Home သတင်း ကရင်စစ်‌ရှောင်များကို ပြန်မပို့ရန်နှင့် လူသားချင်းစာနာ‌ထောက်ထားမှုအရ အကာအကွယ်‌ပေးရန် ကရင်အရပ်ဖက်အဖွဲ့အစည်း ‌တောင်းဆို

ကရင်စစ်‌ရှောင်များကို ပြန်မပို့ရန်နှင့် လူသားချင်းစာနာ‌ထောက်ထားမှုအရ အကာအကွယ်‌ပေးရန် ကရင်အရပ်ဖက်အဖွဲ့အစည်း ‌တောင်းဆို

2804

‌မေလ ၁ဝ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ထိုင်းအာဏာပိုင်များအ‌နေဖြင့်ယာယီခိုလှုံ‌နေသည့် ကရင်စစ်‌ရှောင်ပြည်သူများကို အတင်းပြန် မပို့ရန်နှင့်လူသားချင်းစာနာ‌ထောက်ထားမှုအ‌ခြေခံမူအရ အကာအကွယ်‌ပေးရန် ကရင်အရပ်ဖက် အဖွဲ့အစည်းက ‌ကြေညာချက်ထုတ်ပြန်‌တောင်းဆိုထားသည်။

စစ်‌ကောင်စီတပ်၏ ‌လေ‌ကြောင်းတိုက်ခိုက်မှု‌ကြောင့် သံလွင်မြစ်တစ်ဖက်ကမ်း ထိုင်းနိုင်ငံနယ်စပ်တွင် ယာယီ သွား‌ရောက်ခိုလှုံ‌နေသည့် စစ်‌ဘေး‌ရှောင်ကရင်ပြည်သူများကို နယ်‌မြေခံ ထိုင်းတပ်မ‌တော်က ကရင်ပြည်နယ် ဖက်ခြမ်းကိုပြန်သွားခိုင်း‌နေမှုအ‌ပေါ် သံလွင်မြစ်ပြည်သူလူထုကွန်ရက်(The Network of the People in the Salween River) က ‌မေလ(၈) ရက်‌နေ့တွင် ‌ကြေညာချက် ထုတ်ပြန်‌တောင်း ဆိုထားခြင်းဖြစ်သည်။

ကရင်ငြိမ်းချမ်း‌ရေးအ‌ထောက်အကူပြုကွန်ရက်အဖွဲ့မှ ‌နော်ဝါးခူရှီးက “ကျမတို့‌တောင်းဆိုတာက ‌ထောက်ပံ့မှု အကူအညီ‌တွေ ရရှိဖို့၊ အထူးသဖြင့် တိမ်း‌ရှောင်လာတဲ့သူ‌တွေဆီကို စားနပ်ရိက္ခာ ‌ရောက်ရှိဖို့‌ပေါ့‌နော်။ ပြီး‌တော့ ထွက်‌ပြေးတိမ်း‌ရှောင်လာတဲ့သူ‌တွေအတွက် ထိုင်းအစိုးရအ‌နေနဲ့ ယာယီခိုလှုံဖို့‌နေရာဖွင့်‌ပေးဖို့‌ပေါ့‌နော်။ နိုင်ငံတကာကလည်း ထွက်‌ပြေးတိမ်း‌ရှောင် လာတဲ့သူ‌တွေအတွက် လူသားချင်းစာနာ‌ထောက်ထားတဲ့ အကူအညီ‌တွေကို ‌ပေးဖို့‌ပေါ့‌နော်။ ထိုင်းအစိုးရအ‌နေနဲ့လည်း ဒုက္ခသည်‌တွေအတွက် တိကျတဲ့‌ပေါ်လစီပိုင်း ဆိုင်ရာ‌တွေရှိဖို့အတွက်‌ပေါ့‌နော်။ “ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ထိုင်းနိုင်ငံ မယ်‌ဟောင်‌ဆောင်ခရိုင်ထဲရှိ သံလွင်မြစ်ကမ်းနယ်စပ်များတွင် ယာယီခိုလှုံ‌နေကြသည့် ကရင်စစ်‌ရှောင်ပြည်သူများကို မြန်မာနိုင်ငံဘက်ခြမ်း အ‌ခြေအ‌နေတည်ငြိမ်လာပြီဖြစ်သည့်အတွက် အထက်‌ခေါင်း‌ဆောင်များ၏ ညွှန်ကြားချက်အရ ဒုက္ခသည်များကိုပြန်သွားရန် နယ်‌မြေခံ ထိုင်းစစ်တပ်က လာ‌ရောက်‌ပြောဆိုခဲ့သည်ဟု ကွန်ရက်၏ ထုတ်ပြန်ချက်တွင်‌ဖော်ပြထားသည်။

စစ်‌ကောင်စီတပ်၏ ‌လေယာဉ်ဗုံးကြဲတိုက်ခိုက်မှုများ၊ ‌နေ့စဉ်လိုလို ဒရုန်းယာဉ်များဖြင့် ကင်း‌ထောက်မှုများရှိ‌နေသည့်အ‌ပေါ် ဒုက္ခသည်များမှာ ၎င်းတို့လုံခြုံ‌ရေးကို စိုးရိမ်‌နေဆဲဖြစ်သည်။ ယခုလက်ရှိ ထိုင်းနိုင်ငံဖက်ခြမ်းတွင် ခိုလှုံ‌နေသည့် စစ်‌ရှောင်ကရင်ပြည်သူများထဲတွင် က‌လေးသူငယ်၊ အမျိုးသမီးနှင့် သက်ကြီးရွယ်အိုများအပြင် နာမကျန်းသူများအများစုဖြစ်သည်ဟု သံလွင်မြစ်ပြည်သူလူထုကွန်ရက်က ‌ပြောသည်။

ထိုင်းအာဏာပိုင်များအ‌နေဖြင့် စစ်‌ကောင်စီတပ်မှ အရပ်သားများအ‌ပေါ် ‌လေယာဉ်ဗုံးကြဲ တိုက်ခိုက် မှုများ ကိုရပ်စဲရန် ‌ပြောဆို‌ပေးရန်၊ လူသားချင်းစာနာ‌ထောက်ထားမှု အ‌ခြေခံမူများအရ ဒုက္ခသည် များကို ယာယီခိုလှုံခွင့်‌ပေးရန်၊ ဒုက္ခသည်များလူသားချင်းစာနာ‌ထောက်ထားမှုအကူအညီများ ရယူနိုင်ရန်နှင့် ဒုက္ခသည်များကို မိမိသ‌ဘောဆန္ဒမပါဘဲအတင်းအကြပ်ပြန်မပို့ရန်စသည့် အချက် များကိုသံလွင်မြစ်ပြည်သူလူထုကွန်ရက်က ထိုင်းအာဏာပိုင်များကို ‌တောင်းဆိုထားသည်။