မတ်လ ၂၈ ရက် ၂၀၂၁ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၃ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရှေ့တွင် ယနေ့ မတ်လ ၂၈ ရက် ည ၈ နာရီ ၁ဝ မိနစ် အချိန်ခန့်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍”ယနေ့ မတ်လ ၂၈ ရက် ည ၈း၁ဝ နာရီ အချိန်ခန့်က ဖြစ်သွားတာပါ။
Wave 110 i အမျိုးအစား ဆိုင်ကယ်ဖြင့် စီးနင်းလာသူမှ ပစ်ချသွားတယ်လို့ ယူဆမိတယ်” ဟု ဗုံးပေါက်ကွဲမှုဖြစ်ချိန် အနီးဝန်းကျင်ရှိ ရပ်ကွက်ရာအိမ်မှူးတစ်ဦးက ပြောသည်။
အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ရုံးအရှေ့တွင်ရပ်ထားသော GAIA အမျိုးအစား မော်တော်ယာဉ် ဘေးဘက်တွင်ဗုံးဆံထိမှန်မှုများရှိခဲ့ သော်လည်း လူတစ်ဦးတစ်ယောက်မျှ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိခဲ့ဟု သိရသည်။