Home သတင်း တပ်မဟာ ၅ နယ်‌မြေ ‌ဒေပူနိုရွာကို စစ်‌ကောင်စီတပ်မှ ဂျက်တိုက်‌လေယာဉ်ဖြင့် ထပ်မံပစ်ခတ်ပြီး ထိခိုက်ပျက်စီးမှုရှိ

တပ်မဟာ ၅ နယ်‌မြေ ‌ဒေပူနိုရွာကို စစ်‌ကောင်စီတပ်မှ ဂျက်တိုက်‌လေယာဉ်ဖြင့် ထပ်မံပစ်ခတ်ပြီး ထိခိုက်ပျက်စီးမှုရှိ

1845

မတ်လ ၂၉ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

စစ်‌ကောင်စီ တပ်မှ ‌ကေအဲန်ယူ တပ်မဟာ ၅ နယ်‌မြေ၊ ‌ဒေပူနိုရွာကို ယမန်‌နေ့ညက ဂျက်တိုက် ‌လေယာဉ်ဖြင့် ထပ်မံပစ်ခတ်မှုများ ပြုလုပ်ခဲ့ရာ ထိခိုက်မှုများရှိသည်ဟု သိရသည်။

ယမန်‌နေ့ည ၁၁ နာရီ၊ မိနစ် ၄ဝ မှ နံနက် ၃ မိနစ် ၃ဝ အထိ သုံးကြိမ်တိုင်တိုင် လာ‌ရောက် ပစ်ခတ်ခဲ့ရာတွင် ‌နေအိမ်အချို့မီး‌လောင်ကျွမ်းခဲ့သလို ရွာသားတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

သံလွင်မြစ်ကမ်းနံ‌ဘေးရှိ အာဏာသိမ်းစစ်တပ်၏ သီးမူထာ အ‌ခြေစိုက်တပ်စခန်းကို ယမန်‌နေ့( မတ် ၂၇ရက်) နံနက်က KNU တပ်မဟာ ၅ တပ်ဖွဲ့မှ တက်‌ရောက်သိမ်းယူပြီး‌နောက် စစ်‌ကောင်စီတပ်မှ ယခုလို စစ်‌လေယာဉ်ဖြင့် ပစ်ခတ်မှုများ ဆက်တိုက်လုပ်‌ဆောင်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့် မတ်လ ၂၇ ညက မူ‌တြော်ခရိုင် တပ်မဟာ ၅ ၏ ဌာနချုပ်ကို အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုက ည ၇ နာရီ မှ နံနက် ၂ နာရီအထိ ‌လေယာဉ် ၂ စင်း ဖြင့် ဝင်‌ရောက်ပစ်ခတ်ခဲ့မှု‌ကြောင့် ရွာသား ၃ဦး‌သေဆုံးပြီး ၈ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ‌ကေအဲန်ယူက ထုတ်ပြန်ထားသည်။

စစ်‌ကောင်စီတပ်မှ စစ်‌လေယာဉ်ဖြင့် လာ‌ရောက်ပစ်ခတ်မည့်သတင်း‌ကြောင့် မယ်နုထာ၊ ဟို‌ကေ၊ အီတူထားစသည့် စစ်‌ရှောင်ပြည်သူများ ခိုလှုံကြသည့် ‌ကျေးရွာများမှ ‌ဒေသခံများနှင့် သံလွင်မြစ်နံ‌ဘေးတစ်‌လျှောက်ရှိ ‌ဒေသခံ ၃၀၀၀‌ကျော်မှာ ထို့‌နေ့ မွန်းလွဲပိုင်းတွင် ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်‌ပြေးတိမ်း‌ရှောင်ထားခဲ့သည်။ ထိုထွက်‌ပြေးတိမ်း‌ရှောင်သူများကို လူသားချင်းစာနာ‌ထောက်ထားသည့်အကူအညီများ မရရှိ‌သေး‌ကြောင်း သိရှိရသည်။

စစ်‌ကောင်စီတပ်မှ ဂျက်တိုက်‌လေယာဉ်များကို အသုံးပြု၍ အပြစ်မဲ့ကရင်အရပ်သားများအ‌ပေါ် တိုးပွားလာ‌သောတိုက်ခိုက်မှုများအားကရင်အမျိုးသမီးအစည်းအရုံး (KWO) ကပြင်းပြင်းထန်ထန်ရှုတ်ချသည်ဟု ထုတ်ပြန်ထားသည်။

KWO၏ ထုတ်ပြန်ချက်အရ စစ်‌ကောင်စီတပ်မှ ဂျက်တိုက်‌လေယာဉ်ဖြင့် ယခုလို ဆက်တိုက် လာ‌ရောက်တိုက်ခိုက်မှု‌ကြောင့် ‌ကေအဲန်ယူ မူ‌တြော်ခရိုင်၊ လူ‌သောမြို့နယ်ရှိ ‌ဒေသခံရွာသား ၁၀,၀၀ဝ ‌ကျော်သည်‌တောထဲ၌ထွက်‌ပြေးခိုလှုံခဲ့ရသည်။