Home သတင်း အစိုးရ၏ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် ပုံစံသစ်ကိုကြိုဆိုပြီး လက်‌တွေ့ကျသည့် ပုံစံဖြစ်ရန် KNU ‌မျှော်လင့်

အစိုးရ၏ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် ပုံစံသစ်ကိုကြိုဆိုပြီး လက်‌တွေ့ကျသည့် ပုံစံဖြစ်ရန် KNU ‌မျှော်လင့်

3343

ဇန်နဝါရီ ၁၈ ရက်၊ ၂၀၂၁ခုနှစ်။ စအိုင်ဆူး

၂၀၂၁ ခုနှစ်မှစ၍ စတင်ကျင့်သုံးမည့် အစိုးရ၏ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် ပုံစံသစ် (New Peace Architecture) ကို ကြိုဆိုပြီး လက်‌တွေ့ကျသည့်ပုံစံဖြစ်ရန် ‌မျှော်လင့်‌ကြောင်း KNU-ကရင်အမျိုးသားအစည်း အရုံးက ‌ပြောဆိုလိုက်သည်။

၂၀၁၈ ခုနှစ်မှစ၍ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် ‌ဆွေး‌နွေးမှု မ‌ပြေလည်လာခဲ့သည်မှာ ၂၀၂ဝ ခုနှစ်တိုင်‌အောင် ဖြစ် ‌ပေါ်ခဲ့ပြီး ‌ဆွေး‌နွေးမှုလုပ်ငန်းစဉ်များကို ပြုပြင်‌ပြောင်းလဲရန် အကြိမ်ကြိမ်‌ဆွေး‌နွေးတိုက်တွန်းခဲ့ရာမှ ယခုလို အစိုးရ၏ ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ် ပုံစံသစ် စတင်‌ပြောဆိုလာမှုအ‌ပေါ် ဝမ်း‌မြောက်မိ‌ကြောင်း KNU အ‌ထွေ‌ထွေ အတွင်း‌ရေးမှူးချုပ် ပဒို‌စောတာဒိုမူးက ပြီးခဲ့သည့် ရက်ပိုင်းတွင် ‌ကေအိုင်စီသို့ ယခုလို‌ပြောသည်။

“အခု ကျ‌နော်တို့ ပြန်ကြားမိတာက New Peace Architecture ‌ပေါ့။ ဒါက အစိုးရအတွက် အမြင်အသစ်တစ်ခု အ‌နေနဲ့ ဖြစ်‌ကောင်းဖြစ်‌ပေမဲ့ ဒါ‌တွေက ကျ‌နော်တို့ အမြဲတမ်း အရင်က တိုက်တွန်း‌ပြောဆိုခဲ့သလို ပြန်လည် ပြုပြင်‌ပြောင်းလဲမှု‌တွေလုပ်ဖို့အတွက် အခုဆိုရင်‌တော့ ‌ပြောဆိုလာတာမျိုး‌တော့ရှိ‌နေပြီး။ ဒီအတွက် ကျ‌နော်တို့ ဝမ်းသာတယ်။ ဒါ‌ပေမဲ့ အ‌ပြောသက်သက်ပဲမဟုတ်ဘဲနဲ့ မူဝါဒ အသစ်တကယ်‌ပြောင်းလဲလား၊ မ‌ပြောင်းလဲလား ဆိုတာ‌တော့ ‌စောင့်ကြည့်သွားမယ်” ဟု ပဒို‌စောတာဒိုမူးက ‌ပြောသည်။

အဆိုပါ New Peace Architecture ကို ပြီးခဲ့သည့် ဇန်နဝါရီလ ၁ရက်‌နေ့၊ နိုင်ငံတကာ နှစ်သစ်ကူး‌နေ့တွင် နိုင်ငံ‌တော် အတိုင်ပင်ခံပုဂ္ဂိုလ် ‌ဒေါ်‌အောင်ဆန်းစုကြည်မှ ၎င်း၏ နှစ်သစ်မိန့်ခွန်း၌ စတင်မိတ်ဆက်‌ပြောဆို လိုက်ပြီး ဇန်နဝါရီလ ၈ရက်‌နေ့တွင်လည်း ၎င်းငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ် ပုံစံသစ်နှင့်ပတ်သက်၍ ‌နေပြည်‌တော်၌ ပြုလုပ်ခဲ့သည့် နိုင်ငံ‌တော်သမ္မတရုံး သတင်းစာရှင်းလင်းပွဲတွင်လည်း နိုင်ငံ‌တော်သမ္မတရုံး၏ ‌ပြော‌ရေးဆိုခွင့်ရှိသူ ဦး‌ဇော်‌ဌေးက ထည့်သွင်း ရှင်းလင်း‌ပြောဆိုခဲ့သည်။

အစိုးရ အ‌နေဖြင့် ယခင်နှင့်မတူဘဲ ‌ဆွေး‌နွေးပြီး လက်‌တွေ့အ‌ကောင်အထည်‌ဖော်နိုင်မည့် အ‌ခြေအ‌နေအထိ သွားမည်ဖြစ်ပြီး အ‌ကောင်အထည်‌ဖော်မည့် ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်တွင် Peace Building (ငြိမ်းချမ်း‌ရေ တည် ‌ဆောက်ခြင်း) ၊ State Building (နိုင်ငံ‌တော် တည်‌ဆောက်ခြင်း)၊ နှင့် Nation Building (အမျိုးသားလက္ခဏာ သို့မဟုတ် ပြည်‌ထောင်စု ကြင်အင်လက္ခဏာ တည်‌ဆောက်ခြင်း)ဟူ၍ လုပ်ငန်းစဉ် ၃ ခုဖြင့် သွားမည်ဟု ဦး‌ဇော် ‌ဌေးမှ ရှင်းလင်း‌ပြောဆိုခဲ့သည်။

အဆိုပါ လုပ်ငန်းစဉ် (၃)ခုမှ Peace Building ၌ အပစ်ခတ်ရပ်စဲခြင်း၊ အပစ်ရပ်စာချုပ်ချုပ်ဆိုခြင်း၊ ခိုင်မာ‌အောင် ပြုခြင်း၊ ‌စောင့်ကြည့်မှုယန္တရားများခိုင်မာ‌အောင်ပြုလုပ်ခြင်း၊ ‌ဒေသဖွံ့ွဖြိုး‌ရေးနှင့် စစ်‌ဘေး‌ရှောင် ‌နေရပ်ပြန်‌ရေး ကိစ္စများပါဝင်မည်ဟု ဆိုသည်။

ထို့‌နောက် State Building တွင် တိုင်း‌ဒေသကြီးနှင့် ပြည်နယ်များကို အား‌ကောင်း‌အောင်ပြုခြင်း၊ အခွင့်အ‌ရေး ပိုမို‌ပေးခြင်း၊ အာဏာပိုမိုခွဲ‌ဝေခြင်း၊ မဏ္ဍိုင်သုံးရပ်၏ ယန္တရားပိုမိုခိုင်မာ‌အောင်ပြုခြင်းတို့ပါဝင်ပြီး Nation Building တွင် လူမျိုး‌ပေါင်းစုံကို ကိုယ်စားပြုသည့် အားလုံးလက်ခံ‌သော အမျိုးသား‌ရေးကြင်အင်လက္ခဏာ ‌ဖော်‌ဆောင်မည့် အဆင့်ဟူ၍ဖြစ်သည်ဟု ဆိုသည်။

သို့‌သော် အဆိုပါ လုပ်ငန်းစဉ် (၃)ခုမှာ မဖြစ်မ‌နေ လုပ်‌ဆောင်ရမည့်ကိစ္စတွင် ပါဝင်‌သော်လည်း တိုင်းပြည်၏ အဓိက ပြဿနာမှာ နှစ်‌ပေါင်း (၇၀)‌ကျော်ကြာမ‌ဖြေရှင်းနိုင်သည့် စစ်အာဏာရှင်စနစ်နှင့် မဟာလူမျိုးကြီးဝါဒ ဖြစ်‌ကြောင်း KNU အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ် ပဒို‌စောတာဒိုမူးက ဆက်‌ပြောသည်။

“ကျ‌နော်တို့ ‌မျှော်လင့်တာက အစိုးရ အ‌နေနဲ့ နိုင်ငံ‌ရေး လုပ်ငန်းစဉ် (Political Process) တစ်ခုထဲမဟုတ်ဘဲ နဲ့ National reconciliation spirit (အမျိုးသားရင်ကြား‌စေ့‌ရေး စိတ်ဓာတ်ပါ) ပါဝင်ဖို့လိုတယ်။ ဘာ‌ကြောင့်လဲဆို ‌တော့ ကျ‌နော်တို့ တိုင်းပြည်ရဲ့ နိုင်ငံ‌ရေးပြဿနာနဲ့ စိန်‌ခေါ်မှုက နှစ်ခုပဲရှိတယ်၊ စစ်အာဏာရှင်စနစ်နဲ့ မဟာလူ မျိုးကြီးဝါဒပဲဖြစ်တယ်။ စစ်အာဏာရှင်စနစ်‌ပျောက်သွားမယ်ဆို‌ပေမဲ့လည်း လူမျိုးကြီးဝါဒက ဆက်ရှိ‌နေသမျှ ကာလပတ်လုံးက ကျ‌နော်တို့ ဖက်ဒရယ်ပြည်‌ထောင်စုကို ဘယ်‌တော့မှတည်‌ဆောက်လို့ရမှာ မဟုတ်ဘူး”ဟု ၎င်းက ‌ပြောသည်။

လက်ရှိ ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ် ပုံစံသစ်နှင့်ပတ်သက်၍ အစိုးရဘက်မှ တရားဝင် အသိ‌ပေး‌ဆွေး‌နွေး အ ‌ကြောင်းကြားလာခြင်းမရှိ‌သေးသည့်အတွက် အ‌သေးစိတ်ကို မသိရှိရ‌သေး‌ကြောင်း အပစ်ရပ်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများဘက်က ဆိုသည်။

ရခိုင်ပြည်လွတ်‌မြောက်‌ရေးပါတီ(ALP) ဒုဥက္ကဋ္ဌ ဦးခိုင်စိုးနိုင်‌အောင် က “အစိုးရ က New Peace Architecture နဲ့သွားမယ်လို‌တော့ကြားတယ်။ ဒါ‌ပေမဲ့ အရင်တုန်းက သွားခဲ့တဲ့ Peace Architecture အ‌ပေါ်မှာ အ‌ခြေခံပြီး ‌တော့ သူတို့အ‌နေနဲ့ ဘယ်လို စီစဉ်ထားလဲဆိုတာက‌တော့ ကျ‌နော်တို့ အ‌နေနဲ့ မှန်းလို့မရ‌သေးဘူး။ ဒါ‌ပေမဲ့ အရင်တုန်းကသွားခဲ့တဲ့ Peace Architecture အ‌ပေါ်မှာ အ‌ခြေခံပြီး‌တော့ အသစ်‌ရေးဆွဲလို့ရှိရင်‌တော့ ပြည်သူ ‌တွေနဲ့‌ရော တိုင်းရင်းသား‌တွေနဲ့‌ရော ပိုပြီး‌တော့အဆင်‌ပြေမလားလို့ သုံးသပ်မိတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

ထို့အပြင် အစိုးရ နှင့် တပ်မ‌တော်အကြား အမြင်ကွဲပြားမှုများရှိ‌နေခြင်း‌ကြောင့် လက်ရှိသွားလိုသည့် ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်ကို သွားနိုင်ရန် အချိန်ယူရမည်ဖြစ်ပြီး တပ်မ‌တော်အ‌နေဖြင့်လည်း ၎င်းလုပ်ငန်းစဉ်အတိုင်းသွားရန် စိတ်ဆန္ဒရှိရန်လိုအပ်‌ကြောင်းလည်း ဦးခိုင်စိုးနိုင်‌အောင်က ဆက်‌ပြောသည်။

၂၀၁၆ ခုနှစ်မှ ၂၀၂ဝခုနှစ်အတွင်း ယခင် အပစ်ရပ်စာချုပ် NCA လက်မှတ်‌ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် (၁၀)ဖွဲ့ နှင့် အစိုးရတို့အကြား ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ညီလာခံ ၂၁ ရာစု ပင်လုံ အစည်း အ‌ဝေးကို (၄)ကြိမ်တိုင်ပြုလုပ်ခဲ့ပြီးဖြစ်ပြီး ပြည်‌ထောင်စုသ‌ဘောတူစာချုပ် အစိတ်အပိုင်း(၁)မှ(၃) အထိချုပ် ဆိုနိုင်ခဲ့ပြီးဖြစ်ကာ ‌နောက်ဆုံးချုပ်ဆို‌သော အစိတ်အပိုင်း (၃) တွင် အဆင့် (၃)ဆင့်ပါဝင်‌သော ဖက်ဒရယ်ပြည် ‌ထောင်စုတည်‌ဆောက်‌ရေး ကတိကဝတ်များပါရှိသည်။

ယခင် ငြိမ်းချမ်း‌ရေး ဖြစ်စဉ်များတွင် ‌ဆွေး‌နွေးမှုရလဒ်များ ထွက်‌ပေါ်လာခဲ့‌သော်လည်း လက်‌တွေ့ အ‌ကောင် အထည်‌ဖော်မှုမရှိခဲ့ဘဲ လက်ရှိ အစိုးရ၏ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်သစ်တွင် လက်‌တွေ့ အ‌ကောင် အထည် ‌ဖော်ရန် ‌ဖော်ပြ‌ပြောဆိုမှုများပါရှိလာသည့်အတွက် ထူးခြားမှုရှိ‌ကြောင်း ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်တွင် ပညာရှင်ကဏ္ဍ၌ပါဝင်‌နေသူ ‌နော်‌မေဦးက သုံးသပ်‌ပြောဆိုသည်။

၎င်းက “အရင်တုန်းက အ‌ကောင်အထည်လိုက်ပါ ဖြစ်‌ပေါ်တာမရှိဘူး။ ‌နေပြည်‌တော်အဆင့်‌လောက်၊ ထိပ်ပိုင်း ‌ခေါင်း‌ဆောင်အဆင့်‌လောက် ‌ပြောဆို‌ဆွေး‌နွေးတာမျိုးပဲရှိခဲ့တယ်။ ဒီ‌ပြောဆိုမှု‌တွေက လုပ်ငန်းတစ်ခုအ‌နေနဲ့ အ‌ကောင်အထည်‌ပေါ်မလာဘူး။ ဒါ‌ပေမဲ့ အခု Architecture အသစ်ထဲမှာ‌တော့ အစိုးရရဲ့ ‌ပြောဆိုမှုအရ ‌ဆွေး‌နွေးမှု‌နောက်မှာ အ‌ကောင်အထည်‌ဖော်မှု‌တွေ လိုက်ပါလာလိမ့်မယ်‌ပေါ့။ လုပ်ကြည့်မှပဲ ဘယ်‌လောက်ထိ အလုပ်ဖြစ်လဲမဖြစ်လဲဆိုတာ သိရမှာ‌ပေါ့။ ဒါကထူးခြားမှုတစ်ခုပဲ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အစိုးရ၊ တပ်မ‌တော်နှင့် KNU အပါအဝင် တိုင်းရင်းသားလက်နက်ကိုင် (၁၀)ဖွဲ့အကြား ၉ နှစ်နီးပါးကြာ ငြိမ်းချမ်း ‌ရေး‌ဆွေး‌နွေးမှုများ ပြုလုပ်လာခဲ့‌သော်လည်း ယ‌နေ့အချိန်ထိ ‌ဆွေး‌နွေးမှုသ‌ဘောတူညီချက်များအ‌ပေါ် လက် ‌တွေ့ အ‌ကောင်အထည်‌ဖော်နိုင်ခြင်းမရှိ‌သေးသလို အပစ်ရပ်နယ်‌မြေတချို့တွင်လည်း နှစ်ဖက်ပစ်ခတ် တိုက်ခိုက်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။

ကျန်ရှိ‌သော ကချင်(KIA)၊ ကရင်နီ(ကယား)(KNPP) ၊ ရှမ်း(‌မြောက်)(SSPP)၊ တအာင်း(ပ‌လောင်) (TNLA)၊ ကိုးကန့်(MNDAA)၊ ‘ဝ’ (UWSA)နှင့် ရခိုင်(AA) အစရှိသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းကြီးများ အ‌နေဖြင့် ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်တွင် ပါဝင်လာနိုင်ရန် မကြာခဏ ‌ဆွေး‌နွေးမှုများရှိ‌သော်လည်း ယ‌နေ့အချိန် ထိ ခိုင်မာသည့် အပစ်ရပ်‌ဆွေး‌နွေးမှုလုပ်‌ဆောင်နိုင်ခြင်းမရှိ‌သေး‌ကြောင်း‌တွေ့ရသည်။

လက်ရှိတွင်လည်း အဆိုပါကျန်ရှိ‌သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတချို့နှင့် ပဏာမ အပစ်ရပ် စာချုပ် (Bilateral) အဆင့် ချုပ်ဆိုနိုင်ရန် ညှိနှိုင်း‌နေဆဲဖြစ်သလို ၎င်းမှတဆင့် NCA ထိုးရန်သာကျန်ရှိသည့် အဖွဲ့အစည်းများနှင့်လည်း အစိုးရ နှင့်ညှိနှိုင်‌နေဆဲဖြစ်သည်။