Home သတင်း အင်းစိန် ‌တောင်သူကုန်း မညက သပိတ်ဖြိုခွင်းခံရမှုဖြစ်စဉ်တွင် လူငယ် ၉ ဦး အဖမ်းခံရ

အင်းစိန် ‌တောင်သူကုန်း မညက သပိတ်ဖြိုခွင်းခံရမှုဖြစ်စဉ်တွင် လူငယ် ၉ ဦး အဖမ်းခံရ

2055

မတ် ၁၂ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

အင်းစိန်မြို့နယ်၊ မင်းကြီးလမ်းမ‌ပေါ် ‌တောင်သူကုန်းရပ်ကွက်အနီးရှိ မညက ကားမှတ်တိုင်အနီးတွင် မတ် ၁၂ ရက်‌နေ့ နံနက်ပိုင်းတွင် သပိတ် ‌မှောက် ဆန္ဒပြ‌နေသူများကို ရဲများက ဖြိုခွင်းခဲ့ရာ လူငယ် ၉ ဦး အဖမ်းခံရသည်ဟု ကနဦး သတင်းရရှိသည်။

အဆိုပါ မညက ကားမှတ်တိုင်အနီးတွင် ဆန္ဒထုတ်‌ဖော်‌နေသူများကို ယ‌နေ့နံနက် ၁၁ နာရီ ‌ကျော်အချိန်ခန့်က ရဲများက ဖြိုခွင်းခဲ့ရာ လူငယ်များက အနီးရှိ လမ်းများအတွင်းသို့ ဝင်‌ရောက် ‌ပြေး‌ရှောင်ရာ ရဲများက ဦးစံလုံးလမ်း အတွင်းထိ ဝင်‌ရောက်လာပြီး နံသာကုန်း၊ ဘုရား‌ကျောင်းအ‌ကျော်ထိ ‌နေအိမ်များထဲသို့ ဝင်‌ရောက်ရှာ‌ဖွေ ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ရပ်ကွက်အတွင်း ‌နေထိုင်သူများထံမှ သိရသည်။

“ အခု ဖြစ်စဉ်မှာ ကျ‌နော့်သား ‌စောစမရယ်ရှင်း အပါအဝင် ၁ဝ ဦး အဖမ်းခံရတယ်။ တစ်ဦးက အသက်မပြည့်လို့ ချက်ချင်း လွှတ်‌ပေးတယ်။ ကျ‌နော်သားကို‌တော့ အိမ်ထဲဝင်ဖမ်းသွားတာ။ သိသိချင်း အိမ်ပြန်လာပြီး အင်းစိန် ရဲစခန်းကို လိုက်သွားတယ်။ အခု သူတို့ကို ‌ရွှေပြည်သူက လုံထိန်းတပ်ထဲ ‌ခေါ်သွားတယ်လို့ ကြားတယ်။ အသင်း ‌တော်က လူငယ်‌တွေလည်းပါ‌တော့ အသင်းအုပ်ဆရာနဲ့ အဖွဲ့က ပြန်လွှတ်ဖို့ သွားညှိနှိုင်းဖို့ ပြင်ဆင်‌နေတယ်” ဟု သားအဖမ်းခံရသူ မိဘတစ်ဦးဖြစ်သည့် ‌စောသန့်ရှင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ ဝင်‌ရောက်ဖမ်းဆီးရာတွင် နံသာကုန်း ကရင်နှစ်ခြင်းခရစ်ယာန် ဘုရား‌ကျောင်း‌ကျော်အထိ ‌ခြောက်လှန့် ‌သေနတ် ပစ်‌ဖောက်မှုများရှိကာ အသံဗုံးများဖြင့်လည်း ပစ်ခတ်ခဲ့ပြီး အသင်းအုပ်ဆရာ ‌နေအိမ်ကို ရာဘာကျည် ထိမှန်ခဲ့သည်ဟု ရပ်ကွက်အတွင်း ‌နေထိုင်သူများထံမှ သိရသည်။