Home သတင်း UN လုံခြုံ‌ရေး‌ကောင်စီ၏ အ‌ရေးယူမှုပျက်ကွက်‌နေခြင်းနှင့် တရုတ်၊ ရုရုား၊ အိန္ဒိယ၊ ဗီယက်နမ်၏ မြန်မာနိုင်ငံ အ‌ပေါ်ရပ်တည်ချက် အရပ်ဖက် ၄၀ဝ ‌ကျော်...

UN လုံခြုံ‌ရေး‌ကောင်စီ၏ အ‌ရေးယူမှုပျက်ကွက်‌နေခြင်းနှင့် တရုတ်၊ ရုရုား၊ အိန္ဒိယ၊ ဗီယက်နမ်၏ မြန်မာနိုင်ငံ အ‌ပေါ်ရပ်တည်ချက် အရပ်ဖက် ၄၀ဝ ‌ကျော် ပြစ်တင်ရှုတ်ချ

1799

မတ်လ ၁၇ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ကုလသမဂ္ဂလုံခြုံ‌ရေး ‌ကောင်စီအ‌နေဖြင့် အာဏာသိမ်းစစ်‌ကောင်စီ၏ မြန်မာပြည်သူများအ‌ပေါ် အကြမ်းဖက် လုပ်ရပ်မှ အကာအကွယ်‌ပေးနိုင်‌ရေး မြန်ဆန်‌သော အ‌ရေးယူ‌ဆောင်ရွက်မှုများပျက်ကွက်‌နေခြင်းနှင့် တရုတ်၊ ရုရှား၊ အိန္ဒိယနှင့် ဗီယက်နမ်တိုင်းပြည်များ၏ မြန်မာနိုင်ငံအ‌ပေါ်ရပ်တည်ချက်နှင့်ပတ်သက်ပြီး ပြည်တွင်း ပြည်ပအရပ်ဖက်အဖွဲ့ ၄၈၈ ဖွဲ့မှ ယမန်‌နေ့(မတ် ၁၆) က ပြစ်တင်ရှုတ်ချ‌ကြောင်း သ‌ဘောထားထုတ်ပြန် ‌ကြေညာခဲ့သည်။

မြန်မာပြည်သူများအား စစ်‌ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များမှ အကာအကွယ်‌ပေး‌ရေး မြန်ဆန်‌သော အ‌ရေး ယူ ‌ဆောင်ရွက်မှုများကို လုပ်‌ဆောင်‌ပေးရန်အ‌ရေး‌ပေါ် ‌တောင်းဆိုမှုများအကြိမ်ကြိမ်ပြုလုပ်ခဲ့‌သော်လည်း UN လုံခြုံ‌ရေး ‌ကောင်စီမှ အ‌ရေးယူ‌ဆောင်ရွက်ရန် ပျက်ကွက်‌နေသည့်အ‌ပေါ် အထူးစိတ်ပျက်မိ‌ကြောင်း အရပ်ဖက် အဖွဲ့များကဆိုသည်။

ထို့အပြင် UN လုံခြုံ‌ရေး‌ကောင်စီတွင် ဖြစ်‌ပေါ်ခဲ့သည့် တရုတ်၊ ရုရှား၊ အိန္ဒိယနှင့် ဗီယက်နမ် နိုင်ငံများ၏ မြန်မာ နိုင်ငံအ‌ရေးနှင့်ပတ်သက်ပြီး ရပ်တည်ချက် သ‌ဘောထားအ‌ပေါ်တွင်လည်း ရှုတ်ချ‌ကြောင်း ၎င်း အရပ်ဖက် အဖွဲ့များက ဆိုသည်။

မတ်လ ၁ဝ ရက်‌နေ့က ပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံအ‌ခြေအ‌နေဆိုင်ရာ လုံခြုံ‌ရေး‌ကောင်စီ၏ တံခါးပိတ်အစည်း အ‌ဝေးအပြီး ထုတ်ပြန်မည့် ‌ကြေညာချက်မူကြမ်းတွင် စစ်အုပ်စုအ‌ပေါ် ပြစ်တင်ရှုတ်ချမှုနှင့် ဖြစ်နိုင်သည့် ပြင်းထန်‌သော အ‌ရေးယူ‌ဆောင်ရွက်မှုများပြုလုပ်ရန် အဆင်သင့်ရှိ‌နေ‌ကြောင်း အသုံးအနှုန်းပါဝင်‌သော်လည်း တရုတ်၊ ရုရှား၊ အိန္ဒိယနှင့် ဗီယက်နမ် နိုင်ငံ၏ သ‌ဘောတူညီချက်မရရှိခြင်း‌ကြောင့် ထုတ်ပြန်နိုင်ခဲ့ခြင်းမရှိခဲ့ ‌ကြောင်း ရိုက်တာသတင်းကိုအ‌ခြေခံ၍ အရပ်ဖက်အဖွဲ့များက ‌ထောက်ပြ‌ဝေဖန်ထားခြင်းဖြစ်သည်။

ထို့အပြင် UN လုံခြုံ‌ရေး ‌ကောင်စီအ‌နေဖြင့် အ‌ရေးယူ‌ဆောင်ရွက်မှုများ ချက်ချင်း‌ဆောင်ရွက်ရန် အရပ်ဖက်အဖွဲ့ ‌ပေါင်း ၄၅၂ ဖွဲ့မှ စာ‌ပေးပို့ ‌တောင်းဆိုမှုများရှိခဲ့သလို အခြား‌သော အ‌ရေးကြီး‌တောင်းဆိုမှုများအကြိမ်ကြိမ် ပြုလုပ်ခဲ့‌သော်လည်း လျစ်လျူရှုခံခဲ့ရ‌ကြောင်းလည်း ၎င်းအရပ်ဖက်အဖွဲ့ထုတ်ပြန်ချက်၌ ဆိုထားသည်။

စစ်‌ကောင်စီ လက်နက်ကိုင်အုပ်စု၏ အကြမ်းဖက်ပစ်ခတ်မှု‌ကြောင့် ‌သေဆုံးရသူများ၊ မတရား ဖမ်းဆီးထိန်းသိမ်း ခံရသူများ၊ ညှင်းပန်းနှိပ်စက်ခံရမှုအ‌ခြေအ‌နေများ၊ သက်‌သေ‌ဖျောက်မှုဖြစ်စဉ်များအပြင် သတင်းမီဒီယာ များအ‌ပေါ်ပစ်မှတ်ထားအ‌ရေးယူ‌ဆောင်ရွက်မှုများကိုလည်း ၎င်းအရပ်ဖက်အဖွဲ့များ၏ ထုတ်ပြန်ချက်၌ အ‌သေးစိတ် ‌ဖော်ပြ‌ပေးထားသည်။

လက်ရှိ မြန်မာ့နိုင်ငံ‌ရေး အကျပ်အတည်းအ‌ပေါ် တရုတ်နိုင်ငံ၏ သ‌ဘေားထားကိုလည်း အပြင်းအထန် ‌ဝေဖန်‌ထောက်ပြထားပြီး ‌ပေါက်ကြားလာသည့် တရုတ်အစိုးရနှင့် စစ်အုပ်စုတို့အကြား အကျိုးစီးပွား ကာကွယ်မှု လျှို့ဝှက်‌တွေ့ဆုံမှုသတင်းအ‌ပေါ်တွင်လည်း အသား‌ပေး‌ဖော်ပြထားပြီး လုံခြုံ‌ရေး‌ကောင်စီ အမြဲတမ်း အဖွဲ့ဝင် တရုတ်နိုင်ငံလုပ်ရပ်အ‌ပေါ် နိုင်ငံတကာမှ ဝိုင်းဝန်းရှုတ်ချရန်လည်း တိုက်တွန်းထားသည်။

တရုတ်အစိုးရ၏ ပြည်ပလုံခြုံ‌ရေးဆိုင်ရာ ညွှန်ကြား‌ရေးမှူးချုပ် နှင့် အာဏာသိမ်းစစ်အုပ်စုအကြား ‌ဖေ‌ဖော်ဝါရီလ ၂၃ ရက်‌နေ့က တရားမဝင်အစည်းအ‌ဝေး ပြုလုပ်ခဲ့ရာတွင် ‌ကျောက်ဖြူ-တရုတ်သွယ်တန်းထား‌သော ‌ရေနံနှင့် သဘာဝဓါတ်‌ငွေ့ ပိုက်လိုင်း၏လုံခြုံ‌ရေးကို အာမခံချက်‌ပေးရန်နှင့် ပိုမို‌ကောင်းမွန်‌သော လုံခြုံ‌ရေးဆိုင်ရာ အ‌ရေးယူမှု‌ဆောင်ရွက်မှုများလုပ်‌ဆောင်‌ပေးရန် ‌တောင်းဆိုခဲ့ခြင်းကို ဆိုလိုခြင်းဖြစ်သည်။

စစ်အုပ်စု၏ အကြမ်းဖက်မှု ရပ်တန့်‌စေရန်၊ ထိခိုက်‌သေဆုံးမှု ထပ်မံမဖြစ်ပွား‌စေ‌ရေးနှင့် မတရားဖမ်း ဆီးခံရသူ များပြန်လည်လွှတ်‌မြောက်‌ရေးအတွက် လုံခြုံ‌ရေး‌ကောင်စီအ‌နေဖြင့် ကြားဝင်‌ဆောင်ရွက်နိုင်သည့် ကိုယ်စား လှယ်အဖွဲ့ကို မြန်မာနိုင်ငံသို့ ချက်ချင်း‌စေလွှတ်ရန်၊ လုံခြုံ‌ရေး‌ကောင်စီအဖွဲ့ဝင်နိုင်ငံများအ‌နေဖြင့် မြန်မာ နိုင်ငံအား လက်နက်ခဲယမ်း ‌ရောင်းချမှု ကမာ္ဘလုံးအတိုင်းအတာရပ်တန့်‌စေ‌ရေး လုပ်‌ဆောင်ရန် အပြင် စစ်အာ ဏာရှင်မှ ကျူးလွန်ထား‌သော၊ ဆက်လက်ကျူးလွန်‌နေ‌သော ရာဇဝတ်မှုများအတွက် တာဝန်ယူမှု တာဝန်ခံမှု ရှိ‌စေရန် နိုင်ငံတကာရာဇဝတ်တရားရုံးသို့ လွှဲ‌ပြောင်းရန် လည်းထုတ်ပြန်ချက်၌ ‌တောင်းဆိုထားသည်။