Home ကဗျာ အိုဘယ့် ပဒိုမန်းရှာ

အိုဘယ့် ပဒိုမန်းရှာ

8829

အိုဘယ့် ပဒိုမန်းရှာ

(လကင်္ာဒီပ)

ဒီမှာ ပဒိုမန်းရှာ

ခင်ဗျားက ကရင်နယ်‌မြေ‌တွေထဲ
သိမ်းပိုက်တပ်စွဲထားတဲ့ ဧည့်သည်ကို
အိမ်ရှင်လို့မှ မမြင်‌ပေးတတ်တာကိုး
ကျည်ဆံ ၂ ချက် လက်‌ဆောင်ရတာ နည်းသွားသလား‌နော်။
ဒီမှာ ပဒိုမန်းရှာ

ကိုယ့်ကိုကိုယ်ယုံကြည်လွန်းပြီး
သက်‌တော်‌စောင့်‌လေး‌တောင်မှမထားတာကိုး
လုပ်ကြံသတ်ဖြတ်ခြင်းခံရတာ နည်းသွားသလား‌နော်။
ဒီမှာ ပဒိုမန်းရှာ

ခင်ဗျားက ကရင်အမျိုးသားတခုထဲအတွက်မှမလုပ်ခဲ့တာ
တိုင်းရင်းသား အားလုံးအတွက်ရည်စူး
ပန်းတိုင်ထား ရပ်တည်မှုထူးခဲ့တာကိုး
ဒါ‌ပေမယ့် ပန်းခြင်း‌အောက်ကလက်နက်
ခင်ဗျားအသက်ရှင်မှုကို ရပ်တန့်ခဲ့တာ နည်းသွားသလား‌နော်။
ဒီမှာမြတ်ထွန်းဦး
ကျုပ်တို့ကို ခြံ‌နောက်‌ဖေးကလာပြီး
စည်းရုံးမှု‌တွေ လာမလုပ်နဲ့
‌စေတနာမှန်ရင်
ပွင့်လင်းမြင်သာ ရဲရင့်စွာ
‌ရှေ့တံခါးက ဝင်လာခဲ့ပါ
ငြိမ်းချမ်း‌ရေးအတွက်
လမ်း‌ကြောင်းအမြဲဖွင့်ထားပါတယ်။

စည်းလုံးညီညွတ်မှုမရှိရင်
နွားကွဲရင် ကျားဆွဲမယ်ဟုတ်လား
ကျား‌တော့ကျားပဲဗျ
ဒါ‌ပေမယ့် ဖွတ်ကျား‌တွေဆွဲသွားတာဗျ။

ဘာဗျ ပတ်ဝန်းကျင်အသိအမှတ်ပြု‌လောက်တဲ့
ဖြတ်သန်းမှုရှိမှ ‌ခေါင်း‌ဆောင်‌ကောင်းတဲ့လား
‌ခေါင်း‌ဆောင်‌ကောင်း‌တော့ ‌ခေါင်း‌ဆောင်‌ကောင်း‌တွေပါပဲ
ဒါ‌ပေမယ့် လူမိုက်ဂိုဏ်း‌ခေါင်း‌ဆောင်‌တွေ‌လေ။

ဇတ်တူသား စားရဲတဲ့လူမျိုး
‌သွေးခွဲ သပ်လျိူလို့‌ကောင်းတဲ့လူမျိုး
တပည့်‌မွေးလို့‌ကောင်းတဲ့လူမျိုး
အိုး…စွပ်စွဲ‌နေလိုက်ကြတာ
ကျုပ်တို့ဟာ တရားခံကြီး‌တွေ ကျ‌နေတာပဲ။
ဒီမှာ ပဒိုမန်းရှာ

ခင်ဗျားရဲ့ တရားမျှတမှုကိုအ‌ခြေခံတဲ့
ကရင့်တာ်လှန်‌ရေးခရီးကြမ်းမှာ
ပြတ်သားလွန်းတဲ့ စကား‌တွေ၊
စိတ်ဓါတ်‌တွေ ‌ခေါင်း‌ဆောင်မှု‌တွေက
ကရင်‌တွေရဲ နိုင်ငံ‌ရေး ‌ရေချိန်ကို
ပိုမိုမြင့်မား‌စေခဲ့တယ်။

ဆယ်ကမ္ဘာစာ‌လောက်
တာဝန်‌ကျေပါတယ် ‌တော‌ကျောင်း‌ကျေးရွာ‌လေး‌ရေ
ကျုပ်တို့ရဲ့ ကြယ်ပွင့်ကြီးကို
ခင်ဗျား ထမ်းပိုး‌မွေးထုတ်‌ပေးခဲ့တာ
ဆယ်သက်စာမက ‌လေးစား ဂုဏ်ယူ‌နေမိမှာအမှန်ပါ။