Home သတင်း မယ်‌ဝေ(မဲဝိုင်)က‌လေးငယ် အပစ်ခံရမှု တပ်မ‌တော်နှင့် KNLA အပြန်အလှန် စွပ်စွဲ‌ပြောဆို

မယ်‌ဝေ(မဲဝိုင်)က‌လေးငယ် အပစ်ခံရမှု တပ်မ‌တော်နှင့် KNLA အပြန်အလှန် စွပ်စွဲ‌ပြောဆို

4131
Photo: Tahmadaw and KNU

ဇန်နဝါရီ ၁၇ ရက်၊ ၂၀၂၁ ခုနှစ်။ ‌ကေအိုင်စီ

ဇန်နဝါရီလ ၁၅ ရက်‌နေ့က ဖြစ်ပွားခဲ့သည့် မယ်‌ဝေ(မဲဝိုင်) ‌ကျေးရွာမှ (၁၂) အရွယ် က‌လေးငယ်တစ်ဦးပစ်ခတ်ခံရမှုအ‌ပေါ် အစိုးရ တပ်မ‌တော်နှင့် ကရင်အမျိုးသားလွတ်‌မြောက်‌ရေး တပ်မ‌တော်-KNLA တပ်မဟာ(၅) တို့အကြား အပြန်အလှန် စွပ်စွဲ‌ပြောဆိုသည့် စာများထုတ်ပြန်ခဲ့ကြသည်။

ယမန်‌နေ့ တပ်မ‌တော်သတင်းမှန် ပြန်ကြား‌ရေးအဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် အဆိုပါ က‌လေးငယ်မှာ KNLA တပ်မ ဟာ (၅)မှ တပ်ဖွဲ့ဝင်သုံးဦးခန့်က လက်‌ဖြောင့်‌သေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်‌ကြောင်း ထုတ်ပြန်ခဲ့ပြီး KNLA ဘက်ကမူ တပ်မ‌တော်ဘက်မှ လက်နက်ကြီးငယ်များကို မဆင်မခြင်ပစ်ခတ်ခြင်း‌ကြောင့် ယခုလို ထိခိုက်ခဲ့ခြင်းဖြစ်‌ကြောင်း ကန့်ကွက်စာပြန်လည်‌ပေးပို့ခဲ့သည်။

တပ်မ‌တော်သတင်းမှန် ပြန်ကြား‌ရေးအဖွဲ့ ထုတ်ပြန်ချက်တွင် မဲဝိုင်အနီးရှိ တပ်မ‌တော်စခန်း၏ ‌တောင်ဘက်မဲဝိုင် ဘုန်း‌တော်ကြီး‌ကျောင်း၌ ‌နေထိုင်သည့် အသက် ၁၂အရွယ် မဲဝိုင်‌ကျေးရွာသား ‌မောင်မိုး‌အောင်ဆိုသူသည် ဇန်နဝါရီ ၁၅ရက်၊ နံနက် ၁၁နာရီ မိနှစ် ၂ဝခန့်တွင် ဘုန်း‌တော်ကြီး‌ကျောင်းနှင့် မီတာ ၃ဝခန့်အကွာ၌ သ‌ဘေင်္ာသီးခူး‌နေစဉ် ၎င်း‌နေ ရာ၏ အ‌နောက်‌တောင်ဘက် မီတာ ၇၅ဝ ခန့်ရှိ KNLA တပ်မဟာ (၅)၏ တပ်ဖွဲ့ဝင် သုံးဦးခန့်က လက်‌ဖြောင့်‌သေနတ်ဖြင့် ၁ ချက်ပစ်ခတ်ခဲ့ရာ က‌လေး၏ ဦး‌ခေါင်းယာဘက် အရှည် ၃လက်မ၊ အနက် လက်မဝက်ခန့် ကျည်ရှပ်ထိဒဏ်ရာရရှိခဲ့ကာ စိုးရိမ်ရသည်ဟု ‌ဖော်ပြထားသည်။

သို့‌သော် KNLA တပ်မဟာ(၅) ဘက်မှ ဇန်နဝါရီလ ၁၅ရက်၊ ‌နေ့စွဲဖြင့် ပြည်‌ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး ဆိုင်ရာ ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ(JMC-U)သို့ ‌ပေးပို့သည့် ကန့်ကွက်စာတွင် ဇန်နဝါရီလ ၁၅ ရက်‌နေ့က တပ်မ‌တော် အ‌ရှေ့‌တောင်တိုင်းစစ်ဌာနချုပ်(ရတခ) လက်‌အောက်ခံ ‌ခြေမြန်တပ်ရင်း(ခမရ-၃၉၉) တပ်ဖွဲ့ဝင်များ၏ လက်နက်ကြီး ငယ်များကို မဆင်မခြင်ပစ်ခတ်မှုများ‌ကြောင့် ဒွယ်လိုးမြို့နယ်၊ မယ်‌ဝေ(မဲဝိုင်)‌ကျေး ရွာရှိ ‌မောင်အကြိုင်နှင့် ‌နော်မီး၏ သားငယ် ၁၂နှစ်အရွယ် မိုးလင်းအား လက်နက်ကြီးကျည်ဆံထိမှန်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုထားသည်။

တပ်မ‌တော်နှင့် KNLA နှစ်ဖက် ထုတ်ပြန်ချက်များအရ ဖြစ်စဉ်ဖြစ်ပွားရာ‌နေရာမှာ မဲဝိုင်း‌ကျေးရွာနှင့် အချိန်မှာ နံနက် ၁၁ နာရီ‌ကျော်ဟူ၍ တူညီမှုရှိ‌သော်လည်း တပ်မ‌တော်၏ သတင်းထုတ်ပြန်ချက်ပါ က‌လေးငယ်၏ နာမည်မှာ ‌မောင်မိုး‌အောင် ဖြစ်ပြီး KNLA ၏ ကန့်ကွက်စာပါ က‌လေးငယ်၏ နာမည်မှာ မိုးလင်းဟူ၍ ကွဲလွဲ‌နေကာ နှစ်ဖက်စလုံးမှ ‌ဆေးကုသမှု ‌ပေး‌နေသည့် ဓါတ်ပုံများလည်း ကွဲလွဲစွာ ‌ပေါ်ထွက်လာခဲ့သည်။

KNLA အဖွဲ့အ‌နေဖြင့် ယခုကဲ့သို့ အပြစ်မဲ့ပြည်သူများအား လက်နက်ဖြင့်ပစ်ခတ်မှုသည် NCA စာချုပ်ပါ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် စစ်ဘက်ဆိုင်ရာ ကျင့်ဝတ်များ၊ Code of Conduct အခန်း (၃) ပါ ပြဌာန်း ချက်များကို ချိုး‌ဖောက်ခဲ့‌ကြောင်း‌တွေ့ရှိရသဖြင့် ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေးဆိုင်ရာ ပူးတွဲ‌စောင့် ကြည့်‌ရေး‌ကော်မတီ(JMC-S) သို့ ကန့်ကွက်အ‌ကြောင်းကြားသွားမည် ဖြစ်‌ကြောင်းလည်း တပ်မ‌တော်၏ သတင်းထုတ်ပြန် ချက်၌ ‌ဖော်ပြထားသည်။

အလားတူ KNLA ၏ ကန့်ကွက်စာ၌လည်း ယခုလို တပ်မ‌တော်ဘက်မှ ‌ဒေသခံပြည်သူများအ‌ပေါ် ပစ်ခတ် သတ်ဖြတ် မှုများနှင့် ၎င်းတို့၏ အသက်‌မွေးဝမ်း‌ကျောင်းရာ‌နေရာများတွင် လာ‌ရောက်တပ်စွဲထားမှုများအ‌ပေါ် ‌ဒေသခံများကို ‌ကြောက် ရွံ့ထိတ်လန့်‌စေပြီး အပစ်ရပ်စာချုပ် NCA ပါ အခန်း(၃)၊ စစ်ဘက်ဆိုင်ရာကျင့်ဝတ်များ( Code of Conduct) အခန်း(၂)၏ အရပ်သားပြည်သူနှင့်ပတ်သက်၍ ‌စောင့်ထိန်းလိုက်နာရမည့် ကျင့်ဝတ်စည်းကမ်းများပါ အပိုဒ် (၇)၊ ပိုဒ်ခွဲ (ခ)၊(ဂ) နှင့် (ထ)ပါ အချက်များကို ‌ဖောက်ဖျက်ခဲ့သည်ဟု ဆိုသည်။

၎င်းအပြင် KNLA တပ်မဟာ(၅)အဖွဲ့အ‌နေဖြင့် မဲဝိုင်အနီး သတ်မှတ်နယ်‌မြေ‌ကျော်လွန်၍ ပုံမှန် အုပ်ချုပ်မှု လုပ်ငန်းများ ‌ဆောင်ရွက်‌နေသည့် လုံခြုံ‌ရေးတပ်ဖွဲ့ဝင်များအား မကြာခဏ ‌နှောင့်ယှက်ပစ်ခတ်လျက်ရှိရာ ဒီဇင်ဘာလမှ ယခုကာလ အထိ ‌ချောင်း‌မြောင်းပစ်ခတ် တိုက်ခိုက်မှု ၁၅ကြိမ်ပြုလုပ်ခဲ့ပြီး ယခုအခါ အပြစ်မဲ့ ပြည်သူများကိုပါ ‌နှောင့်ယှက်ပစ်ခတ် သည်အထိ ကျူးလွန်လာခဲ့သည်ဟုလည်း တပ်မ‌တော်၏ ထုတ်ပြန်ချက်တွင် ‌ဖော်ပြထားသည်။

သို့‌သော် KNLA ဘက်ကမူ တပ်မ‌တော်ဘက်မှ မယ်‌ဝေ(မဲဝိုင်)‌ကျေးရွာအတွင်း တပ်စွဲထားသည့် တပ်မ‌တော်တပ်စခန်းများ အပါအဝင် ‌ကျေးရွာအနီး တပ်စွဲထားသည့် တပ်စခန်းများကို ရုပ်သိမ်း‌ပေးရန် ပြီးခဲ့သည့် ဒီဇင်ဘာ လ က ထုတ်ပြန်‌တောင်း ဆိုခဲ့ပြီး‌နောက် တပ်မ‌တော်၏ တပ်အင်အား တိုးချဲ့လာမှုနှင့် နယ်‌မြေ‌ကျော်လွန် လှုပ်ရှားမှုများ၊ စုံစမ်း‌ထောက်လှမ်း မှုများပြုလုပ်လာသည်ဟုဆိုကာ မဲဝိုင်‌ဒေသတွင် ပစ်ခတ်မှုများ ပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်‌ကြောင်း KNLA တပ်မဟာ(၅) ဘက်က ‌ပြောသည်။

အလားတူ KNLA တပ်မဟာ(၅) အပြင် တပ်မဟာ(၃) နှင့် တပ်မဟာ(၁) နယ်‌မြေများတွင်လည်း ပြီးခဲ့သည့်လတွင် အပြန်အလှန် ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ၎င်းပစ်ခတ်မှု ဖြစ်စဉ်များ‌ကြောင့် ‌ထောင်နှင့်ချီသည့် ‌ဒေသခံများ ‌ဘေးလွတ်ရာသို့ ထွက်‌ပြေး တိမ်း‌ရှောင်‌နေကြ‌ကြောင်း ‌ဒေသခံ‌ကျေးရွာသားများက ဆိုသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၂ရက်‌နေ့တွင်လည်း တပ်မ‌တော် အ‌ရှေ့‌တောင်တိုင်း စစ်ဌာနချုပ်၏ အမှတ်(၈) စစ်ဆင်‌ရေး ကွပ်ကဲမှု ဌာနချုပ်(စကခ)၏ လက်‌အောက်ခံ ‌ခြေမြန်တပ်ရင်း (ခမရ-၄၀၄) တပ်ဖွဲ့ဝင်များ၏ လက်နက်ကြီး ပစ်ခတ်မှု ‌ကြောင့် KNU တပ်မဟာ(၅) နယ်‌မြေ ဒွယ်လိုးမြို့နယ်၊ မဲချို‌ကျေးရွာအုပ်စုတွင် ‌တောင်ယာ လုပ်ငန်းသွား‌ရောက်လုပ် ကိုင်‌နေသူ အသက်(၃၅) နှစ်အရွယ် ‌စောသာဆဲမှာ လက်နက်ကြီး ထိမှန်‌သေဆုံးခဲ့‌ကြောင်း ဇန်နဝါရီလ ၁၄ ရက် ‌နေ့စွဲဖြင့် ‌ပေးပို့သည့် KNLA တပ်မဟာ(၅)၏ ကန့်ကွက်စာအရ သိရသည်။

လတ်တ‌လော ဖြစ်ပွား‌နေသည့် ‌အောက်‌ခြေ ပစ်ခတ်မှု ပြဿနာများကို ညှိနှိုင်း‌ဖြေရှင်းရန် ကရင်အမျိုးသား အစည်းအရုံး-KNU ဗဟိုမှ သက်ဆိုင်ရာ တပ်မ‌တော် ညှိနှိုင်း‌ရေးကိုယ်စားလှယ်အဖွဲ့သို့ ‌တွေ့ဆုံညှိနှိုင်း ‌ဖြေရှင်း‌ရေးအတွက် ပြီးခဲ့သည့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင် စာနှစ်ကြိမ်‌ပေးပို့အ‌ကြောင်းကြားခဲ့‌သော်လည်း ယ‌နေ့အချိန် တစ်စုံတရာ အ‌ကြောင်းပြန်လာခြင်းမရှိ‌သေး‌ကြောင်း KNU အ‌ထွေ‌ထွေအတွင်း‌ရေးမှူးချုပ် ပဒို‌စောတာဒိုမူးက ဇန်နဝါရီလ ၁၃ရက်‌နေ့က ‌ကေအိုင်စီသို့ ‌ပြောဆိုထားသည်။