Home သတင်း နယ်စပ်‌ဒေသမှ ဆိုင်ကယ်တင်သွင်းခွင့် ပိတ်‌ကြောင်း စစ်‌ကောင်စီ စာထုတ်

နယ်စပ်‌ဒေသမှ ဆိုင်ကယ်တင်သွင်းခွင့် ပိတ်‌ကြောင်း စစ်‌ကောင်စီ စာထုတ်

2635

‌မေလ ၉ ရက်၊၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

နယ်စပ်‌ဒေသများမှ ဆိုင်ကယ်တင်သွင်းခွင့်အား ယာယီဆိုင်းငံ့လိုက်‌ကြောင်း စစ်‌ကောင်စီ ကူးသန်း‌ရောင်းဝယ်‌ရေး ဝန်ကြီးဌာနမှတဆင့် မြဝတီနယ်စပ် ကုန်သည်များသို့ ယမန်‌နေ့ ‌မေလ ၈ ရက် ရက်စွဲဖြင့် အ‌ကြောင်းကြားစာ ‌ပေးပို့ထား‌ကြောင်း သိရသည်။

အဆိုပါ ထုတ်ပြန်ချက်တွင် နယ်စပ်‌ဒေသများမှတဆင့် ‌မော်‌တော်ဆိုင်ကယ်တင်သွင်းရန် လိုင်စင်‌လျှောက်ထားမှု (ITC Card) အပါအဝင် နှင့် အမှန်တင်သွင်းမှုများအား ၂၀၂၁ခုနှစ် ‌မေလ ၈ ရက်‌နေ့မှစ၍ ‌နောက်ထပ်ညွှန်ကြားချက် တစ်စုံတစ်ရာမရမချင်း တင်သွင်းမှုအား ယာယီဆိုင်းငံ့ထားရန် ညွှန်ကြားထားသည်။

ကရင်ပြည်နယ် မြဝတီနယ်စပ်မှတဆင့် ထိုင်း-ဗီယက်နမ်ဖက်စပ် ဆိုင်ကယ်မျိုးစုံအား ကုမ္ပဏီများမှ တရားဝင်တင်သွင်းမှုများရှိသလို ထိုင်း၊ ဂျပန် တပတ်ရစ် ဆိုင်ကယ်များကိုလည်း တစ်ပိုင်တစ်နိုင် လုပ်ငန်းရှင်များမှ နိုင်ငံတဝှမ်းသို့ ပို့‌ဆောင်တင်သွင်းလျက် ရှိခဲ့သည်။

ထိုသို့ စစ်‌ကောင်စီမှ ရုတ်တရက် ဆိုင်ကယ်တင်သွင်းမှုအား ပိတ်ပင်လိုက်၍ မြဝတီနယ်စပ် လုပ်ငန်းရှင်များအ‌နေဖြင့် ထိခိုက်နစ်နာမှုများ ရှိ‌နေသလို ပြည်တွင်းမှ ဆိုင်ကယ် အ‌ရောင်းဆိုင်များမှာလဲ စစ်‌ကောင်စီမှ ဖိအား‌ပေး သိမ်းဆည်းမှုများ‌ကြောင့် အခက်အခဲများ ရှိ‌နေ‌ကြောင်း သိရသည်။