ထွက်ပေါက်ပိတ်နေတဲ့ အကြမ်းဖက်စစ်ကောင်စီ
မောင်ကျော်စွာ
(၂၀၂၁ခုနှစ်၊ ဩဂုတ် ၂ဝရက်)
“မင်းအောင်လှိုင် – စိုးဝင်း အကြမ်းဖက်စစ်ကောင်စီ”ရဲ့ ဖေဖေါ်ဝါရီလ ၁ရက် အာဏာသိမ်းပိုက်မှုဟာ စစ်အုပ် စုတွင်း အကြပ်အတည်း ကြီးမားမှုကို တဆင့်တိုး ဖော်ပြတာဖြစ်ပြီး တစ်ဖက်မှာလည်း ပြည်တွင်းပြည်ပ အကြပ်တည်း ပေါင်းစုံ ဆိုက်နေပြီး ထွက်ပေါက်ပိတ်နေတဲ့ သူတို့အနေအထားကို ပိုပြီး သိသာမြင်သာစေပါတယ်။
ဒီလိုပြောတာဟာ အချက်အလက်မဲ့ မျှော်လင့်ချက်ပေးတာမျိုး မဟုတ်ပါဘူး။ ပထမဆုံး သာဓကပြချင်တဲ့အ ချက်က စစ်အုပ်စုက စိတ်ကြိုက်ရေးဆွဲပြီး အဓမ္မအတည်ပြုထားတဲ့ ‘၂၀၀၈ အခြေခံဥပဒေ’ ကျော်လွန်ချိုးဖောက်ပြီး အာဏာသိမ်းတဲ့ အချက်ဖြစ်ပါတယ်။ ဒီအချက်က စစ်အုပ်စုဟာ ‘လူအများကို တစုံတရာ လှည့်စားနိုင်ခဲ့တဲ့ – သူတို့ကို တစုံတရာ ထွက်ပေါက်ရစေခဲ့တဲ့ တောင်ဝှေးနဲ့တူတဲ့ ‘၂၀၀၈ အခြေခံဥပဒေ’ကို ဒင်းတို့ကိုယ်တိုင် ရိုက်ချိုးပစ်တဲ့လုပ်ရပ် ပါပဲ။ ဒီအချက်က စစ်အုပ်စုဟာ ‘မလုပ်ရဲတာဘာမှမရှိ – ဘာမဆိုလုပ်ရဲတယ်’ ဆိုတဲ့ အစွန်းရောက်မိုက်ရူးရဲမှုဖြစ်တယ်။ ဒီအချက်က စစ်အုပ်စုအဖို့ ထွက်ပေါက်ပိတ်နေတာ၊ လမ်းဆုံးနေတာကို ဖော်ပြပါတယ်။
တစ်ပြိုင်နက်ထဲမှာ ဒီအချက်ကြောင့်ပဲ စစ်အုပ်စုကို ပြည်သူများရဲ့ ခါးခါးသီးသီး ဆန့်ကျင်မှု၊ ပြည်ပနိုင်ငံများက တည်တည်ကြည်ကြည် အသိအမှတ်ပြု၊ လူရာမသွင်းဝံ့တဲ့ အကြပ်အတည်းပေါင်းစုံထဲကို ထိုးကျသွားစေတာဖြစ်တယ်။
ဒုတိယအချက်က ပြည်သူတစ်ရပ်လုံးရဲ့ တခဲနက် ဆန့်ကျင်တော်လှန်မှုဖြစ်ပါတယ်။ ဒီလောက်အုံကြွဆန့်ကျင် လိမ့်မယ်လို့ စစ်အုပ်စုက မျှော်လင့်မထားဘူး။ ဒီအချက်ကို မင်းအောင်လှိုင် ဝန်ခံထားတယ်။ ပြည်သူတွေဟာ “၂၀၀၈ အခြေခံဥပဒေ” လုံးဝ အကုန်အစင် ဖျက်သိမ်းပစ်ရမယ် – အရင်ကလို ပြင်ဆင်ရုံနဲ့ မရနိုင် / မဖြစ်နိုင်တော့ဘူး။ ပြင်ဆင် လို့လည်း ဘယ်လိုမှ မဖြစ်နိုင်ဘူး ဆိုတာကို အတွေ့အကြုံအရ ကောင်းကောင်းကြီး သဘောပေါက်ခဲ့ကြပြီ။ ဒီနေ့ ကြွေး ကြော်နေကြတာက ‘သွေးကြွေးမှာ ဆွေးနွေးစရာမရှိ’ ဆိုတဲ့ ကြွေးကြော်သံပဲ မဟုတ်ပါလား။ ဒါဟာ စစ်အုပ်စုရဲ့ အစွန်း ရောက် မိုက်ရူးရဲမှုဖြစ်တဲ့ ‘မလုပ်ရဲတာဘာမှမရှိ – ဘာမဆိုလုပ်ရဲတယ်’ ဆိုတာကို သူသေ ငါရှင် ရင်ဆိုင်ကြမယ်ဆိုတဲ့ ပြည်သူများရဲ့ ဆုံးဖြတ်ချက်ကို အတိအလင်း ကြေညာဖော်ပြတဲ့ သဘောအဓိပ္ပာယ်လည်း ဖြစ်နေပါတယ်။
တတိယအချက်က စစ်အုပ်စုမှာ အခြားလမ်းမရှိ ထွက်ပေါက်ပိတ်နေတဲ့အချက်ပဲ။ ဒီအချက်ကို ထင်ရှားစေတာ ကတော့ ‘မင်းအောင်လှိုင် – စိုးဝင်းစစ်အုပ်စု’ ရဲ့ လမ်းပြမြေပုံ (ဝါ) ‘စကစရဲ့ရှေ့လုပ်ငန်းစဉ် ၅ရပ်’ ကိုကြည့်ပါ။ ၂၀၀၈ အခြေခံဥပဒေနဲ့အညီ ပါတီစုံဒီမိုကရေစီ အထွေထွေေရွေးကောက်ပွဲ ကျင်းပပြီး အနိုင်ရပါတီကို အာဏာလွှဲပြောင်းပေး မယ် ဆိုတာဖြစ်တယ်။ ဒီလုပ်ငန်းတွေနဲ့ပတ်သက်ပြီး အချိန်ကာလအားဖြင့် ‘၂၀၂၃ခုနှစ်၊ ဩဂုတ်လအတွင်း’လို့ မင်းအောင်လှိုင် ပါးစပ်ကနေ ထုတ်ဖော်ပြောထားပါတယ်။
ခပ်ဝေးဝေး သမိုင်းလက်တွေ့ကို ကြည့်မလား။ ခပ်နီးနီး သမိုင်းလက်တွေ့ကိုပဲ ကြည့်မလား။ စစ်အုပ်စုဟာ လူထုအုံကြွ ဆန့်ကျင်မှုကိုတွေ အချိန်ကာလတစ်ခုယူပြီး အကြမ်းဖက် ဖိနှိပ်ချေမှုန်းတယ်။ စိတ်ကြိုက်အခြေခံဥပဒေ ရေးတယ်။ ပြီးတဲ့နောက် ဒင်းတို့ပိုင်လောက်တဲ့အချိန်လို့ ယူဆထင်မြင်တဲ့ကာလမှာ ရွေးကောက်ပွဲလုပ်တယ်။ ဒင်းတို့ ဆန္ဒနဲ့ မကိုက်ညီတာနဲ့ ရွေးကောက်ပွဲရလဒ်ဖျက်သိမ်း၊ နိုင်ငံရေးခေါင်းဆောင်တွေကို အတင်းအဓမ္မ ဖိအားပေး နှုတ် ထွက်စေတယ်။ မဟုတ်မဟပ် လုပ်ကြံစွပ်စွဲမှုတွေနဲ့ ချည်နှောင်ထားတယ်။ အကျဉ်းချထားတယ်။ ပြည်ပထွက်သွားဖို့ အထိ ဖိအားပေး အကြပ်ကိုင်ခဲ့တယ်။
ဒီလိုလုပ်ရပ်တွေ၊ ဖြစ်စဉ်ဖြစ်ရပ်တွေဟာ အပေါ်ယံသဏ္ဍာန်ဖြစ်တဲ့ အခြေအနေ၊ အချိန်ကာလနဲ့ လူပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးပါတီတွေသာ ခြားနားချင် ခြားနားမယ်၊ ကွဲပြားချင်ကွဲပြားမယ် အနှစ်သာရဖြစ်တဲ့ စစ်အုပ်စုက စိတ်ကြိုက် ထင်ရာလုပ်တာတွေမှာတော့ ၁၉၅၈ ‘ဗိုလ်နေဝင်း အိမ်စောင့်အစိုးရ’ နဲ့ ၁၉၆ဝ အထွေထွေရွေးကောက်ပွဲကို ကြည့်မ လား။ ထိုစဉ်က အနိုင်ရပါတီနဲ့ အစိုးရဖြစ်တဲ့ ‘ပထစပါတီနဲ့အစိုးရ’ ကို ဖျက်သိမ်းဖမ်းဆီးပြီး ၁၉၆၂ ဗိုလ်နေဝင်းစစ်အုပ်စု က ‘တော်လှန်ရေးကောင်စီ’နာမည်နဲ့ အာဏာသိမ်းကို ကြည့်မလား၊ ၁၉၇၄အခြေခံဥပဒေကို စိတ်ကြိုက်ရေး စိတ် ကြိုက်အတည်ပြုပြီး (မဆလ)တစ်ပါတီစနစ်ဆိုတဲ့ အပေါ်ယံသဏ္ဍာန်နဲ့လှည့်ဖြားပြီး ဗိုလ်နေဝင်းစစ်အုပ်စုကပဲ အားလုံး ကို စိုးမိုးဖိနှိပ်အုပ်ချုပ်ခဲ့တာပါ။
ဗိုလ်နေဝင်း (မဆလ) စစ်အုပ်စုကို ပြည်သူတစ်ရပ်လုံးက ‘၁၉၈၈ ဒီမိုကရေစီအရေးတော်ပုံကြီး’နဲ့ တွန်းလှန်ဖြို ချခဲ့တော့လည်း လူထုအုံကြွမှုကြီးကို အကြမ်းဖက်နှိမ်နင်းပြီး ‘စောမောင် – ခင်ညွန့်တို့ရဲ့ (နဝတ) စစ်အုပ်စု ပေါ်လာပါ တယ်။ (နဝတ) စစ်အုပ်စုက ၁၉၉ဝ ရွေးကောက်ပွဲပြုလုပ်ပေးပေမယ့် ရွေးကောက်ပွဲရလဒ် ဖျက်သိမ်းပစ်ခဲ့ပြီး အနိုင်ရပါ တီကို ဆိုင်းဘုတ်လောက်သာချန်ပြီး စိစိညက်ညက် ချေပစ်ခဲ့ကြတယ်။
အဲဒီနောက်မှာ (နအဖ) စစ်အုပ်စုလို့ အမည်ပြောင်းပြီး ‘လမ်းပြမြေပုံ ၇ရပ်’ ဆိုတာကို ဖော်ထုတ်လာပြီး ၂၀၀၈ အခြေခံဥပဒေကို စိတ်ကြိုက်ရေးဆွဲပြီး အဓမ္မအတည်ပြုခဲ့ကြလို့ ‘မင်းအောင်လှိုင် – စိုးဝင်း အကြမ်းဖက်စစ်ကောင်စီ’ရဲ့ ဖေဖေါ်ဝါရီ ၁ရက်မတိုင်ခင် ‘အခင်းအကျင်း’ ဖြစ်တည်လာခဲ့တာ မဟုတ်ပါလား။ အခုတော့ အဲဒီအခင်းအကျင်းကို လုံးလုံးလျားလျား ဖျက်သိမ်းပစ်လိုက်တာလည်း စစ်အုပ်စုပဲ မဟုတ်ပါလား။ ရွေးကောက်ခံအစိုးရအဖွဲ့ ခေါင်းဆောင် တွေ၊ နိုင်ငံရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေကို လုပ်ကြံစွပ်စွဲချက်မျိုးစုံနဲ့ ဖမ်းဆီးထားတယ်၊ ဆန္ဒပြသူတွေကို ပစ်သတ်ခဲ့တယ်။ ‘၂၀၂ဝ ရွေးကောက်ပွဲရလဒ်’ မဆီလျော်တဲ့ အကြောင်းပြချက်နဲ့ ဖျက်သိမ်းပစ်ခဲ့တယ်။
ဒီတော့ ၁၉၅၈ အိမ်စောင့်အစိုးရကာလကနေ ၂၀၂၁ခုနှစ် အိမ်စောင့်အစိုးရကာလအထိ ဖြစ်ရပ်တွေကို စီကြည့်လိုက်တော့ စစ်အုပ်စုမှာ အကြမ်းဖက် ဖိနှိပ်သတ်ဖြတ်မှုနဲ့ လှည့်ဖြားသိမ်းသွင်းတဲ့ လမ်းကလွဲလို့ အခြားထွက် ပေါက်မရှိတော့တာကို အတိုင်းသား အထင်းသားတွေ့မြင်ရမှာဖြစ်ပါတယ်။ စစ်အုပ်စုအဖို့ လမ်းဆုံးနေတာပါ။
‘မင်းအောင်လှိုင် – စိုးဝင်းစစ်အုပ်စု’ ရဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့အညီ ပြုလုပ်မယ်ဆိုတဲ့ ၂၀၂၃ ရွေးကောက်ပွဲ ဆိုတာမှာ ဘယ်လိုပါတီတွေက ဝင်ပြိုင်ကြအုံးမှာလဲ၊ ပြည်သူတွေကရော အဲဒီရွေးကောက်ပွဲမှာ မဲပေးကြအုံးမှာလား။ မင်းအောင်လှိုင် ပါးစပ်ကပြောနေတဲ့ ရွေးကောက်ပွဲဆိုတာ တကယ်ဖြစ်လာနိုင်မယ်လို့ ဘယ်သူတွေက မျှော်လင့်ယုံ ကြည်နေကြသေးသလဲ။ ဘယ်သူတွေကရော အဲဒီလို နောက်တစ်ကြိမ် လှည့်ဖြားမှုကျော့ကွင်းထဲကို သက်ဆင်းလာ အောင် ကူညီမြှူဆွယ် တောချောက်ပေးကြအုံးမှာလဲ။
‘မင်းအောင်လှိုင် – စိုးဝင်း အကြမ်းဖက်စစ်အုပ်စု’ အဖို့ ဘယ်တုန်းကနဲ့မှ မတူတဲ့ ပြည်တွင်းပြည်ပ အကြပ် အတည်းတွေပေါင်းစုံ ဆိုက်ရောက်နေတဲ့ အချိန်ကာလဖြစ်ပါတယ်။ တစ်ပြည်လုံးက လက်နက်ကိုင်တော်လှန်လာနေ တဲ့ ကာလဖြစ်ပါတယ်။ ဒါကို ထိထိမိမိ အသုံးချပြီး ဒီမိုကရေစီတိုက်ပွဲကို အောင်ပွဲရအောင် တိုက်ကြဖို့ပါ။ အချင်းချင်း စကားများပြီး အချိန်ဖြုန်းနေကြမယ်ဆိုရင် အခွင့်အခါကောင်း လက်လွတ်သွားပါလိမ့်အုံးမယ်။