Home သတင်း အဂင်္လန် ကားဝင်းပုံစံလုပ်ချင်‌သော်လည်း လက်ရှိပြီးစီးသည့်အ‌နေအထားကို ‌ကျေနပ်‌ကြောင်း ပြည်နယ်ဝန်ကြီးချုပ်‌ပြော

အဂင်္လန် ကားဝင်းပုံစံလုပ်ချင်‌သော်လည်း လက်ရှိပြီးစီးသည့်အ‌နေအထားကို ‌ကျေနပ်‌ကြောင်း ပြည်နယ်ဝန်ကြီးချုပ်‌ပြော

2658

ဒီဇင်ဘာ ၅ ရက်၊ ၂၀၂ဝ ပြည့်နှစ်။ ‌နေ‌နော်

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့အတွက် မရှိမဖြစ်လိုအပ်‌နေသည့် အ‌ဝေး‌ပြေး ယာဉ်ရပ်နားစခန်းကို အဂင်္လန်တွင်ရှိသည့် အဆင့်မြင့်ကားဝင်းပုံစံလုပ်ချင်‌သော်လည်း လက်ရှိ ပြီးစီးသည့်အ‌နေအထားကို အားရ‌ကျေနပ်‌ကြောင်း ကရင်ပြည်နယ်ဝန်ကြီးချုပ်က ‌ပြောကြားခဲ့ သည်။

ယ‌နေ့ (ဒီဇင်ဘာ ၅ ရက်) နံနက်ပိုင်းက မဲကနယ်‌ကျေးရွာအုပ်စု ‌အေးသုခရွာရှိ စိမ်းလဲ့မြိုင်အ ‌ဝေး‌ပြေးယာဉ်ရပ်နားစခန်းဖွင့်ပွဲကျင်းပပြုလုပ်ခဲ့ရာ ထိုအခမ်းအနားသို့ ကရင်ပြည်နယ် ဝန်ကြီး ချုပ် နန်းခင်‌ထွေးမြင့် မှ တက်‌ရောက်၍ အဖွင့်အမှာစကား‌ပြောကြားရာတွင် ထိုသို့ ထည့်သွင်း‌ပြောကြားခဲ့ခြင်းဖြစ်သည်။

“မြဝတီမြို့မှာ အ‌ဝေး‌ပြေးကားဝင်း ပြုလုပ်မယ်ဆို‌တော့ ပြည်‌ထောင်စုအစိုးရထံ ကျမတင်ပြခဲ့ပါ တယ်။ ပြည်‌ထောင်စုအစိုးက မြဝတီမြို့ဆိုတာ နယ်စပ်မြို့ဖြစ်တဲ့အတွက် လုပ်မယ်ဆိုရင် စကင်္ာပူမှာ ရှိတဲ့ကားဂိတ်ပုံစံ ခမ်းခမ်းနားနားတင့်တင့်တယ်တယ်လို ပုံစံမျိုးလုပ်ပါလားတဲ့။ ကျမ ပြန်‌ပြောလိုက်တယ် စကင်္ာပူမ‌ပြောဘူးလို့ အဂင်္လန်မှာရှိတဲ့ ကားဝင်းပုံစံ‌တောင် လုပ်ချင် ‌သေးတာလို့။ မတတ်နိုင်လို့သာ ဒီဟာနဲ့ကျမလုပ်ရတာလို့။ အခု‌တော့ ပြီးသွားပြီး‌ပေါ့‌နော်။ ဒီ‌လောက်အတိုင်းအတာလည်း ‌ကျေနပ်တယ်”ဟု ပြည်နယ်ဝန်ကြီးချုပ် နန်းခင်‌ထွေးမြင့် က ‌ပြောသည်။

ယခုလို ကားဝင်းကြီး ပြီးသွားပြီးဖြစ်၍ ယာဉ်လိုင်းများအ‌နေဖြင့် ပူး‌ပေါင်း‌ပေးကြရန်နှင့် ယ‌နေ့ ဖွင့်ပွဲတွင် ပူး‌ပေါင်းပါဝင်ကြ‌သော ‌မော်‌တော်ယာဉ်လိုင်း ၂၄ လိုင်းအား မြဝတီမြို့ ရပ်ကွက် ၆/၇ ‌ဖော်‌ဆောင်ရာ‌နေရာတွင် ‌မြေကွက် (၁)ကွက်စီ ‌ပေးအပ်သွားမည်ဟု ဝန်ကြီးချုပ်က ဆက်‌ပြောသည်။

မြဝတီခရိုင်အတွင်းအ‌ခြေစိုက်ပြီး ‌ဒေသအသီးသီးသို့ ခရီးသည်ပို့‌ဆောင်‌ရေး လုပ်ငန်းများ ‌ဆောင်ရွက်‌နေသည့် ‌မော်‌တော်ယာဉ်အသင်း စာရင်းအရ စုစု‌ပေါင်း (၆၈) သင်းရှိပြီးလက်ရှိ တွင် စိမ်းလဲ့မြိုင်အ‌ဝေး‌ပြေးယာဉ်ရပ်နားစခန်းတွင် အခန်းဝယ်ယူကာဝင်‌ရောက်ထားသည့် ယာဉ်လိုင်း ၂၄ သင်းသာရှိ‌သေး‌ကြောင်း၊ ကြိုတင်စာရင်း‌ပေးထား‌သော ယာဉ်လိုင်း ၁၄ သင်း နှင့် စားရင်မ‌ပေးဘဲ ဝင်‌ရောက်ရန် ကျန်ရှိသည့် ယာဉ်လိုင်း ၃ဝ သင်းထိ ကျန်ရှိ‌နေ‌သေး ‌ကြောင်း နှင့် ယခုလို ကျန်ရှိ‌နေ‌သော ယာဉ်လိုင်း‌တွေအ‌နေဖြင့် လာမည့် ၂၀၂၁ ဇန်နဝါရီ ၁ ရက်‌နေ့တွင် အပြီးသတ်စာရင်း‌ပေး ဝင်‌ရောက်ကြရန် ပြည်နယ်ဝန်ကြီးချုပ်က အစည်းအ‌ဝေး တွင် ဆုံးဖြတ်ထားပြီးဖြစ်၍ ဖြစ်လာရန် ‌ဒေသတာဝန်ရှိသူများသာ စီမံ‌ဆောင်ရွက်သွား မည်ဖြစ်‌ကြောင်း စိမ်းလဲ့မြိုင်အ‌ဝေး‌ပြေးယာဉ်ရပ်နားစခန်း တည်‌ဆောက်‌ရေး Stepping Stone ကုမ္ပဏီမှ CEO ဦးမျိုးဝင်းသန်းက ‌ပြောသည်။

“ဒီအချိန်က ကိုဗစ်ကာလ ဖြစ်လို့ ယာဉ်လိုင်း‌တွေအ‌နေနဲ့ ‌ငွေ‌ကြေးအခက်ခဲရှိ‌နေသလို ဂိတ်အ ခန်းခကလည်း တစ်ခန်းကို သိန်း ၈၅ဝ ဆို‌တော့ အခြားနယ်‌တွေထက်စာရင် ‌ဈေးမြှင့်တယ်လို့ ခံစားရပါတယ်။ ‌ဆွေး‌နွေးပွဲတစ်ခုမှာ‌တော့ ယာဉ်လိုင်းအသင်း‌တွေဘက်က ဂိတ်အခန်းခကို သိန်း ၆၅ဝ ဝန်းကျင်ထား‌ပေးပြီး ပထမ သွင်းရမယ့် ၃ဝ ရာခိုင်နှုန်းကိုလည်း ၃ ရစ်ခွဲပြီး သွင်း ချင်တဲ့အ‌ကြောင်း ‌တောင်းဆိုထားတယ်” ဟု မြဝတီအ‌ခြေစိုက် ‌အောင်တံခွန်ယာဉ်လိုင်း ဥက္ကဋ္ဌ ဦးကိုကို‌အောင် က ‌ပြောသည်။

အဆိုပါ စိမ်းလဲ့မြိုင်ယာဉ်ရပ်နားစခန်းကြီးကို မြဝတီမြို့ မဲကနယ်အုပ်စု ‌အေးသုခရွာရှိ
‌မြေ ဧက‌ပေါင်း ၈.၁ ဧက ‌ပေါ်တွင် ၂၀၁၈ ခုနှစ် စက်တင်ဘာလက စတင်၍ Stepping Stone ကုမ္ပဏီနှင့် MIEG ကုမ္ပဏီတို့မှ ပူး‌ပေါင်း တည်‌ဆောက်ခဲ့တာဖြစ်ပြီး ယ‌နေ့ ၂၀၂ဝခုနှစ် ဒီဇင် ဘာ ၅ ရက်‌နေ့တွင် တည်‌ဆောက်ပြီးစီး၍ ဖွင့်ပွဲအခမ်းအနား ကျင်းပကြခြင်း ဖြစ်သည်။
ကားဂိတ်အခန်းတစ်ခန်း၏အကျယ်မှာ အကျယ် ၁၅ ‌ပေ၊ အရှည် ၃၅ ‌ပေ ၂ ထပ်ဖြစ်ပြီး ဂိတ်အခန်း‌ပေါင်း ၁၁ဝ ထိရှိကာ တစ်ခန်းလျှင် ကျပ်သိန်း ၈၅ဝ နှင့် ‌ရောင်းချသွားမှာဖြစ်သလို ၃ဝ ရာခိုင်နှုန်းကနဦးသွင်းကာ ကျန်‌ငွေကို ၅ နှစ်မှ ၁ဝ နှစ်အထိ အရစ်ကျစနစ်ဖြင့်သွင်း၍ လည်းဝယ်ယူနှိုင်‌ကြောင်း သိရသည်။