့ရသည်။ ထို့‌နောက် ‌တောထဲတွင် ‌ဆေးမရှိဘဲ သုံးရက်ခန့် ပုန်း‌ရှောင်ခဲ့ရပြီး မတ် ၃ဝရက်တွင် ထိုင်းဘက်ရှိ ‌ဆေးရုံသို့ ‌ရောက်ရှိကာ ဧပြီ ၁ရက်‌နေ့တွင် ခွဲစိတ်ခဲ့ရသည်ဟု မိတ်‌ဆွေက သူ့အဖြစ်အပျက်ကို ‌ပြောပြသည်။

‌ကေအဲန်ယူ-တပ်မဟာ ၅ က ၎င်းတို့ အုပ်ချုပ်သည့် နယ်‌မြေအတွင်း စခန်းလာချထားသည့် စစ်အစိုးရစခန်းတစ်ခုကို တိုက်ခိုက်သိမ်းပိုက်လိုက်သည့်အ‌ပေါ် စစ်အစိုးရ ယခုလို လက်တုံ့ပြန် ဗုံးကြဲတိုက်ခိုက်ခြင်း ဖြစ်သည်။ ယင်းသည် နှစ် ‌ပေါင်း နှစ်ဆယ်အတွင်း ‌ကေအဲန်ယူကို စစ်အစိုးရက တိုက်‌လေယာဉ်သုံး တိုက်ခိုက်မှုအဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။

နှစ်‌ပေါင်း ၇၀‌ကျော်ကြာ ကမာ္ဘ့အရှည်ကြာဆုံး ‌တော်လှန်‌ရေးဆင်နွှဲခဲ့သည့် ကရင်လူမျိုးတို့အတွက် အထက်ပါဖြစ်စဉ် သည် စစ်ပွဲ၊ ပဋိပက္ခများစွာထဲမှ ဖြစ်ရပ်‌သေး‌သေး‌လေး တစ်ခုမျှသာ။

ကရင်တို့၏ ဆယ်စုနှစ် ၇ခု‌ကျော် ‌တော်လှန်‌ရေးသည် မည်မျှထိ ခရီး‌ရောက်ပါသနည်း။ ‌နေ့တဓူဝ တိုက်ပွဲများ၊ စစ်‌ရှောင် များ၏ ခါးသီးလှ‌သော ဘဝများ၊ နာကျင်‌သွေးစွန်းမှုများ၊ ဆင်းရဲနွမ်းပါးမှုများ၊ အခြားနိုင်ငံများ၌ ‌အောက်‌ခြေသိမ်းအလုပ် သမားအဖြစ် သိမ်ငယ်နှိမ့်ကျစွာ ဖြတ်သန်း‌နေရမှုများ၊ မူးယစ်သား‌ကောင်ဖြစ်ခဲ့ရသူများ၊ ‌ဝေဖန်ပြစ်တင် ငြင်းခုန်မှုများ၊ ငြိမ်းချမ်း‌ရေးဆိုသည့် စကားလုံးလှလှ‌အောက်မှာ မ‌ရေရာခြင်း သံသရာကို မိမိတို့ ရင်ဆိုင်‌နေရသည် မဟုတ်ပါ‌လော။

ကရင့်‌တော်လှန်‌ရေး၏ ရည်မှန်းချက်သည် အမျိုးသားတန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိ‌ရေးအတွက် ဖြစ်သည်။ ထိုရည်မှန်းချက်‌ရောက်ရန် အများက မိခင်အဖွဲ့အစည်းဟု‌ခေါ်သည့် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ဦး ‌ဆောင်ကြိုးပမ်း‌နေသည်။ ထိုဦး‌ဆောင်အဖွဲ့ ‌ကေအဲန်ယူကို ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုးက ဥက္ကဌအဖြစ် ဦး‌ဆောင်‌နေ ချိန်ဖြစ်သည်။

ပြီးခဲ့သည့် ဇွန်လအတွင်း ‌ဝေါ်‌လေတွင် ဖြစ်ပွားသည့် လူ ၂၅ဦး အသတ်ခံရသည့်ကိစ္စနှင့်ပတ်သက်ပြီး ဖြစ်စဉ်ကို စုံစမ်း စစ်‌ဆေးစဉ်ကာလအတွင်း KNDO စစ်ဦးစီးချုပ်ကို တာဝန်မှ ယာယီရပ်ဆိုင်းထား‌ကြောင်း ‌ကေအဲန်ယူ ကာကွယ်‌ရေးဌာ နက သက်ဆိုင်သူများထံ အသိ‌ပေးစာ ‌ပေးပို့လိုက်သည်။

ထိုသို့ ယာယီရပ်ဆိုင်းလိုက်မှုအ‌ပေါ် အင်တာနက်လူမှု ကွန်ရက်စာမျက်နှာများတွင် ‌ဝေဖန်မှုမျိုးစုံ ‌ပေါ်ထွက်လာသည်။ မတူကွဲပြားသည့် ‌ဝေဖန်မှုများတွင် ရန်သူ့အလိုကျ လိုက်လံလုပ်‌ဆောင်‌နေသည်ဟု စွပ်စွဲ‌ပြောဆိုမှုများအထိ ရှိခဲ့သည်။

စင်စစ် မိခင်အဖွဲ့အစည်း၏ အ‌ခြေအ‌နေကို ကရင်ပြည်သူများ သိနားလည်စ ပြုလာခဲ့သည်မှာ မကြာ‌သေးသည့် ဆယ်စု နှစ်အတွင်းကဟု ဆိုနိုင်သည်။ ၂၀၁၂ခုနှစ် ဇန်နဝါရီလ ၁၂ရက်‌နေ့တွင် ပြည်နယ်အဆင့် အပစ်ရပ်ပြီး ‌နောက်ပိုင်းမှသာ ကရင်ပြည်သူများက ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် တစတစ ပိုမို ထိ‌တွေ့လာနိုင်ခဲ့ခြင်းဖြစ်သည်။

အင်တာနက်လူမှုကွန်ရက် တွင်ကျယ်လာသည့် ယ‌နေ့‌ခေတ်တွင် မိခင်အဖွဲ့အစည်း၏ ထုတ်ပြန်ချက် လုပ်‌ဆောင်မှုများ ကို အချိန်နှင့်တ‌ပြေးညီနီးပါး အများသိလာနိုင်သည့် သ‌ဘောရှိကာ အခြားတစ်ဖက်တွင်မူ အားမလိုအားမရ ‌ဝေဖန်ခြင်း များလည်း အချိန်နှင့်အမျှ ထွက်‌ပေါ်‌နေခဲ့သည်။ ‌ဝေဖန်မှုတိုင်းသည် အပြုသ‌ဘော အမြဲမ‌ဆောင်သလို အပျက်သ‌ဘော ဟုလည်း မသတ်မှတ်လို။ ဆိုလိုသည်မှာ ‌ဝေဖန်အပြစ်‌ပြောခြင်းသည် အ‌ဖြေထွက်သည့် ပုစာ္ဆမဟုတ်။

မ‌ဝေး‌သေးသည့် အတိတ်ကို ပြန်ကြည့်လျှင် ၂၀၁၂ အပစ်ရပ်စဉ်ကလည်း ‌ဝေဖန်မှုများ ‌ပေါ်ထွက်လာခဲ့ဖူးသည်။ တဖန် ၂၀၁၅ NCA ထိုးစဉ်ကလည်း ထိုနည်းလည်း‌ကောင်းပင်၊ လက်ရှိ စစ်‌ကောင်စီအုပ်ချုပ်စဉ် NCA လမ်း‌ကြောင်းအတိုင်း ဆက်သွယ်မည်ဟု ‌ကေအဲန်ယူ ဥက္ကဌ ထုတ်ပြန်စဉ်ကလည်း အ‌တော်ပင် ‌ဝေဖန်မှုများ ရှိခဲ့ကြပြီး လက်ရှိ KNDO စစ်ဦး စီးချုပ်တို့ အခင်းဖြစ်စဉ်ကိစ္စထိ ပြစ်တင်‌ဝေဖန်၊ လူ‌ပြောများ‌နေခဲ့သည်။

‌ကေအဲန်ယူ၏ ဖွဲ့စည်းပုံအ‌ခြေခံ ဥပ‌ဒေထဲတွင် မှုခင်းဆိုင်ရာတစ်ခုခုကို ‌ဖြေရှင်းမည်ဆိုပါက ပါဝင်ပတ်သက်၊ ဆက်စပ် ‌နေသည့် ‌ခေါင်း‌ဆောင်၊ တာဝန်ခံ၊ အဖွဲ့ဝင်များကို ရာထူးတာဝန်မှ ‌ခေတ္တရပ်ဆိုင်းထားပြီးမှသာ အမှုအခင်းကို စုံစမ်းစစ် ‌ဆေးနိုင်သည်။ တရားခွင်တွင် စစ်‌ဆေးရာ၌ ပြစ်မှုထင်ရှားလျှင် ထင်ရှားသလို၊ မထင်ရှားလျှင် မထင်ရှားသလို အ‌ရေးယူ ‌ဆောင်ရွက် စီရင်ချက်ချမှတ်‌လေ့ရှိသည်။

သ‌ဘောထားမတူခြင်း၊ အုပ်စုကွဲ‌နေခြင်း၊ အယူအဆ မတူခြင်းနှင့် ကိုယ်ကျိုးကြည့်သူများသည် နိုင်ငံ‌ရေးအသိုင်းအဝိုင်း၊ ‌တော်လှန်‌ရေးအသိုင်းအဝိုင်း၊ လူမှုအသိုင်းအဝိုင်းများတွင် ရှိ‌နေစမြဲဖြစ်သလို ကဲ့ရဲ့‌ဝေဖန်မှုများလည်း ဆက်ရှိ‌နေဦးမည် ပင် ဖြစ်သည်။

အခြားတစ်ဖက်က စဉ်းစားလျှင်မူ လက်ရှိ ‌ကေအဲန်ယူ ဥက္ကဌကို ဖယ်ရှားလိုက်ပြီး ‌ခေါင်း‌ဆောင်သစ် ‌ပေါ်ထွက်လာမည် ဆိုပါက ‌တော်လှန်‌ရေးရည်မှန်းချက် ‌အောင်မြင်သွားမည်လား၊ ကရင်လူမျိုးများ၏ လူမှုဘဝတိုးတက်လာမည်လား၊ ကရင့်အနာဂတ် လှပသွားမည်လားဆိုသည်မှာ တိတိပပ အ‌ဖြေမရှိ။

လက်ရှိ မိခင်အဖွဲ့အစည်းမှာ ‌ခေါင်း‌ဆောင်မှုပိုင်း အားနည်းချက်ရှိသည်ဆိုလျှင် မိခင်အဖွဲ့အစည်းကို ‌လေးစားချစ်ခင်၊ အားကိုးသည့် မိမိတို့ကရင်လူမျိုးအ‌ယောက်စီတိုင်းတွင်လည်း တာဝန်မကင်းကြ။ အဘယ်‌ကြောင့်ဆို‌သော် ကရင်တို့၏ အမျိုးသားတန်းတူ‌ရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိ‌ရေးသည် ‌ကေအဲန်ယူ ဥက္ကဌတစ်ဦးတည်း လုပ်‌ဆောင်၍ရသည့် အရာ မဟုတ်။

သန်းနှင့်ချီရှိသည့် ကရင်လူမျိုးများက ဝိုင်းဝန်းလုပ်‌ဆောင်မှသာ ရည်မှန်းချက်ပန်းတိုင်ကို ‌ရောက်ရှိမည်ဖြစ်သည်။ မိမိ တို့ကရင်လူမျိုးတစ်ဦးစီ၏ ‌နေ့တဓူဝ လုပ်‌ဆောင်‌နေမှုများကသာ အနာဂတ် ကရင့်ဘဝအ‌ပေါ် ‌ကောင်းကျိုးသက်‌ရောက် နိုင်သလို ဆိုးကျိုးသက်‌ရောက်မှုလည်း ရှိနိုင်သည်ကို အစဉ်အမြဲ သတိပြုရန်လိုသည်။

လတ်တ‌လောတွင် ကရင့်‌တော်လှန်‌ရေးသည် အပစ်ရပ်ကာလ ၉နှစ်နီးပါးဖြစ်ခဲ့‌သော်လည်း အထက်တွင် သာဓကပြခဲ့ သည့်ဖြစ်စဉ်ကဲ့သို့ အချိန်မ‌ရွေး တိုက်ပွဲများပြန်ဖြစ်ပြီး မ‌ရေရာခြင်းများကသာ နယ်ပယ်စုံတွင် ကြီးစိုး‌နေဆဲဖြစ်သည်။ လက်‌တွေ့တွင်လည်း တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေးသာမက တစ်နိုင်ငံလုံး၏ အာဏာရှင်ဆန့်ကျင်မှုအ‌ရေး ‌တော်ပုံကြီးမှာလည်း ငြိမ်းချမ်းစွာ ဆန္ဒထုတ်‌ဖော် သပိတ်‌မှောက်ရာကစပြီး ရရာလက်နက်စွဲကိုင်ရ‌သော လူမျိုး‌ပေါင်းစုံ ‌တော်လှန်‌ရေးကြီးအဖြစ် ဆင်နွှဲလာ‌နေကြပြီဖြစ်သည်။

အဓမ္မလမ်းစဉ်ဖြစ်သည့် မတရားမှုကို ဆန့်ကျင်‌သော မည်သည့်‌တော်လှန်‌ရေးမဆို စည်းလုံးဖို့လိုသည်။ စနစ်ကျဖို့လိုသည်။ ဆူးခင်းလမ်းသဖွယ် ကြမ်းတမ်း‌သော ခရီးလမ်းကို ခံနိုင်ရည်ရှိဖို့လိုသည်။ နည်းပညာ‌တွေ လျင်မြန်တိုးတက်‌နေ ‌သော‌ခေတ်ကြီးတွင် တစ်ဦးနှင့်တစ်ဦး၊ တစ်‌နေရာနှင့်တစ်‌နေရာ ‌ဝေးကွာ‌နေကြ‌သော်ငြား စိတ်သ‌ဘောထားမကွဲပြားကြ ဘဲ တရားမျှတမှုအတွက် ညီညီညွတ်ညွတ် တိုက်ပွဲဝင်ကြဖို့လိုသည်။

ထို့အတွက် တိုက်ပွဲဝင် ‌ခေါင်း‌ဆောင်‌ကောင်းများသာမက ‌နောက်လိုက်‌ကောင်းများလည်း အများအပြား လိုအပ်‌နေ‌ပေ ရာ နယ်ပယ်အသီးသီးရှိ မိမိတို့တစ်ဦးချင်းစီတိုင်းလည်း အုတ်တစ်ချပ် သဲတစ်ပွင့်အားဖြင့် တိုင်းပြည်နှင့် တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး လူသားအခွင့်အ‌ရေး အပြည့်အဝရရှိ‌ရေးအတွက် အာဏာရှင်အုပ်စုနှင့် အာဏာရှင်စနစ်ကို ဖြိုပစ် တိုက်ထုတ်ရန် မည်သို့ပူး‌ပေါင်းလုပ်‌ဆောင်မည်ကိုသာ ဦးစား‌ပေး စဉ်းစားလုပ်‌ဆောင်ရမည့်အချိန်ဖြစ်သည်။

သို့ဖြစ်ပါ၍ မည်သူမဆို မ‌ကောင်းသည့်လွဲ‌ချော်‌သော အခင်းအကျင်းများကို လွတ်လပ်စွာ ‌ဝေဖန်‌ထောက်ပြနိုင်သလို ‌ကောင်းမွန်တည့်မတ်မှန်ကန်သည့် အချင်းအရာများ ဖြစ်‌ပေါ်လာ‌စေရန်လည်း တစ်ဦးချင်း၊ တစ်‌ယောက်ချင်းစီမှစ၍ စိတ်ရင်း‌စေတနာအမှန်ဖြင့် အချင်းချင်း လုပ်ကြံ‌ပြောဆိုပြုမူခြင်းကင်းစွာ ပြုပြင်သွားရန် လိုအပ်‌ပေသည်။