Home သတင်း ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် စစ်‌ကောင်စီဖမ်းဆီးထိန်းသိမ်းခံရသူများအတွက် အမှုလိုက်‌ပေးသည့် ‌ရှေ့‌နေ နှစ်ဦး ဖမ်းဆီးခံရ

ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် စစ်‌ကောင်စီဖမ်းဆီးထိန်းသိမ်းခံရသူများအတွက် အမှုလိုက်‌ပေးသည့် ‌ရှေ့‌နေ နှစ်ဦး ဖမ်းဆီးခံရ

3541

ဇွန်လ ၁၁ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

စစ်အာဏာသိမ်းပြီး‌နောက် ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံရသူ များအတွက် အမှုလိုက်ပါ ‌ဆောင်ရွက်‌ပေး‌နေသည့် ဖားအံမြို့နယ်ရှိ တရားလွှတ်‌တော်‌ရှေ့‌နေနှစ်ဦးကို ယမန်‌နေ့(ဇွန်လ ၁ဝ ရက်)က မြဝတီမြို့ တွင် ဖမ်းဆီးခံခဲ့ရသည်ဟု သိရသည်။

၎င်း‌ရှေ့‌နေနှစ်ဦးသည် ကရင်ပြည်နယ်ဝန်ကြီးချုပ် နှင့် ဝန်ကြီးများအမှုအပါအဝင် ကရင်လူငယ် ‌စောလင်းထက်အမှု၊ ‌ဒေါက်တာချိုယုမွန်အမှုနှင့် ယ‌နေ့ တရားရုံးမှ ‌ထောင်ဒဏ် (၂) အမိန့်ချခံလိုက်ရသည့် လူငယ် (၃၆) ဦးအမှုများကို လိုက်ပါ‌ဆောင် ရွက်‌နေသူများဖြစ်ကြသည်ဟု နီးစပ်သူများထံမှ သိရသည်။

အမည်မ‌ဖော်လိုသည့် ၎င်း‌ရှေ့‌နေများနှင့် နီးစပ်သူတစ်ဦးက ” မ‌နေ့က ‌ရှေ့‌နေ ၂ ‌ယောက်ကို မြဝတီ အမှတ်(၁)ဂိတ်မှာ ဖမ်းမိတယ်လို့ ကြားတယ်။ နိုင်ငံ‌ရေးဆိုင်ရာ ပုဒ်မ ၅၀၅နဲ့ ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်း‌ရှေ့‌နေ(၂) ဦးအပြင် သူနာပြုတစ်ဦးနှင့် အခြားဝန်ထမ်းတစ်ဦးတို့ကို မြဝတီမြို့ အမှတ်(၁)ဂိတ်တွင် ဖမ်းဆီးခံခဲ့ရသည်ဟုလည်း ၎င်းက ဆက်‌ပြောသည်။

ဖမ်းဆီးခံရသည့် အဆိုပါ ‌ရှေ့‌နေ (၂) ဦးကို ပုဒ်မ ၅၀၅(က) ဖြင့် မြဝတီမြို့ ရဲစခန်းတွင် အမှုဖွင့်ထားပြီး ယ‌နေ့ ဇွန်လ ၁၁ရက်‌နေ့တွင် ယမန်ယူ တရားရုံးထုတ်မည်ဟု သိရသည်။