Home သတင်း ဖားအံပြည်သူ့‌ဆေးရုံ ပြန်လည်ဖွင့်လှစ်‌နေပြီဟု ဆို

ဖားအံပြည်သူ့‌ဆေးရုံ ပြန်လည်ဖွင့်လှစ်‌နေပြီဟု ဆို

1226

မတ်လ ၁၇ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

စစ်အာဏာရှင် ဆန့်ကျင်‌ရေးဆန္ဒပြမှုနှင့် အာဏာဖီဆန်မှု(CDM)မှု လှုပ်ရှားမှုများ‌ကြောင့် ပိတ်ထားရသည့် ဖားအံပြည်သူ့‌ဆေးရုံကြီးအား ယ‌နေ့(မတ်လ ၁၇ရက်)တွင် အများသိ ပြန်လည်ဖွင့်လှစ်လိုက်ပြီဟု သိရသည်။

အမည်မ‌ဖော်လိုသည့် ဖားအံပြည်သူ့‌ဆေးရုံနှင့် နီးစပ်သူတစ်ဦးက “အရင်လို ပြန်ပြီးလည်ပတ်ဖို့ အကုန်လုံး လူသိရှင်ကြားဖြစ်‌အောင် ပြန်ဖွင့်ပြီး‌ပေါ့။ အရင်ကလည်း ဖွင့်‌နေတာပဲ။ လူနာ‌တွေကလည်း လာ‌နေတာပဲ။ ဆရာဝန် အကုန်လုံး‌တော့ မတက်‌သေးဘူး။”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မတ်လ ၁၆ရက် ယမန်‌နေ့က စစ်‌ကောင်စီ ခန့်အပ်ထားသည့် ပြည်နယ်စီမံ‌ကောင်စီဥက္ကဌ ‌စောမြင့်ဦးနှင့် အထူးကုဆရာဝန်ကြီးများသည် ဖားအံပြည်သူ့‌ဆေးရုံကြီးတွင် အစည်းအ‌ဝေးပြုလုပ်ခဲ့ကြပြီး အလုပ်ပြန်ဆင်း မည့်အ‌ကြောင်း လက်မှတ်ထိုးခိုင်းပြီး‌နောက် ‌ဆေးရုံကို ယခုကဲ့သို့ ပြန်လည်ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်ဟု ‌ဆေးရုံနှင့်နီးစပ်သူများက ‌ပြောသည်။

ယင်းသို့ ဖားအံပြည်သူ့‌ဆေးရုံ ပြန်လည်ဖွင့်လှစ်‌နေသည့် အ‌ခြေအ‌နေနှင့်ပတ်သက်၍ ယ‌နေ့မနက်တွင် ‌ဆေးရုံ တာဝန်ရှိသူတစ်ဦးကို ‌မေးမြန်းရာ ၎င်းအ‌နေဖြင့် ‌ပြော၍မရ‌ကြောင်းနှင့် ရုံးဖုန်းကိုဆက်သွယ်‌မေးမြန်းရန် ‌ပြော ဆိုခဲ့သည်။

သို့‌သော် ‌ကေအိုင်စီအ‌နေဖြင့် ‌ဆေးရုံ၏ ရုံးခန်းဖုန်းကို ဆက်သွယ်ရာတွင် ဖုန်းလက်ခံသူ ကျန်းမာ‌ရေးဝန်ထမ်း တစ်ဦးက “မသိဘူး”ဟုသာ ပြန်လည်တုန့်ပြန်‌ပြောဆိုပြီး ဖုန်းချခဲ့သည်။

ဖားအံပြည်သူ့‌ဆေးရုံတွင် အထူးကု ဆရာဝန်ကြီးများ အပါအဝင် ကျန်းမာ‌ရေးဝန်ထမ်း‌ပေါင်း ၂၀ဝခန့်ရှိပြီး စစ် အာဏာသိမ်းပြီး‌နောက် ဖားအံပြည်သူ့‌ဆေးရုံမှ ကျန်းမာ‌ရေးဝန်ထမ်း ထက်ဝက်မှာ အာဏာဖီဆန်‌ရေး CDM လှုပ်ရှားမှုတွင် ပါဝင်ခဲ့ကြသည်ဟု သိရသည်။

ထို့အပြင် အလုပ်မဆင်းနိုင်သည့် ကျန်းမာ‌ရေးဝန်ထမ်းများကိုလည်း ဝန်ထမ်းအိမ်ရာမှ ဆင်းခိုင်းသဖြင့် လက် ရှိ ကျန်းမာ‌ရေးဝန်ထမ်းအချို့မှာ ဝန်ထမ်းအိမ်ရာမှ ထွက်ခွာသွားကြပြီဟုလည်း လူမှုကွန်ရက်စာမျက်နှာ‌ပေါ် တွင် ‌ရေးသား‌ဖော်ပြထားကြသည်။

အလားတူ ကရင်ပြည်နယ်ရှိ မြဝတီခရိုင် ပြည်သူ့‌ဆေးရုံတွင် ကျန်းမာ‌ရေးဝန်ထမ်းအချို့ CDM လှုပ်ရှားမှုအ တွင်း ပူး‌ပေါင်းပါဝင်ခဲ့‌သော်လည်း ‌ဆေးရုံကြီးကိုမူ ပုံမှန် ဖွင့်လှစ်လည်ပတ်‌နေဆဲဖြစ်သည်ဟု သိရသည်။