Home သတင်း အာဏာသိမ်းအစုအဖွဲ့တွင် ကရင်‌ခေါင်း‌ဆောင်အချို့ပါဝင်မှုအ‌ပေါ် အမျိုးသားသစ္စာ‌ဖောက်များအဖြစ် ကရင်လူ ငယ်များသတ်မှတ်ရှုတ်ချ

အာဏာသိမ်းအစုအဖွဲ့တွင် ကရင်‌ခေါင်း‌ဆောင်အချို့ပါဝင်မှုအ‌ပေါ် အမျိုးသားသစ္စာ‌ဖောက်များအဖြစ် ကရင်လူ ငယ်များသတ်မှတ်ရှုတ်ချ

8856

‌ဖေ‌ဖော်ဝါရီ ၄ ရက်၊ ၂၀၂၁ ခုနှစ်။ စအိုင်ဆူူး

စစ်အာဏာသိမ်းပြီး‌နောက် အာဏာသိမ်း‌ခေါင်း‌ဆောင်များမှ ဖွဲ့စည်းလိုက်သည့် နိုင်ငံ‌တော် စီမံအုပ်ချုပ်‌ရေး ‌ကောင်စီအဖွဲ့ဝင်များတွင် ကရင်ပြည်သူ့ပါတီ(KPP) ‌ခေါင်း‌ဆောင်များပါဝင်လာသည့်အ‌ပေါ် ၎င်းပါတီကို ဝန်းရံခဲ့ သည့် ကရင်လူငယ်များက အပြန်းအထန်ကန့်ကွက်ရှုတ်ချ‌ကြောင်း ယ‌နေ့သ‌ဘောထားထုတ်ပြန်လိုက်သည်။

ကရင်ပြည်သူ့ပါတီ၏ နိုင်ငံ‌ရေးရည်မှန်းချက်များသည် ကရင်လူမျိုးများ၏ ‌မျှော်မှန်းချက်များကို အ‌ကောင်အ ထည်‌ဖော်နိုင်ရန် ‌မျှော်လင့်ချက်ဖြင့် ဝန်းရံ‌ပေးခဲ့‌သော်လည်း လက်ရှိ အာဏာသိမ်းမှုဖြစ်စဉ်တွင် ၎င်းပါတီ ‌ခေါင်း ‌ဆောင်များပါဝင်လာမှုအ‌ပေါ် ပါတီဝန်းရံမှုတွင် ပါဝင်ခဲ့သည့် မွန်ပြည်နယ်၊ ဧရာဝတီတိုင်း‌ဒေသကြီးနှင့် ပဲခူးတိုင်း ‌ကျောက်ကြီး‌ဒေသမှ ကရင်လူငယ်များက ယခုလို ကန့်ကွက် ရှုတ်ချခြင်းဖြစ်သည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး ဧရာဝတီလူငယ် စ‌နေမင်းက “၂၀၂ဝ ‌ရွေး‌ကောက်ပွဲမှာ ကျ‌နော်တို့ ကရင် လူငယ်‌တွေက အမျိုးသား‌ရေး စိတ်ဓာတ်ကို အ‌ခြေခံပြီး ‌ရွေး‌ကောက်ပွဲ ‌အောင်နိုင်‌ရေးအတွက် တခဲနက် ကူညီပံ့ပိုးခဲ့ကြတယ်။

အခု အာဏာသိမ်းမှု ဖြစ်လာတဲ့အ‌ပေါ် ကျ‌နော်တို့ လူငယ်‌တွေ အပြင်းအထန် ကန့်ကွက် သလို အခု စစ်အစိုးရက‌နေ ဖွဲ့စည်းလိုက်တဲ့ အစိုးရအဖွဲ့မှာ ပါဝင်လာတဲ့ KPP ပါတီ ဥက္ကဋ္ဌ ‌စောထွန်း‌အောင်မြင့် နဲ့ မန်းငြိမ်း‌မောင်တို့အပြင် အမျိုးသား‌ရေးကို ခုတုံးလုပ်ပြီး အကျိုးစီးပွားရှာ လုပ်‌ဆောင်မယ့် ဘယ်ကရင်ကိုမဆို အမျိုးသားသစ္စာ‌ဖောက်အ‌နေနဲ့ ကျ‌နော်တို့ လူငယ်‌တွေ ရှုတ်ချပါတယ်” ဟု ‌ကေအိုင်စီ သို့‌ပြောသည်။

အာဏာသိမ်း တပ်မ‌တော်မှ ပြန်လည်ဖွဲ့စည်းလိုက်သည့် နိုင်ငံ‌တော် စီမံအုပ်ချုပ်‌ရေး‌ကောင်စီတွင် ယခင် ဧရာဝတီတိုင်း၊ ပန်းတ‌နော်မြို့နယ်မဲဆန္ဒနယ်၌ KPP ပါတီကိုယ်စားလှယ်‌လောင်းအ‌နေဖြင့် ပါဝင်ခဲ့သူ မန်းငြိမ်း ‌မောင် နှင့် ‌ကောင်စီမှ ဖွဲ့စည်း‌ပေးလိုက်သည့် တိုင်းရင်းသားလူမျိုး‌ရေးရာဝန်ကြီးဌာနအတွက် KPP ပါတီ ဥက္ကဋ္ဌ ‌စောထွန်း‌အောင်မြင့်တို့ ပါဝင်လာခဲ့ခြင်းဖြစ်သည်။

KPP ပါတီ၏ လက်ရှိလုပ်‌ဆောင်မှုများသည် ကရင်လူငယ်များ၏ ‌မျှော်မှန်းချက်နှင့် ‌သွေဖည်‌နေ‌ကြောင်း၊ ၎င်းပါတီ၏ လုပ်‌ဆောင်မှုများသည် ဝန်းရံ‌ပေးခဲ့သည့် ကရင်လူငယ်များနှင့် လုံးဝမသက်ဆိုင်‌ကြောင်း နှင့် စစ်အုပ်စုမှ ဖွဲ့စည်းလိုက်သည့် အစုအဖွဲ့ကို လက်မခံဘဲ စစ်တပ်၏ အာဏာသိမ်းယူမှု ဖြစ်စဉ်ကိုလည်း ကန့်ကွက်ရှုတ်ချ‌ကြောင်း ထုတ်ပြန်ချက်၌ ‌ဖော်ပြထားသည်။

၎င်းအပြင် KPP ပါတီကို ‌ထောက်ခံမဲထည့်‌ပေးရန် စည်းရုံးလှုံ့‌ဆော်‌ပေးမှုများသည် လိမ်လည် မဲဆွယ်ခဲ့သလို ဖြစ်‌ပေါ်‌စေခဲ့သည့်အ‌ပေါ် ကရင်လူထုများကို ‌တောင်းပန်ခဲ့ပြီး လက်ရှိ အစိုးရအဖွဲ့ဝင်တွင် ပါဝင်‌နေသည့် KPP ပါတီမှဝင်‌ရောက် အ‌ရွေးခံခဲ့‌သော မန်းငြိမ်း‌မောင်နှင့် ‌စောထွန်း‌အောင်မြင့် အပါအဝင် ကရင့်အမျိုးသားနိုင်ငံ ‌ရေးအား ခုတုံးလုပ်ပြီး အမျိုးသား‌ရေး ‌ဖောက်ပြန်သူများကို အမျိုးသား သစ္စာ‌ဖောက်အဖြစ် သတ်မှတ်ရှုမြင် ‌ကြောင်းလည်း ကရင်လူငယ်များက ထုတ်ပြန်ချက်၌ ၎င်းတို့၏ သ‌ဘောထားကို ‌ဖော်ပြခဲ့ကြသည်။

သို့‌သော် လက်ရှိစစ်အစိုးရမှ ဖွဲ့စည်း‌ပေးလိုက်သည့် အစိုးရအဖွဲ့၌ ပါတီဝင်များပါဝင်မှုနှင့် ပတ်သက်ပြီး ဖြစ်‌ပေါ် ‌နေ‌သော အ‌ခြေအ‌နေများကို ကရင်ပြည်သူ့ပါတီအ‌နေဖြင့် ကြိုတင်‌မျှော်မှန်း သိရှိထားခြင်းမရှိ‌ကြောင်း ကရင်ပြည်သူ့ပါတီ(KPP)မှ ၎င်း၏ပါတီအတွင်း‌ရေးမှူး ‌ဒေါက်တာ‌စောစိုင်မွန်သာက ကိုယ်တိုင်လက်မှတ်‌ရေးထိုး အသိ‌ပေးထုတ်ပြန်ထားသည်။

အလားတူ ကရင်လူငယ်ကွန်ရက်(KYN)ကလည်း စစ်တပ်၏ အဓမ္မ အာဏာသိမ်းယူ ဖြစ်စဉ်တွင် ကရင်လူမျိုး များ လိုလား‌တောင်းတ‌သော အမျိုးသားတန်းတူ အခွင့်အ‌ရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် ဆန့်ကျင်ပြီး စစ်အာ ဏာရှင်များ၏ အလိုကျအညံ့ခံပါဝင်‌သော မည်သည့် ကရင်ကိုမဆို ကရင်အမျိုးသားသစ္စာ‌ဖောက်အဖြစ် သတ်မှတ်‌ကြေညာ‌ကြောင်းလည်း ယ‌နေ့တွင် သ‌ဘောထားထုတ်ပြန်‌ကြေညာခဲ့သည်။

‌ကောင်စီတွင် အဖွဲ့ဝင်အ‌နေဖြင့် ပါဝင်လာသည့် မန်းငြိမ်း‌မောင်သည် ယခင်ကရင်အမျိုးသားအစည်းအရုံး-KNU ဗဟို ‌ကော်မတီဝင်ဖြစ်ခဲ့ဖူးပြီး ၎င်းပါဝင်မှုနှင့်ပတ်သတ်ပြီး သက်ဆိုင်ရာ KNU (ဗဟို)မှ မန်းငြိမ်း‌မောင်ကို ပြီးခဲ့ သည့်နှစ် ဇူလိုင်လအတွင်းပြုလုပ်ခဲ့သည့် (၇)ကြိမ်‌မြောက် KNU အမြဲတမ်း‌ကော်မတီအ‌ရေး‌ပေါ်အစည်းအ‌ဝေး မှ ၎င်း၏ ဆန္ဒအ‌လျောက် နုတ်ထွက်ခွင့်ပြုလိုက်ပြီးဖြစ်‌ကြောင်းနှင့် သူ၏လုပ်‌ဆောင်မှုများသည် KNU နှင့် မည်သို့ မျှမပတ်သက်‌ကြောင်း ယမန်‌နေ့က အသိ‌ပေးထုတ်ပြန်ထားသည်။