Home သတင်း ကရင်ပြည်နယ် စစ်အာဏာရှင်ဆန့်ကျင်‌ရေး ဆန္ဒပြမှုတွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဝင်‌ရောက်ပူး‌ပေါင်း

ကရင်ပြည်နယ် စစ်အာဏာရှင်ဆန့်ကျင်‌ရေး ဆန္ဒပြမှုတွင် ရဲတပ်ဖွဲ့ဝင်နှစ်ဦး ဝင်‌ရောက်ပူး‌ပေါင်း

2712

‌ဖေ‌ဖော်ဝါရီ ၁၃ ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ် ဖားအံမြို့တွင် ယ‌နေ့ ပြုလုပ်သည့် စစ်အာဏာသိမ်း ဆန့်ကျင်‌ရေး ကန့်ကွက်ဆန္ဒပြပွဲ ၆ ရက်‌မြောက်‌နေ့တွင် ကရင်ပြည်နယ် ရဲတပ်ဖွဲ့ခွဲမှ ရဲတပ်သား ၂ ဦး ပြည်သူနှင့်အတူ ဝင်‌ရောက်ပူး‌ပေါင်းခဲ့သည်။

ဖားအံမြို့ ကန်သာယာအ‌ရှေ့ လမ်းမကြီး‌ပေါ်တွင် နံနက် ၉ နာရီဝန်းကျင်မှ ‌နေ့လည် ၁၂နာရီအထိ ဆန္ဒပြ ပြည် သူများ ထိုင်သပိတ်ပြုလုပ်ပြီးချိန်တွင် အဆိုပါရဲတပ်သား ၂ ဦးမှာ “မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကရင်ပြည်နယ် ရဲတပ် ဖွဲ့ခွဲ ပြည်သူနှင့်အတူ” စာသားပါ ဆိုင်းဘုတ်ကိုင်ပြီး လာ‌ရောက်ပူး‌ပေါင်း ပါဝင်ခြင်းလည်းဖြစ်သည်။

“ ဒီ‌နေရာမှာ ‌ပြောချင်တာမဟုတ်ဘူး။ သူတို့နဲ့ ကျ‌နော်မျက်နှာချင်းဆိုင်ကို စကား‌အေး‌ဆေး‌ပြောချင်တာ CDM သ‌ဘောသဘာဝက ဝန်ထမ်း‌တွေအကုန်လုံးပါရမှာ ဝန်ထမ်း‌တွေ အကုန်ပါမှရမယ်။ ကျ‌နော်တို့ နှစ်‌ယောက်က အစပဲရှိ‌သေးတယ်။ ‌နောက်မှာ လိုက်မယ့် လူ‌တွေအများကြီးရှိတယ်”ဟု လူထုနှင့်အတူ လာ‌ရောက်ပူး ‌ပေါင်းချိန်တွင် ထိုရဲတပ်ဖွဲ့ဝင် ၂ ဦးက ‌ပြောသည်။

အဆိုပါ ရဲတပ်ဖွဲ့ဝင် ၂ ဦး ဆန္ဒပြပြည်သူနှင့်အတူ ဝင်‌ရောက်ပူး‌ပေါင်းပြီး‌နောက် သပိတ်စစ်‌ကြောင်းအဖွဲ့မှ ဖားအံကမ်းနားလမ်းသို့ ပြန်လည်ထွက်သည့်အချိန်တွင် သပိတ်စစ်‌ကြောင်းလမ်းကို ရဲတပ်ဖွဲ့ဝင်များ၏ မိနစ်အနည်းငယ်တားဆီးပိတ်ဆို့ထားမှုဖြစ်‌ပေါ်ခဲ့‌သေးသည်။

ယ‌နေ့ ဖားအံမြို့တွင် ပြုလုပ်သည့် စစ်အာဏာသိမ်းဆန့်ကျင်‌ရေးဆန္ဒပြပွဲတွင် ယခင်ရက်နည်းတူ အစိုးရ ဌာနဆိုင်ရာ ဝန်ထမ်းများအပါအဝင် အလွှာအသီးသီးမှ ပြည်သူလူထု‌သောင်းချီ ပူး‌ပေါင်းပါဝင်ခဲ့ကြသည်။

တိုင်းနှင့်ပြည်နယ်အချို့တွင် ပြုလုပ်သည့် စစ်အာဏာရှင် ဆန့်ကျင်‌ရေး CDM (Civil Disobedience Movement) လှုပ်ရှားမှုအတွင်း ရဲတပ်ဖွဲ့ဝင်များ ပူး‌ပေါင်းပါဝင်လာမှုများရှိပြီး ကရင်ပြည်နယ်အ‌နေဖြင့် ယခု ရဲတပ်ဖွဲ့ဝင်နှစ်ဦး ပူး‌ပေါင်းပါဝင်လာမှုမှာ ပထမဦးဆုံးဖြစ်သည်။