Home သတင်း NCA မူ‌ဘောင်များအတိုင်း တိကျစွာလိုက်နာကျင့်သုံးပြီး ငြိမ်းချမ်း‌ရေးကို ထိန်းသိမ်းရန် KNU ဥက္ကဋ္ဌ တိုက်တွန်း

NCA မူ‌ဘောင်များအတိုင်း တိကျစွာလိုက်နာကျင့်သုံးပြီး ငြိမ်းချမ်း‌ရေးကို ထိန်းသိမ်းရန် KNU ဥက္ကဋ္ဌ တိုက်တွန်း

29924

‌မေလ ၁ဝ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

သက်ဆိုင်ရာ အစုအဖွဲ့များ‌နေဖြင့် အပစ်ရပ်စာချုပ် (NCA) မူ‌ဘောင်များအတိုင်း တိကျစွာလိုက်နာကျင့်သုံးပြီး ငြိမ်းချမ်း‌ရေးကို ထိန်းသိမ်းကြပါရန် တိုက်တွန်း‌ကြောင်း KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ‌စောမူတူး‌စေးဖိုးက ယ‌နေ့(‌မေ ၁၀) သ‌ဘောထားထုတ်ပြန်ကာ ‌ပြောဆိုလိုက်သည်။

“KNU-ကရင်အမျိုးသားအစည်းအရုံးအ‌နေဖြင့် ‌တွေ့ဆုံ‌ဆွေး‌နွေးခြင်း၊ မူ‌ဘောင်များအား လိုက်နာကျင့်သုံးခြင်းကို ဆက်လက်‌ဆောင်ရွက်သွားမည်ဖြစ်ပြီးသက်ဆိုင်သူအားလုံးအ‌နေဖြင့်လည်း အပစ်ရပ်စာချုပ် (NCA) မူ‌ဘောင်များအတိုင်း တိကျစွာလိုက်နာကျင့်သုံးလျက် ငြိမ်းချမ်း‌ရေးကို ထိန်းသိမ်းကြပါရန် အ‌လေး အနက်တိုက်တွန်း‌ကြောင်း”ဟု KNU ဥက္ကဋ္ဌ၏ သ‌ဘောထား ထုတ်ပြန်ချက်တွင် ‌ပြောဆိုထားသည်။

၂၀၂၁ ခုနှစ်တွင် မြန်မာနိုင်ငံ၏ နိုင်ငံ‌ရေးအ‌ပြောင်းအလဲအချိန်အခါ အ‌ခြေအ‌နေတစ်ခုတွင် နိုင်ငံ‌ရေးပြဿနာကို လက်နက်ကိုင်နည်းလမ်းဖြင့် ‌ဖြေရှင်းရန် ကြိုးပမ်းလာကြသည်ကို ဝမ်းနည်းဖွယ်‌တွေ့မြင်‌နေရသဖြင့် နိုင်ငံ‌ရေး ပြဿနာအား နိုင်ငံ‌ရေးနည်းလမ်း‌ကောင်းဖြစ်သည့် ‌တွေ့ဆုံ‌ဆွေး‌နွေးခြင်းသာ အ‌ဖြေရှာ ရန် သ‌ဘောထားရှိသည်ဟုလည်း KNU ဥက္ကဋ္ဌ ဆက်‌ပြောသည်။

KNU -ကရင်အမျိုးသားအစည်းအရုံးသည် ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၅ ခုနှစ်၊ ‌အောက်တိုဘာ ၁၅ရက် ‌နေ့တွင် အခြား‌သောတိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့အစည်း ၈ဖွဲ့နှင့်အတူ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ် (NCA) ကို လက်မှတ်‌ရေးထိုးထားသည်။

ယခု သ‌ဘောထားထုတ်ပြန်ချက်သည် ‌ကေအဲန်ယူ ဥက္ကဌ ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုး၏ သ‌ဘောထားသာဖြစ်ပြီး အဖွဲ့အစည်းထုတ်ပြန်ချက် လုပ်ထုံးလုပ်နည်းအတိုင်း မဟုတ်သလို ‌ကေအဲန်ယူ ဗဟိုအလုပ်အမှု ‌ဆောင်များအားလုံး၏ သ‌ဘောထားရပ်တည်ချက်မဟုတ်‌ကြောင်း ‌ကေအဲန်ယူ ထိပ်ပိုင်း‌ခေါင်း‌ဆောင်များနှင့် နီးစပ်သူများက ‌ပြောသည်။