Home သတင်း မြဝတီမြို့တွင် ‌နေအိမ်အပြင်ထွက် သွားလာခြင်းအား တစ်ရက်လျှင် ၃ နာရီ ခန့်သာ ခွင့်ပြု‌တော့မည်

မြဝတီမြို့တွင် ‌နေအိမ်အပြင်ထွက် သွားလာခြင်းအား တစ်ရက်လျှင် ၃ နာရီ ခန့်သာ ခွင့်ပြု‌တော့မည်

1075

ဇူလိုင် ၁၈ ရက်၊၂၀၂၁ခုနှစ်။‌ကေအိုင်စီ

ကရင်ပြည်နယ် မြဝတီမြို့တွင် ‌နေအိမ်အပြင်ထွက် သွားလာခွင့်ကို ယ‌နေ့ ဇူလိုင် ၁၈ရက်‌နေ့မှစ၍ နံနက် ၆ နာရီမှ နံနက် ၉ နာရီထိ တစ်ရက်လျှင် ၃ နာရီခန့်သာ ခွင့်ပြု‌တော့မည်ဟု သိရသည်။

Covid-19 ပိုး‌တွေ့လူနာများနှင့် ‌သေဆုံးသူများပြားလာခြင်း‌ကြောင့် မြဝတီမြို့အား Stay at Home ‌နေထိုင်ရန် ဇူလိုင် ၁၂ ရက်‌နေ့ ညပိုင်းက စစ်‌ကောင်စီထိန်းချုပ်ထားသည့် ကျန်းမာ‌ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ထိုသို့ ထုတ်ပြန်ထားပြီး‌နောက် မြဝတီမြို့တွင် တစ်အိမ်လျှင် တစ်ဦးနှုန်း အပြင်ထွက်သွားလာ ‌ဈေးဝယ်ခွင့်ကဒ်ကို ရပ်ကွက်ရုံးများမှတဆင့် ထုတ်‌ပေးခဲ့ပြီး ၎င်းကဒ်ဖြင့် နံနက် ၄ နာရီမှစ၍ ည ၈ နာရီအထိ သွားလာခွင့် ရှိခဲ့သည်။

သို့‌သော် ယ‌နေ့ ဇူလိုင် ၁၈ ရက်‌နေ့မှစ၍ ၎င်းရပ်ကွက်ရုံးများမှထုတ်‌ပေးထားသည့်ကဒ်ဖြင့် နံနက် ၆ နာရီမှ နံနက် ၉ နာရီထိ ရပ်ကွက်အတွင်း၌သာ အပြင်ထွက်သွားလာ ‌ဈေးဝယ်ခွင့် ပြု‌တော့မည်ဟု မြဝတီခရိုင်စစ်‌ကောင်စီအုပ်ချုပ်‌ရေးအဖွဲ့ မှ ထပ်တိုးအမိန့် ထုတ်ပြန်ထားခြင်းဖြစ်သည်။

အဆိုပါ ထုတ်ပြန်မှုနှင့်ပတ်သက်၍ နံနက်ဖြန် ဇူလိုင်လ ၁၉ ရက်‌နေ့သည် အာဇာနည်‌နေ့ ဖြစ်‌သော‌ကြောင့် လူထုအုံကြွမှု မဖြစ်‌ပေါ်‌စေရန် ‌ရောဂါအ‌ကြောင်းပြကာ ကြိုတင်ထိန်းချုပ်လိုခြင်းဟု ‌ဝေဖန်သုံးသပ်သူများလည်းရှိ‌နေသည်။

လက်ရှိ မြဝတီမြို့တွင် ယခုတစ်လအတွင်း Covid-19 ‌ရောဂါ ကူးစက်ခံရသူ တစ်‌ထောင်‌ကျော်ရှိပြီး ကိုဗစ်‌ကြောင့် ‌သေဆုံးသူ ၇ဝ ဝန်းကျင်ခန့်ရှိ‌နေသည်ဟု မြဝတီခရိုင် ကိုဗစ်-၁၉ ‌ရောဂါ ကာကွယ်တားဆီး‌ရေး‌ကော်မတီ၏ ထုတ်ပြန်ချက် စာရင်းအရ သိရသည်။

သို့‌သော်လည်း ‌မြေပြင်အ‌ခြေအ‌နေတွင် မြဝတီမြို့၌ ကိုဗစ်ကူးစက်ခံရသူမှာ ထုတ်ပြန်ထားသည့် စာရင်းထက် ပို၍များ‌နေနိုင်ပြီး ရပ်ကွက်တိုင်းနှင့် လမ်းတိုင်းလိုလိုတွင် အနံ့‌ပျောက်ဖျားနာ‌နေသူအများအပြားရှိကာ မိမိဆန္ဒအ‌လျောက် ‌နေအိမ်တွင် Home Quarentine ‌နေထိုင်လျက်ရှိ‌နေ‌ကြောင်း သိရသည်။