Home သတင်း ကရင်ပြည်နယ်တွင် အကျဉ်းသူအကျဉ်းသား ၆၇၂ဦး ပြန်လွတ်‌မြောက်လာ

ကရင်ပြည်နယ်တွင် အကျဉ်းသူအကျဉ်းသား ၆၇၂ဦး ပြန်လွတ်‌မြောက်လာ

2363

‌ဖေ‌ဖော်ဝါရီ ၁၂ရက်၊ ၂၀၂၁ခုနှစ်။ ‌ကေအိုင်စီ

၇၄နှစ်‌မြောက် ပြည်‌ထောင်စု‌နေ့ အထိမ်းအမှတ်အဖြစ် အကျဉ်းသားများ လွှတ်‌ပေးသည့်အထဲတွင် ကရင်ပြည်နယ်အ တွင်းရှိ အကျဉ်းသား/သူ ၆၇၂ဦးမှာ အကျဉ်း‌ထောင်၊ အကျဉ်းစခန်းများမှ ‌ဖေ‌ဖော်ဝါရီ ၁၂ရက်၊ ယ‌နေ့ မွန်းလွဲပိုင်းတွင် ပြန်လည်လွတ်‌မြောက်လာခဲ့သည်။

အာဏာသိမ်းစစ်တပ်‌ခေါင်း‌ဆောင် ဗိုလ်ချုပ်မှူးကြီးမင်း‌အောင်လှိုင်က တစ်နိုင်ငံလုံးအတွင်း အကျဉ်းသား/သူ‌ပေါင်း နှစ် ‌သောင်း‌ကျော်(၂၃,၃၁၄ဦး လွှတ်ငြိမ်းချမ်းသာခွင့်‌ပေး‌ကြောင်း၊ အဆိုပါ လွှတ်လာသူများအ‌နေဖြင့် ‌နောက်တစ်ကြိမ်ပြစ်မှု ထပ်မံ ကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် လက်ရှိ ကျခံရသည့်ပြစ်ဒဏ်ကိုပါ ဆက်လက် ကျခံရမည်ဖြစ်‌ကြောင်း ယ‌နေ့ ထုတ်ပြန်သည့် ၎င်း၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် အမိန့်စာတွင် ‌ဖော်ပြထားသည်။

ပြန်လည်လွတ်‌မြောက်ခွင့်‌ပေးသည့် ကရင်ပြည်နယ်မှ အကျဉ်းသား၊ အကျဉ်းသူများမှာ ဖားအံအကျဉ်း‌ထောင်၊ လက္ခဏ ရွာရှိ စိုက်/‌မွေး အကျဉ်းစခန်း၊ မာလာဖူး ထုတ်ကုန် အကျဉ်းစခန်းတို့မှ ဖြစ်ကြပြီး ထိုအထဲတွင် အကျဉ်းသူ အမျိုးသမီး ၁၁၈ဦး ပါဝင်‌ကြောင်း သိရသည်။

ပြန်လည်လွတ်‌မြောက်လာသူ အကျဉ်းသားတစ်ဦးက “ကျ‌နော်တို့ကို မ‌နေ့ညက MRTV ည ၈နာရီသတင်း ‌ပေးကြည့် တယ်။ ပြီး‌တော့ ပြည်‌ထောင်စု‌နေ့မှာ လူသားချင်း စာနာ‌ထောက်ထားတဲ့အ‌နေနဲ့ လွှတ်‌ပေးတာလို့ ‌ပြောတယ်။”ဟု ‌ပြောပြသည်။

အဆိုပါအကျဉ်းကျသူများကို ပြန်လည်လွတ်‌ပေးခဲ့‌သော်လည်း ‌ဖေ‌ဖော်ဝါရီလ ၈ရက်‌နေ့က ‌နေအိမ်ဝင်းမှ ထပ်မံ ဖမ်းဆီး ခံထားရသည့် ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့်၊ စီမံကိန်း၊ဘဏ္ဍာနှင့် စည်ပင်သာယာ‌ရေး ဝန်ကြီးဦးသန်းနိုင် အပါအဝင် ပုဒ်မ ၅၀၅(ခ)ဖြင့် အမှုဖွင့်ခံထားရသည့် အစိုးရ၏ နည်းပညာအထက်တန်း‌ကျောင်း(ဖားအံ)‌ကျောင်းအုပ် ‌ဒေါက်တာချိုယုမွန်တို့ ပြန်လည်လွတ်‌မြောက်လာခြင်း မရှိ‌သေး‌ပေ။

‌ဖေ‌ဖော်ဝါရီလ ၁ရက်၊ နိုင်ငံ‌တော် အာဏာကို စစ်တပ်က သိမ်းယူခဲ့ပြီး‌နောက် အ‌ရေး‌ပေါ် အ‌ခြေအ‌နေ ‌ကြေညာလိုက်ပြီး ‌နောက်တွင် ဖမ်းဆီးခံရသည့် အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နှင့် အမျိုးသားဒီမိုက‌ရေစီ အဖွဲ့ချုပ်‌ခေါင်း‌ဆောင်များကို အမြန် ပြန်လည်လွှတ်‌ပေး‌ရေးနှင့် စစ်အာဏာသိမ်းယူမှု‌ပေါ် ကန့်ကွက်သည့် ဆန္ဒပြမှုများ မှာ ‌ဖေ‌ဖော်ဝါရီလ ၈ရက်‌နေ့မှစ၍ ကရင်ပြည်နယ်အတွင်းရှိ မြို့နယ်အသီးသီးတွင် ဖြစ်ပွားလာခဲ့သည်။

၎င်းဆန္ဒပြပွဲတွင် ‌ကျောင်းသားလူငယ် အများစုအပြင် အစိုးရ၏ ဌာနဆိုင်ရာ ဝန်ထမ်းအချို့နှင့် လူထုများပါဝင်ခဲ့ပြီး ခြိမ်း ‌ခြောက်ပစ်ခတ်မှုများ၊ ဖမ်းဆီးမှုများကို ရဲတပ်ဖွဲ့ဝင်များက လုပ်‌ဆောင်လာကြ‌သော်လည်း ဆန္ဒပြမှုများကို ပုံသဏ္ဍာန်အ မျိုးမျိုးဖြင့် ‌နေ့စဉ် ပြုလုပ်လျက်ရှိသည်။